အချိန်​ကာလ​အား​ဖြင့် ၁​၉​၇​၀ ခု​နှစ်။ ဂစ်​တာ​သမား Joe Perry နဲ့ ဘေ့(စ်)ဂစ်​တာ​သမား Tom Hamilton တို့​နှစ်​ယောက်​ဟာ “Jam Band” လို့​အမည်ပေး​ထား​တဲ့ တီးဝ်ိုင်း​တစ်​ခု​ကို စတင်​ဖွဲ့​စည်း​ခဲ့​ကြ​ပါ​တယ်။ ၁​၉​၇​၀ နှစ်​မ​ကုန်​ခင်​မှာ​ပဲ Vocalist ဖြစ်​တဲ့ Steven Tyler, Drummer Joey Kramer နဲ့ Guitarist Ray Tabano တို့​ဟာ အဆို​ပါ​တီး​ဝိုင်း​ထဲ​ကို ရောက်​ရှိ​လာ​ခဲ့​ကြ​ပြီး​တော့ Aerosmith တီး​ဝိုင်း​အဖြစ် ပြောင်းလဲ​လိုက်​ကြ​ပါ​တယ်။ Boston, Massachusetts United States က ပေါ်ပေါက်​လာ​ခဲ့​တဲ့ Aerosmith တီး​ဝိုင်း​ဟာ ဂီ​တသ​မား၊ အနု​ပညာ​သမား၊ စာ​နယ်​ဇင်း​သမား​တွေ အလွန်​ပေါများ​သော Hollywood နှင့် နီးစပ်​ရာ​သို့ ချီ​တက်​လာ​ခဲ့​ကြ​ပါ​တယ်။ အဲ​ဒီ​အချိန်​မှာ သူ​တို့​ဟာ အသက် ၂​၅ နှစ်​အရွယ်​ပဲ ရှိ​သေး​တော့ မူး​ယစ်​ဆေးဝါး​ရဲ့ ကျေးကျွန်​တွေ ဖြစ်​နေ​ခဲ့​ပြီး ၁​၉​၇​၀ ခု​နှစ် ROCK ပုံစံ​နဲ့ ဂီ​တ​လောက​ထဲ​ကို ထိုး​ဖောက်​ခဲ့​တာ​လည်း အောင်မြင်​မှု​နည်းပါး​ခဲ့​ပါ​တယ်။ အဲ​ဒီ​အချိန်​တုန်း​က Aerosmith အဖွဲ့​ဟာ အောင်မြင်​မှု​လမ်းကြောင်း​ကို ရုန်း​ကန်​လှုပ်ရှား​မှု​အပြည့်​နဲ့ ခရီး​ဆက်​နေ​ခဲ့​ရ​ပါ​တယ်။ ဒါ​ပေ​မယ့်​လည်း “ပတ္တမြား​မှန်​လျှင် နွံ့​မ​နစ်” ဆို​တဲ့​စကား​အတိုင်း Aerosmith တီး​ဝိုင်း​ဟာ ၁​၉​၈​၀ ခု​နှစ်​လောက်​မှာ Rock ဂီ​တ​ကို တစ်​ကျော့​ပြန်လည် ကိုင်​လှုပ်​နိုင်​မယ့် Rock လိုင်း​တစ်​ခု​ကို ရှာဖွေ​တွေ့​ရှိ​ခဲ့​ကြ​ပါ​တယ်။ Aerosmith တီး​ဝိုင်း​ဟာ တခြား Rock တီး​ဝိုင်း​တွေ​နဲ့ တစ်​မူ​ကွဲပြား​တဲ့ Rock Style တစ်​ခု​ကို ပိုင်ဆိုင်​ထား​တယ်​ဆို​တာ​ကတော့ အသေ​အချာ​ပါ​ပဲ။ သူ​တို့​ရဲ့ မ​တူညီ​အောင်​လုပ်​ထား​တဲ့ Rock Style ကတော့ Recording စက်​ပိုင်း​ဆိုင်​ရာ​မှာ ကွဲပြား​ခြား​နား​တဲ့ အသံ​မျိုး​တွေ​နဲ့ သွင်း​ယူခဲ့​ခြင်း၊ သူ​တို့​ရဲ့ Classic ဆန်​တဲ့ Rock သီချင်း​တွေ​ကြောင့် ဖြစ်​ပါ​တယ်။

Aerosmith တီး​ဝိုင်း​ရဲ့ ဆွဲ​အား​အပြည့်​ဆုံး​နဲ့ MTV မှာ အကောင်း​ဆုံး​ကတော့ ၁​၉​၇​၃ ခု​နှစ်​က FM ဓာတ်​ပြား​တိုက်​ထုတ် “Dream On” သီချင်း​ဖြစ်​ပါ​တယ်။ များ​သော​အား​ဖြင့် Aerosmith အဖွဲ့​သား​တွေ​ဟာ သူ​တို့​တီး​ဝိုင်း​အတွက် သီချင်း​ရေး​တဲ့​အခါ​မှာ ပြင်​ပ​မှ သီချင်း​ရေး​ဆရာ​ကို အသုံးပြု​ခြင်း နည်း​ပါ​ခဲ့​တယ်။ အဲ​ဒီ​လို​မျိုး သီချင်း​ရေး​ကြ​တဲ့​ကိစ္စ​နဲ့ ပတ်သက်​ပြီး ဘေ့(စ်)ဂစ်​တာ​သမား Tom Hamilton ကတောင် အခု​လို ပြော​ပြ​ခဲ့​ဖူး​ပါ​တယ်။

TOM HAMILTON – “ဒီ​အဖွဲ့(Aerosmith) ထဲ​မှာ သီချင်း​ရေး​တာ​က ဘော​လုံး​အသင်း​လို​ပဲ၊ သီချင်း​က ဟို​လူ​ဆီ​ရောက်​လိုက်၊ ဒီ​လူ​ဆီ​ရောက်​လိုက်​ဖြစ်​နေ​တာ။ ဒီ​ဘော​လုံး​ကို ဘယ်​သူ​က ချော်​သွား​လို့၊ ဘယ်​သူ​က ဂိုး​ထဲ​ထည့်​လိုက်​လို့ ပေါက်သွား​တယ်။ မ​ပေါက်သွား​ဘူး​ဆို​ပြီး မ​ထား​ဘူး။ အဲ​ဒါ​တွေ​အားလုံး​ကို အတွေ့​အကြုံ​လို့​ပဲ သဘောထား​ပါ​တယ်”

Aerosmith တီး​ဝိုင်း​ရဲ့ ၁​၂ ခွေ​မြောက် Studio Album ဖြစ်​တဲ့ Nine Lives (1997) ဟာ ပြဿနာ​ပေါင်း​စုံ​ခဲ့​ပါ​တယ်။ အဲ​ဒီ​အခွေ​လုပ်​နေ​တဲ့​အချိန်​မှာ ROCK နယ်ပယ်​ထဲ​က အနု​ပညာ​ရှင်​တွေ​ကို အမြဲ​တမ်း စောင့်​ကြည့် အကဲခတ်​နေ​တဲ့ လူ​တွေ​ဟာ Aerosmith အဖွဲ့​သား​တွေ​ကို မူး​ယစ်​ဆေးဝါး အလွန်​အကျွံ သုံးစွဲ​တယ်​ဆို​ပြီး​တော့ စွပ်စွဲ​ပါ​တယ်။ အဲ​ဒီ​အချိန်​မှာ Aerosmith တီး​ဝိုင်း​ရဲ့ Producer က အနား​ယူသွား​ပြီ​ဖြစ်​တဲ့​အတွက် Alanis Morissette ရဲ့ Producer ဖြစ်​တဲ့ Glen Balland နဲ့ ၇ လ​လောက် အသံ​သွင်းခဲ့​ရ​ပါ​တယ်။ နောက်​ပိုင်း​ကာလ​တွေ​မှာ​တော့ Aerosmith အဖွဲ့​ဟာ Producer အသစ်​ကို ရ​ရှိ​ခဲ့​ပါ​တယ်။ (Silverchair, Journey တို့​ရဲ့ Producer ဖြစ်​တဲ့ Kevin Shirley ဖြစ်​ပါ​တယ်) အဲ​ဒီ​လို​မျိုး အခြေအနေ​တွေ ရှုပ်​ထွေး​နေ​တဲ့​အချိန်​မှာ Aerosmith အဖွဲ့​သား​တွေ​ရဲ့ အရင်း​နှီး​ဆုံး သူငယ်ချင်း​ဖြစ်​သ​လို၊ မန်နေဂျာ​လည်း ဖြစ်​တဲ့ Tim Collin ဟာ Aerosmith အဖွဲ့ ရင်ဆိုင်​နေ​ရ​တဲ့ မူး​ယစ်​ဆေးဝါး​အလွန်​အကျွံ သုံးစွဲ​ခြင်း စွပ်စွဲ​ခံ​ရ​တဲ့ ကိစ္စ​ကို တာဝန်​ယူ​ဖြေ​ရှင်း​ပေး​ခဲ့​ပါ​တယ်။ Tim Collin ရဲ့ အကူအညီ​တွေ​နဲ့​ပဲ Nine Lives Album အသံ​သွင်း​တဲ့​ကိစ္စ​တွေ​ကို မြန်​မြန်ဆန်​ဆန် ဆောင်ရွက်​နိုင်​ခဲ့​ပါ​တယ်။ (ထုတ်​လုပ်​သူ​တွေ​ကတော့ Kevin Shirley နဲ့ Aerosmith အဖွဲ့​သား​တွေ​ပဲ ဖြစ်​ပါ​တယ်)

အဲ​ဒီ​နောက်​ပိုင်း​ကာလ​တွေ​မှာ​တော့ တီး​ဝိုင်း​ရဲ့ အရေး​ပါ​ဆုံး​လူ​နှစ်​ယောက်​ဖြစ်​တဲ့ Joe Perry နဲ့ Steven Tyler တို့​နှစ်​ယောက်​ဟာ ပရိသတ်​တွေ​ကို အခု​လို​မျိုး စကား​တွေ​ပြော​ပြီး​တော့ ကတိ​ပေး​ခဲ့​ပါ​တယ်။

JOE PERRY – “Aerosmith ရဲ့ Album တွေ​ထဲ​မှာ ပရိသတ်​အတွက် အဆိပ်အတောက်​ဖြစ်​စေ​မယ့် သီချင်း လုံး​ဝ မ​ပါ​စေ​ရ​ဘူး”

STEVEN TYLER – “Aerosmith အဖွဲ့​ဟာ ဂီ​တ​ကိစ္စ​နဲ့ ပတ်သက်​လာ​ရင် ရဲ​ရဲဝံ့​ဝံ့ ရှေ့​တန်း​မှာ ရှိ​နေ​တယ်”

ဒါ့​အပြင် Aerosmith အဖွဲ့​ဟာ New generation အဖွဲ့​အသစ်​တွေ​ကို အကောင်း​မြင်​ပေး​ကြ​ပြီး​တော့ တတ်နိုင်​သ​လောက်​လည်း အကူအညီ ပေး​တတ်​ပါ​တယ်။ (ဂီ​တ​လုပ်​မယ့် လူ​ငယ်​တီးဝ်ိုင်း​အများ​စု​က ဘယ်​လို ROCK အမျိူး​အစား​နဲ့ သူ​တို့ လိုက်​ဖက်​လဲဆို​ပြီး​တော့ အကူအညီ​တောင်း​ရင် Steven Tyler က အများ​ဆုံး ကူညီ​ပေး​ပါ​တယ်။ အဲ​ဒါ​တွေ​ကြောင့်​လည်း ဂီ​တ​လောက​သား​အချင်းချင်း Steven Tyler ကို “ROCK ဂီ​တ​ရဲ့ တရားသူကြီး”လို့ ချစ်​စ​နိုးခေါ်​ဆို​ကြ​ပါ​တယ်) အမှန်​တကယ်​တော့ Aerosmith အဖွဲ့​ရဲ့ ပရိသတ်​တစ်​ယောက် ဖြစ်​ရ​တာ ဂုဏ်​ယူ​စရာ​ကောင်း​ပါ​တယ်။ ဘာ​ဖြစ်​လို့​လဲဆို​တော့ Alternative ဂီ​တ (အမေ​ရိ​ကန် အခေါ်​အဝေါ်​အရ) Grunge ဂီ​တ​ရဲ့ ဘုရင်​တစ်​ဆူ​ဖြစ်​တဲ့ Kurt Cobain ဟာ Aerosmith အဖွဲ့​ရဲ့ ပရိသတ်​တစ်​ယောက် ဖြစ်​နေ​လို့​ပါ။ (Kurt Cobain ဟာ သူ့​ရဲ့ ဘဝ​မှာ Aerosmith က လွဲ​လို့ ဘယ်​အနု​ပညာ​ရှင်​ကို​မှ ကြိုက်​နှစ်သက်​ခြင်း မ​ရှိ​ပါ​ဘူး” လို့ သူ့​ရဲ့ မ​ဟေ​သီ​ဖြစ်​တဲ့ Courtney Love က မီ​ဒီ​ယာ​တွေ​ကို ပြော​ခဲ့​ဖူး​ပါ​တယ်။ အဲ​ဒီ​အချိန်​တုန်း​က Kurt Cobain ဟာ သက်​ရှိ​ထင်ရှား​ရှိ​နေ​ဆဲ ဖြစ်​ပါ​တယ်)

Aerosmith တီး​ဝိုင်း​ရဲ့ အစော​ပိုင်း​ကာလ​တွေ​မှာ Rolling Stones အဖွဲ့​ရဲ့ ဩဇာညောင်း​ခြင်း ခံ​ခဲ့​ရ​ပေ​မယ့် ဂီ​တ​လောက​ထဲ​မှာ တ​ဖြည်း⁠ဖြည်း​နဲ့ သမ္ဘာ​ရင့်​လာ​တဲ့​အချိန်​မှာ​တော့ Aerosmith အဖွဲ့​ဟာ ဘယ်​သူ့​ဩဇာ​မှ မ​ခံ​တော့​ပါ​ဘူး။ သူ​တို့​ကိုယ်တိုင်​ဖောက်​ခဲ့​တဲ့​လမ်း​ကို သူ​တို့​ရဲ့ ကိုယ်​ပိုင်​ဆုံးဖြတ်ချက်​တွေ​နဲ့​ပဲ အဆုံး​ထိ လျှောက်​ခဲ့​တဲ့​အတွက် Aerosmith တီး​ဝိုင်း​ဟာ ဒီ​နေ့၊ ဒီ​အချိန်​ထိ ပရိသတ်​အင်အား​အခိုင်​အမာ​နဲ့ ရပ်​တည်​နေ​နိုင်​တာ ဖြစ်​ပါ​တယ်။ Steven Tyler ရဲ့ ထူးခြား​ပြီး ကျယ်​လောင်​သော အသံ၊ တစ်​ဖွဲ့​လုံး ပူးပေါင်း​ဖန်တီး​ထား​တဲ့ တစ်​မူ​ကွဲပြား​သော ဂီ​တ​ပုံစံ​များ၊ ကွဲပြား​ခြား​နား​တဲ့ အဝတ်​အစား ဒီ​ဇိုင်း၊ စ​တိုင် နဲ့ ဆို​ဟန်၊ တီး​ဟန် အစ​ရှိ​တဲ့ အဓိက အချက်အလက်​တွေ​ကြောင့် ဒီ​နေ့၊ ဒီ​အချိန်​ထိ Aerosmith တီး​ဝိုင်း​ဟာ ROCK ဂီ​တ​ရေစီး​ကြောင်း​မှာ ထိပ်​ဆုံး​က​နေ စီး​မျော​နေ​ဆဲ ဖြစ်​ပါ​တယ်။

*** Aerosmith တီး​ဝိုင်း​ရဲ့ လက်​ရှိ​အဖွဲ့​ဝင်​များ ***

STEVEN TYLER (vocalist)
JOE PERRY (lead guitarist)
TOM HAMILTON (bassist)
JOEY KRAMER (drummer)
BRAD WHITFORD (second guitarist)

*** Aerosmith တီးဝိုင်းရဲ့ အဖွဲ့​ဝင်​ဟောင်း​များ ***

RAY TABANO (rhythm)
JIMMY CRESPO (lead)
RICK DUFAY (second)

——–The End——–

Credit to Welcome to Rock ‘n’ Roll FB