အသက် (၆​၆) နှစ်​အရွယ်​ရှိ ရော့ခ်​အင်​ရိုး​ဘိုးအေ​ကြီး Alice Cooper ဟာ သူ့​ဝိုင်း​အတွက် အသက် (၂​၇)နှစ်​အရွယ် အမျိုးသမီး​ဂစ်​တာ​သမား​အသစ်စက်စက်​တ​ယောက်​ကို ခေါ်​ယူ​လိုက်​ပါ​တယ်။ သူ့​နာမည်​က နီ​တာ လို့⁠လို့​အမည္ရ​တယ်။ အဲ…ခင်​များ​တို့​နဲ့​သူ​က မ​စိမ်း​ပါ​ဘူး။ ယူ​ကျူ့​မှာ သူ့​ရဲ့​ဗီ​ဒီ​ယို​တွေ​ခင်​များ​ကြည့်​ဖူး​ပြီး​သား​ဖြစ်​နေ​လို့​ပါ​ပဲ။

အသက် (၁​၃) နှစ်​သမီး​အရွယ်​ကတည်းက Steve Vai ကို​အရမ်း​အားကျ​ပြီး မက်​တယ်​သီချင်း​တွေ​စိုက်လိုက်မတ်တတ်​တီး​ခတ်​ခဲ့​တဲ့ နီ​တာ​ဟာ Iron Maiden tribute band မှာ​တီး​ခတ်​ခဲ့​တယ်။ ၂​၀​၁​၁ ခု​နှစ်​မှာ​တော့ Guitar World magazine ကြီး​ရဲ့ စောင့်​ကြည့်​ရ​မယ့် အမျိုးသမီး​ဂစ်​တာ​သမား (၁​၀)စာရင်း​မှာ သူမ​ဟာ နံပတ် (၁) နေရာ​ချိတ်​ခဲ့​တယ်။ မိုက်​ကယ်​ဂျက်​ဆင်​မ​သေ​ခင်​က သူ့​ကို မိုက်​ကယ်​ရဲ့​ပွဲ​တွေ​မှာ​တီး​ခတ်​ဖို့​ရွေးချယ်​ခဲ့​တယ်။

Motley Crue တို့​နဲ့​အတူ နိုင်ငံ​တကာ​လှည့်​ပြီး ဖျော်ဖြေ​နေ​တဲ့ ဆရာ​ကြီး Alice Cooper ဟာ ဂစ်​တာ​သမား Orianthi (ဩ​ဇီ​နိုင်ငံ​က အမျိုးသမီး​ဂစ်​တာ​သမား)ကို အစားထိုး​ဖို့ ဂစ်​တာ​သမား​ရှာဖွေ​နေ​ချိန်​မှာ နီ​တာ​ရဲ့ ဗီ​ဒီ​ယို​တွေ​ကို​ကြည့်​ပြီး လူ​တွေ့⁠တွေ့​ဖို့​ဖြစ်လာ​ခဲ့​တယ်။

ဂစ်​တာ​သမား (၃) ယောက်​တောင်​ရှိ​တဲ့ အဲ​လစ်​ကူး​ပါး​တို့​ဝိုင်း​မှာ ဖိ​အားပေး​မှု​တွေ​ရှိ​လား​လို့​မေး​တော့

“Iron Maiden လို​မျိုး​မက်​တယ်​တီး​ဝိုင်း​မှာ ဂစ်​တာ​သမား​အများ​ကြီး​နဲ့ တီး​ခတ်​ခဲ့​ဖူး​တော့ သိပ်​တော့​လဲ​ပြသ​နာမ​ရှိ​လှ​ဘူး​ရယ်။ သို့​ပေ​မယ့် တကယ်​နာမည်ကြီး​သီချင်း​တွေ​ကို​တော့ အပီ​အပြင်​တီး​ရ​မှာ​ပဲ​လေ“ လို့​ဖြေ​ပါ​တယ်။

ရုပ်​ရည်​လှပ​မှု​နဲ့​လိင်​ဆွဲ​ဆောင်​မှု​မှာ​အရမ်း​နာမည်ကြီး​တဲ့​သူမ​ကို Ibanez ဂစ်​တာ​တံဆိပ်​က စ​ပွန်​ဆာ​လုပ်​ပံ့ပိုး​ပေး​နေ​တာ နှစ်​အတော်​ကြာ​လှ​ပြီ​ဖြစ်​ပြီး ရော့ခ်​အင်​ရိုး​လောက​ရဲ့​ဩဇာကြီး​မား​လှ​တဲ့ Alice Cooper သီချင်း​တွေ​ကို ဘယ်​လို​တီး​ခတ်​ဖြေဖျော်​မ​လဲဆို​တာ စောင့်​ကြည့်​ကြ​ဖို့​ပါ​ပဲ။ ဆရာ​ကြီး​ရွေးချယ်​ခဲ့​တဲ့ ဂစ်​တာ​သမား​ဟာ ခေ​သူမ​ဟုတ်​မယ်​မှန်း​တော့ အားလုံး​က​သိ​ပြီး​သား​ပါ။

Credit to Scorpion Soul