Posts in category စီးပွား​ရေး


ChineseIPhoneGirl
InternationalLife Styleစီးပွား​ရေး

အမေ​ရိ​ကန်​ရဲ့iPhoneကို.Chinaမှာ​ထုတ်​လုပ်​နေ​တာ.ဘာ​ကြောင့်​လဲ

အချိန်​က(၂​၀⁠၀​၇)ခု​နှစ်။.ပထမ​ဆုံးပေါ်​တဲ့iPhone.ကမ္ဘာ​ကို​ဖြန့်​ဖို့(၂)လ​လောက်​ပဲ​လို​တော့​တဲ့​တ​နေ့​မှာ.စိတ်ဆိုး​နေ​ပုံ​ရ​တဲ့​စ​တစ်ဗ်​က.သူ့​လက်ထောက်​တွေ​အားလုံး​ကို.သူ့​ရုံး​ခန်း​ထဲ​လာ​ဖို့ခေါ်​လိုက်​ပါ​တယ်။

Read more 0 Comments
slide1
စီးပွား​ရေး

အနာဂတ် အိမ်​ခြံ​မြေ​နှင့်​ကား ဈေး​ကွက်​

မြန်မာ​နိုင်ငံ​၏​အနာဂတ် အိမ်​ခြံ​မြေ​ရောင်းချ​မှု​ဈေး​ကွက်​နှင့် မော်တော်​ယာဉ်​ရောင်းချ​မှု​ဈေး​ကွက်​တွင် လက်ငင်း​ငွေ​ချေ​စနစ်(Down payments) ရောင်းချ​မှု​ထက် အရစ်​ကျ​ငွေ​ချေ​စနစ်(Hire Purchased) ဖြင့်​ရောင်းချ​မှု​က ပို​၍​တိုးတက်​လာ​မည်​ဖြစ်​ကာ အရစ်​ကျ​ရောင်းချ​မှု​စနစ်​မှာ မြန်မာ​နိုင်ငံ​အနာဂတ် လူ့​အဖွဲ့​အစည်း​ကို ဖွံ့ဖြိုး​စေ​နိုင်​သည့်​အတွက် အရစ်​ကျ​ရောင်းချ​မှု​စနစ်​သည် အနာဂတ်​မြန်မာ​နိုင်ငံ စီးပွား​ရေး​ဈေး​ကွက်​တွင် အဓိက​ကျ​လာ​နိုင်​ကြောင်း ပြည်​တွင်း​စီးပွား​ရေး​ဈေး​ကွက်​လေ့​လာ​သုံးသပ်​သူ အသိုင်းအဝိုင်း​မှ စုံစမ်း​သိရှိ​ရ​သည်။ လက်​ရှိ​မြန်မာ​နိုင်ငံ​စီးပွား​ရေး​ဈေး​ကွက်​တွင် အိမ်​ခြံ​မြေ​နှင့် မော်တော်​ယာဉ်​ရောင်းချ​မှု​ဈေး​ကွက်​တွင် ရောင်းချ​ပေး​သော လုပ်​ငန်း​ရှင်​အများ​စု​မှာ လက်ငင်း​ငွေ​ချေ​စနစ်​ဖြင့်​ရောင်းချ​ပေး​နေ​သည့်​အတွက် အချို့ သော​ဝယ်​ယူ​သူ customer များ​တွင် အခက်​အခဲ​များ​ရှိ​နေ​သည့်​အတွက် ထင်​သ​လောက် အရောင်း​မ​သွက်သော်​လည်း အရစ်​ကျ​ငွေ​ပေး​ချေ​မှု စနစ်​ဖြင့်​ရောင်းချ​ပေး​သော လုပ်​ငန်း​များ​တွင် ပို​၍​အရောင်း​ဝယ်​ဖြစ်​နေ​ကြောင်း​စုံစမ်း​သိရှိ​ရ​သည်။ “အရစ်​ကျ​စနစ်​က customer တွေ​အတွက်​ပို​ပြီး တွက်​ခြေ​ကိုက်​တယ်။ အရင်​တုန်း​က ကျွန်တော်​တို့​ကား​အရောင်း​ပြ​ခန်း​မှာ ကား(၁​ဝ)စီး​လာ​ဝယ်​ရင် (၂)စီး​လောက်​ပဲ H.P ပါ​တာ။ အခု(၁​၀)စီး​ဝယ်​ရင် (၅)စီး​က …

Read more 0 Comments
ar-br
Local Newsစီးပွား​ရေး

ကား​သွင်း​ရာ​တွင် အနိမ့်​ဆုံးမော်​ဒယ် သတ်​မှတ်ချက် တိုး​မြှင့်

ကား​သစ်(Brand New) များ တင်​သွင်း​ရာ​တွင် ဇန်နဝါရီ ၁​၇​ရက်​မှ​စ​၍ ဘယ်​မောင်း​သာ သွင်း​ခွင့်​ပေး​တော့​မည်​ဖြစ်​ပြီး အနိမ့်​ဆုံးမော်​ဒယ်​သတ်​မှတ်ချက်​ကို မော်တော်​ယာဉ်​တင်​သွင်း​ခွင့်​ဆိုင်​ရာ ကြီးကြပ်​ရေးကော်​မ​တီ​က ထုတ်​ပြန်​လိုက်​သည်။ ‘‘အခု​ကြေညာ​ချက်​တွေ​ကို ကား​အရောင်း​ပြ​ခန်း​တွေ၊ အရောင်း​စင်​တာ​တွေ​ကို ပေး​ထား​ပြီး​ပြီ။ ဘယ်​မောင်း​ပြောင်း​တာ​နဲ့ မော်​ဒယ်​တစ်​နှစ်​တိုး​ပဲ ရှိ​တယ်။ ကျန်​တာ​တွေ​ကတော့ သိပ်​အများ​ကြီး​ပြောင်း​တာ​မ​ရှိ​ဘူး’’ဟု မော်တော်​ယာဉ်​အရောင်း​ပြ​ခန်း​လုပ်​ငန်း​ရှင်​တစ်​ဦး​က​ပြော​သည်။ အနိမ့်​ဆုံး​တင်​သွင်း​နိုင်​သည့် နှစ်​ကို တစ်​နှစ်​တိုး​မြှင့်​သတ်​မှတ် လိုက်​ခြင်း​ဖြစ်​ပြီး မော်​ဒယ်​အလိုက် သတ်​မှတ်​ခွင့်​ပြု​ချက်​များ​ကို ဒီဇင်ဘာ ၁​၅ ရက်စွဲ​ဖြင့် ထုတ်​ပြန်​လိုက်​ခြင်း​ဖြစ်​သည်။ ‘‘ကား​တွေ​ဈေး​ကွက်​ထဲ​မှာ အများ​ကြီး​ရှိ​နေ​တော့ အများ​ကြီး ထိခိုက်​မှာ​မဟုတ်​ဘူး။ အစိုးရ​က ဒီ​လို​လုပ်​တာ​က​လည်း ဖြစ်​ရိုး​ဖြစ်​စဉ်​တစ်​ခု​ပါ။ ဈေး​မြှင့်​တင်​ပြီး​ရောင်း​တဲ့​ကား​က ရောင်း​ထွက်​မှာ​မဟုတ်​ဘူး။ အခွန်​လျှော့ပေး​မယ်​ဆို​ရင်​တော့ ဈေး​ကွက်​အပြောင်း​အလဲ ရှိ​သွား​နိုင်​တယ်’’ ဟု ကား​ဝယ်​ရောင်း ဦး​သန်း​နိုင်​က ပြော​သည်။ ထို့​ကြောင့် ယာဉ်​အို​ယာဉ်​ဟောင်း …

Read more 0 Comments
street-food-293
စီးပွား​ရေး

ည​ဈေး​ဖွင့်​ရန် ယခု​လ​ကုန် အပြီးသတ်​ဆွေးနွေး​မည်

ရန်ကုန်မြို့​တွင် ညနေ ဈေး​ဖွင့်​လှစ်​ရန် နိုဝင်ဘာ​လ​ကုန်​၌ မြို့တော်​စည်ပင်​သာယာ​ရေးကော်​မ​တီ​နှင့် အပြီးသတ် ဆွေးနွေး​မှု ပြုလုပ်​သွား​မည် ဖြစ်​ကြောင်း မြန်မာ​နိုင်ငံ စား​သောက်​ဆိုင် လုပ်​ငန်း​ရှင်​များ​အသင်း​မှ သတင်းရ​ရှိ​သည်။ ဖွင့်​လှစ်​မည့် ဈေးဆိုင်​အမျိုး အစား ပါဝင်​မှု ရာ​ခိုင်​နှုန်း၊ ဈေး သည်​များ​အတွက် ရေ၊ မီး၊ မိလ္လာ စနစ်​များ​နှင့် မော်တော်​ယာဉ်​ရှုပ် ထွေး​မှု မ​ဖြစ်​အောင် ရွေးချယ်​ထား​ပြီး​ဖြစ်​၍ ယခု ဆွေးနွေး​မှု​ပြီး မြောက်​ပါ​က ည​ဈေး​ကို ဖော် ဆောင်သွား​မည်​ဟု ယင်း​အသင်း အထွေ​ထွေ​အတွင်း​ရေး​မှူး ဦးကျော်​မြတ်​မိုး​က ပြော​သည်။ ‘‘လုပ်​ပြီး​ရင် ပြန်​မ​ဖျက်​ချင် လို့ တစ်ခါတည်း​သေချာ​အောင် လုပ်​နေ​လို့ ကြန့်ကြာ​နေ​တာ​ပါ။ နောက်​ပြီး ယဉ်ကျေး​မှု​နယ်​မြေ တွေ​ထဲ​မှာ​လည်း မ​ပါ​ချင်​ဘူး။ ရန်ကုန်​မြို့တော် မဟာ​စီမံ​ကိန်း …

Read more 0 Comments
colgate
စီးပွား​ရေး

ကိုးလ်​ဂိတ်​က လေ​ဆာ​သွား​တိုက်​ဆေး ကို ဝယ်​ယူ

မြန်မာ​နိုင်ငံ​တွင် အကြီး စား​သွား​တိုက်​ဆေး ထုတ်​လုပ်​ရေး လုပ်​ငန်း​တစ်​ခု​ဖြစ်လာ​ရန် အမေ​ရိ ကန် လူ​သုံး​ကုန်​ကုမ္ပဏီ​တစ်​ခု​ဖြစ် သော ကိုးလ်​ဂိတ်​နှင့် ပါလ်​မို​လစ် ကုမ္ပဏီ​က မြန်မာ​နိုင်ငံ​ရှိ သွား​တိုက် ဆေး​ကုမ္ပဏီ​တစ်​ခု​ကို ဝယ်​ယူ​လိုက် ကြောင်း အဆို​ပါ​ကုမ္ပဏီ​နှင့် နီးစပ် သူ​များ​က ပြော​သည်။ ကိုးလ်​ဂိတ်​သည် လေ​ဆာ သွား​တိုက်​ဆေး​ကို ကန်ဒေါ်​လာ သန်း တစ်​ရာ​ခန့်​ဖြင့် ဝယ်​ယူခဲ့​သည်​ဟု နီးစပ်​သူ​များ​က ဆို​သည်။ ယခုကဲ့သို့ ဝယ်​ယူ​လိုက်​ခြင်း​သည် ၂​၀​၁​၂ ခု​နှစ် အရေးယူ​ပိတ်​ဆို့​မှု​များ​ရုပ်သိမ်း​ပြီး နောက် အမေ​ရိ​ကန်​ကုမ္ပဏီ​တစ်​ခု​က မြန်မာ​နိုင်ငံ​တွင် ပမာဏ​အများ​ဆုံး ရင်းနှီး​မြှုပ်​နှံ​မှု​ဖြစ်​သည်။ ကိုးလ်​ဂိတ်​သည် လွန်ခဲ့သော ၂ နှစ်​က လုပ်​ငန်း​များ​စတင်​လည် ပတ်​နေ​သော အမေ​ရိ​ကန်​ကုမ္ပဏီ များ​ဖြစ်​သည့် ဂျင်​န​ရယ်​အီ​လက် ထ​ရွန်​နစ်၊ …

Read more 0 Comments
Local Newsစီးပွား​ရေး

နိုင်ငံ​ခြားငွေ​ကြး ဈေး​ကွက်​

အောက်တိုဘာ ၂​၇ ရက်​က ငွေ​ကြး ဈေး​ကွက်​အတွင်း နိုင်ငံ​ခြား​ငွေ​လဲ​နှုန်း ကန်​တစ်ဒေါ်​လာ​လျှင် ဝယ်​ဈေး ကျပ် ၁,၀⁠၀​၀၊ ရောင်း​ဈေး ၁,၀⁠၀​၃ ကျပ်​အထိ မြင့်​တက် လာ​ခဲ့​သည်​ဟု နိုင်ငံ​ခြား​ငွေ​ကြေး ရောင်းဝယ်​သူ​များ​က ပြော​သည်။ နိုင်ငံ​တကာ​တွင် ကန်ဒေါ်​လာ ဝယ်​လို​အား မြင့်​တက်​မှု​နှင့် ရွှေ​ဈေး​ကျ​ဆင်း​မှု​ကြောင့် နိုင်ငံ​ခြား​ငွေ​လဲ​နှုန်း​သည် ယခင် တစ်​ပတ်​ထက် ၁​၀ ကျပ်​ခန့် ခုန်​တက်​ခဲ့​ခြင်း ဖြစ်​သည်။ တရားဝင် ဘဏ်​ငွေ​လဲ​ကောင်​တာ​များ​တွင် အောက်တိုဘာ ၂​၇ ရက်​က ဝယ်​ဈေး ၉⁠၉​၆-၉⁠၉​၇ ကျပ်၊ ရောင်း​ဈေး ၁,၀⁠၀​၄-၁,၀⁠၀​၅ ကျပ်​ဝန်းကျင် ဖြစ်ပေါ်​ခဲ့​ရာ ပြီး​ခဲ့​သည့်​သောကြာနေ့​က​ထက် လေး​ကျပ်​ခန့် မြင့်​တက်​ခဲ့​သည်။ ပြီး​ခဲ့​သည့်​တစ်​ပတ်​မှ​စတင်​ကာ ကန် ဒေါ်လာ​ငွေ​လဲ​နှုန်း တ​ရိပ်ရိပ်​စတင်​မြင့်​တက်​ခဲ့​ပြီး အောက်တိုဘာ …

Read more 0 Comments
Local Newsစီးပွား​ရေး

KFC အသင့်​စား စား​သောက်​ဆိုင်​ခွဲ​လုပ်​ငန်း မြန်မာ​နိုင်ငံ​တွင် ရိုးမ​နှင့် ပူးပေါင်း​ဖွင့်​လှစ်​မည်

အမေ​ရိ​ကန်​အခြေ​စိုက် Yum! Brand, Inc. ၏ ကေ​အက်ဖ်​စီ(KFC) အသင့်​စား စား​သောက်​ဆိုင်​ခွဲ လုပ်​ငန်း​ကို ရိုးမ (Yoma Strategic Holdings Ltd) နှင့် ပူးပေါင်း​ပြီး မြန်မာ​နိုင်ငံ​၌ ၂​၀​၁​၅ ခု​နှစ်​တွင် စတင်​ဖွင့်​လှစ်​သွား​မည်​ဟု အောက်တိုဘာ ၁​၃ ရက်​က သ​တင်း​ထုတ်​ပြန်​ခဲ့​သည်။ နိုင်ငံ​ပေါင်း ၁⁠၁​၈​နိုင်ငံ​တွင် စား​သောက်​ဆိုင်​ခွဲ​ပေါင်း ၁​၈,၀⁠၀​၀ ဖွင့်​လှစ်​ထား​သော KFC သည် နိုင်ငံ​တကာ​အသင့်​စား စား​သောက်​ဆိုင်​ခွဲ လုပ်​ငန်း​များ​ထဲ​တွင် မြန်မာ​နိုင်ငံ​သို့ စော​လျင်​စွာ​ဝင်​ရောက်လာ​သည့် လုပ်​ငန်း​တစ်​ခု​ဖြစ် လာ​သည်။ ရိုးမ​အနေ​ဖြင့်​လည်း KFC သည် မြန်မာ​နိုင်ငံ​အတွင်း တိုး​ချဲ့​သွား​မည့် စား​သောက်​ကုန်​လုပ်​ငန်း​အစီ​အစဉ်​များ အတွက် အဓိက စီးပွား​ရေး​လုပ်​ငန်း​တစ်​ခု​ဖြစ်လာ​ခဲ့​ကြောင်း​ကို “စား​သုံး​သူ​နှင့် လက်လီ​လုပ်​ငန်း​ဟာ ရှေ့​လျှောက် …

Read more 0 Comments
Local Newsစီးပွား​ရေး

နိုင်ငံ​ခြား​ဘဏ် ၉ ခု မြန်မာ ဖွင့်​ခွင့်​ပြု

မြန်မာ​နိုင်ငံ​မှာ ဂျပန်၊ ဩစတြေးလျ၊ တရုတ်၊ စင်္ကာ​ပူ၊ ထိုင်း​နဲ့ မလေးရှား စ​တဲ့ နိုင်ငံ​တွေ​က ဘဏ်​ကြီး ၉ ခု​ကို ဖွင့်​ခွင့် ပြု​လိုက်​ပါ​တယ်။ အဲ​ဒီ ဘဏ်​ကြီး​တွေ ထဲ​မှာ Tokyo-Mitsubishi UFJ အပါအဝင် ဂျပန်​ရဲ့ အကြီး​ဆုံး​ဘဏ် ၃ ခု၊ ဩစတြေးလျ​ရဲ့ ANZ ဘဏ်၊ တရုတ် စက်​မှု​လက်​မှု​နဲ့ ကူးသန်း ရောင်းဝယ်​ရေး ဘဏ်၊ စင်​ကာ​ပူ​က OCBC ဘဏ်၊ ထိုင်း​က ဘန်​ကောက်​ဘဏ်၊ မလေးရှား​က Malayan Banking Berhard စ​တဲ့ ဘဏ်​တွေ ပါဝင်​ပါ​တယ်။ ဒီ​ဘဏ်​တွေ အနေ​နဲ့ ဘဏ်​ခွဲ တစ်​ခု​စီ ဖွင့်​ခွင့်​ရှိ​ပြီး မြန်မာ​နိုင်ငံ​မှာ …

Read more 0 Comments
Local Newsစီးပွား​ရေး

MLM ဋီကာ (သို့မဟုတ်) ငါးကြင်း​ဆီ​နှင့် ငါး​ကြင်းကြော်​ခြင်း

ညခင်း​ပိုင်း​အိမ်​တွင် နားနားနေနေ တီ​ဗီ​ကြည့်​နေ​ခိုက် သင့်​အလုပ်​ထဲ​မှ မိတ်ဆွေ​တစ်​ဦး​က ကောင်းမွန်​သပ်ရပ်​စွာ ထုပ်ပိုး​ထား​သည့် ဆေးဝါး​များ၊ အလှ​ကုန်​များ​ပါဝင်​သည့် အိတ်​တစ်​လုံး​ကို​ဆွဲ​ကာ သင့်​ထံ​သို့​အရောက်​လာ​ပြီး ‘‘ဒီ​ပစ္စည်း​တွေ​က အရမ်း​ကောင်း​တယ်။ ကိုယ်​တွေ့နော်။ ဒါ​လေး​သုံး​ကြည့်ပါ​ဦး။ လ​စဉ်​အပို​ငွေ​ရ​ချင်​ရင် ဒီ​မှာ မန်​ဘာ​ဝင်​လိုက်​ပါ​လား။ လက်​ရှိ​အလုပ်အကိုင်​လည်း မ​ပျက်​ဘူး။ မန်​ဘာ​ဝင်​အသစ်​ရှာ​နိုင်​ရင် သူ​တို့​ဆီ​က​နေ ကော်​မရှင်​လည်း လ​တိုင်း​ပုံ​မှန်​ရ​မယ်။ အချိန်​တို⁠တို​အတွင်း ကိုယ့်​ကြိုးစား​မှုပေါ်​မူ​တည်​ပြီး သိန်း​ဂဏန်း​ဝင်ငွေ​ကို အေးအေး​ဆေး⁠ဆေး​ထိုင်​ယူ​ရုံ​ပဲ။ ကဲ..ဒီ​လောက်​ကောင်း​တဲ့ စီးပွား​ရေး​မြန်မာ​ပြည်​မှာ ရှိ​သေး​လား’’ဟု ပြောဆို​စည်း​ရုံး​နေ​သံ​များ၊ ပြောဆို​စည်း​ရုံး​နေ​သူ​များ​ကို သင့်​အနေ​ဖြင့် ကြုံ​ဖူး၊ ကြား​ဖူး​ပါ​လိမ့်​မည်။ အကယ်၍ စာ​ဖတ်​သူ​အနေ​ဖြင့် သူ​တို့​ပြော​နေ​သည်မှာ ဘာ​လုပ်​ငန်း​လဲ၊ ဘယ်​လို​လုပ်​ရ​တာ​လဲ တကယ်​ကော​ဟုတ်​ရဲ့​လား​ဟု သင် သံသယ​ဝင်​မိ​လျှင်​တော့ ဤ​ဆောင်းပါး​ကို အဆုံး​ထိ​ဖတ်​ဖို့ လို​လာ​ပါ​ပြီ။ ဤ​လုပ်​ငန်း​၏ အမည်​နာမ​မျိုး​စုံ​ပါ​သည်။ လူ​သိ​အများ​ဆုံး​နာမည်​များ​ကို …

Read more 0 Comments
Local Newsစီးပွား​ရေး

ဗီယက်နမ် ဖီ​လင်

ဟ​နွိုင်း​မှာ သင်​တန်း​လာ​တက်​နေ​ရ​တာ ဒီ​နေ့​ပါ​ဆို (၃)ရက်​ရှိ​သွား​ပြီ။ နေ့ခင်း​ဘက်​လည်း သင်​တန်း​တက်​နေ​ရ​လို့ မ​အား​ဘူး။ ည​ကျ​တော့​လည်း ဟုတ်​တိ​ပတ်​တိ မ​အိပ်​ရ​ဘူး။ ဘာ​လုပ်​နေ​လို​႔​လဲ၊ အလုပ်​တွေ​ကြိုးစား​နေ​လို့​လား​လို့​ဆို​တော့ မဟုတ်​ဘူး။ ဒီ​လောက်​အမြန်​နှုန်း​နဲ့ တစ်​ခါ​မှ မ​သုံး​ဖူး​သေး​တဲ့ အင်​တာ​နက်​ကို အသည်းအသန်​သုံး၊ download တွေ​ချ​နေ​ရ​လို့​ပါ။ အီ​သီ​ယိုး​ပီး​ယား သွား​ရ​တုန်း​က​လည်း ဒီ​လို​ပါ​ပဲ၊ အင်​တာ​နက်​က အရမ်း​မြန်​တယ်၊ သုံး​ရင်း​သုံး​ရင်း​နဲ့ အချိန်​တွေ​တောင် မ​လောက်​မ​ငှ ဖြစ်​ခဲ့​ရ​တယ်။ ခု​နောက်​ပိုင်း နယ်​တွေ​မှာ အလုပ်​လုပ်​နေ​ရ​တော့ အင်​တာ​နက်​ဆို​တာ​ကို စိတ်​တောင်​ကုန်​နေ​မိ​ပြီ။ မိုးရွာ​လို့ လိုင်း​ကျ​ရ​တာ​နဲ့၊ လေ​က တကယ်​တောင် မ​တိုက်​ရ​သေး​ဘူး၊ သ​တင်း​မှာ ပါလာ​တာ​နဲ့​တင် ဒီ​မှာ ကွန်​နက်​ရှင်​က ကျ​နှင့်​နေ​ပြီ။ ဒါ​တွေ​ကို ကျွန်တော်​တို့​တွေ​က ရယ်​စရာ​လုပ်​ပြီး ပြော​နေ​ကြ​ပေ​မဲ့ တကယ်​တော့ ဒီ​ပြဿနာ​တွေ​ဟာ …

Read more 0 Comments