Posts in category Biography


1427080435805
BiographyLife Style

နောက်ဆုံး​သစ်​ရွက် ကြွေ​ချိန် (၃)

ရှိတ်​စ​ပီး​ယား​ရဲ့​ဇာတိ Stratford-upon-Avon မှာ ကျွန်တော်​တို့ တိတ်⁠တိတ်​ကလေး မိဘ​တွေ မ​သိ​အောင် လက်ထပ်​ခဲ့​ကြ​တယ်။ ပထမ​အကြိမ် လက်ထပ်​ခြင်း ဆို​ပါ​တော့… မိမိ​လက်ထပ်​ထား​သော ခင်ပွန်း​သည် နိုင်ငံ​ခေါင်းဆောင်​တစ်​ဦး ဖြစ်လာ​ပြီး မိမိ​တို့​၏ သားသမီး​များ​ထဲ​မှ​လည်း နိုင်ငံ​ခေါင်းဆောင် ဖြစ်လာ​သည်​ကို ကြုံ​ခဲ့​သူ အမျိုးသမီး​များ​မှာ သမိုင်း​တွင် အနည်းငယ်​မျှ​သာ ရှိ​နိုင်​ပါ​မည်။ ထို​အထဲ​တွင် အမေ​ရိ​ကန်​ပြည်ထောင်​စု​၏ ဒုတိယ​မြောက် သမ္မတ ဂျွန်​အက်​ဒမ်​၏ ကတော် အဘီ​ဂဲ​အက်​ဒမ်၊ စီ​နီ​ယာ​ဘုရှ်​၏ ကတော် ဘာ​ဘ​ရာ​ဘုရှ်​တို့​နှင့်​အတူ ခြူး​လည်း ပါဝင်​ခဲ့​သည်။ ခြူး​သည် လီ​ကွမ်​ယူး​၏ ဇနီး​သည်​အဖြစ် စင်​ကာ​ပူ​၏ First lady ဖြစ်​ခွင့်​ရှိ​ရုံ​မျှ​မက သား​ဖြစ်​သူ လီ​ရှန်​လွန်း​ကြောင့် ဝန်ကြီး​ချုပ်​၏ အမေ​လည်း ဖြစ်လာ​ခဲ့​သည်။ သို့သော် သူ​သည် …

Read more 0 Comments
ST_20150324_LKY_7LKYPIXGE56_382398e
BiographyLife Style

နောက်ဆုံး​သစ်​ရွက် ကြွေ​ချိန် (၂)

လီ​သည် မိန်းမရ​ကံကောင်း​သည် ဆို​ရုံ​မျှ​ဖြင့် ခြူး​အနား​တွင် နေ​ခဲ့​ရ​သည့်​နှစ်​များ​၏ အဓိပ္ပာယ်​ကို ပြည့်စုံ​အောင် ဖော်​ပြ​နိုင်​မည် မဟုတ်​ပေ။ ဆယ်ကျော်​သက်​အရွယ် ငယ်ရွယ်​နုနယ်​သော သူ​တို့​၏ ပုံ​ရိပ်​များ​သည် မိုး​သို့​ရောက်​သော​အခါ ပျောက်​သွား​တတ်​သော နွေ​ဘက်​ဆီ​က လွမ်း​မော​ဖွယ် လေ​ရူး​လို​ပင်။ လေ​ရူး​ကလေး​များ​လို အား​ကောင်း မောင်းသန်​ရှိ​သော သူ​တို့​နှစ်​ယောက်​စလုံး​သည် ပြင်း​ပြင်းထန်​ထန် ပြိုင်​သည့် ပြိုင်ဘက်​တွေ ဖြစ်​ခဲ့​ကြ​သည်။ ၁​၉​၄​၀ တွင် ခြူး​သည် လီ​တက်​ရောက်​နေ​သော ရက်ဖ်​ဖယ် ကော​လိပ်​သို့​ရောက်လာ​ခဲ့​သည်။ ကော​လိပ်​သို့​မ​ရောက်​မီ​က​ပင် ခြူး​မှာ မိန်းမ​ချော​တစ်​ယောက် မ​ဟုတ်သော်​လည်း စာတော်​သ​ဖြင့် နာ​မည်ကျော်​ကျောင်း​သူ ဖြစ်​သည်။ ၁​၉​၃​၆ မ​လား​ယား (ယခင်​စင်​ကာ​ပူ​နှင့် မလေးရှား နှစ်​နိုင်ငံ​ပေါင်း) တစ်​ခွင်​လုံး​မှ ကျောင်းသား​များ​ဖြေ​ကြ​သော ကိန်း​ဘ​ရစ် အထက်​တန်း​စာ​မေး​ပွဲ​တွင် တစ်​ပြည်​လုံး ပထမ​ဆု​စွဲ​ခဲ့​သည်။ …

Read more 0 Comments
File photo shows Singapore's Minister Mentor Lee and his wife Kwa attending a May Day rally in Singapore
BiographyInternational

နောက်ဆုံး​သစ်​ရွက် ကြွေ​ချိန် (၁)

ပြင်းထန်​သော န​မိုး​နီး​ယား​ဝေဒနာ​ဖြင့် ဆေး​ရုံ​တွင် ကု​သ​မှု ခံယူ​နေ​ခဲ့​သော အဘိုး​အို​တစ်​ဦး​၏ အခြေအနေ​မှာ ဆရာဝန်​များ အခါ​မ​လပ် စောင့်ရှောက်​နေ​ခဲ့​သည့်​ကြား​မှ ကူး​စက်​ရောဂါ​ပိုး ပိုမို​ပျံ့နှံ့​လာ​သော​ကြောင့် အရေးပေါ်​ကု​သ​ခန်း​တွင် အစိုး​မ​ရ ဖြစ်လာ​ခဲ့​သည်။ “ဘယ်​တော့​လဲ။ နောက်ဆုံး​သစ်​ရွက် ဘယ်​တော့​ကြွေ​မ​လဲ” ထို​မေးခွန်း​ကို သူ​မေး​ခဲ့​သည်မှာ လွန်​ခဲ့​သည့် ငါး​နှစ်​မ​ပြည့်​တတ်​သေး​သည့် အချိန်​က ဖြစ်​သည်။ စင်​ကာ​ပူ​နိုင်ငံ​ကို ဘဝ​တူ ဖွံ့ဖြိုး​ဆဲ​နိုင်ငံ​များ​က အားကျ​ရ​သည့် တည်​ငြိမ်​မှု၊ ဖွံ့ဖြိုး​မှု​တို့​ထံ ရောက်​ရှိ​သွား​အောင် အားထုတ်​ပေး​ခဲ့​သော ထို​အဘိုး​အို​သည် ၂​၀⁠၀​၉ ခု​နှစ်​ကတည်းက​ပင် အာရုံကြော​များ မ​ကောင်း​တော့​သည့် ရောဂါ​ကို စတင်​ခံစား​နေ​ရ​ပြီ​ဟု သူ့​သမီး အာရုံကြော အထူး​ကု​ဆရာဝန်​ကြီး​က ဆို​သည်။ တစ်​ချိန်​တည်း​တွင် ၂​၀​၁​၀ ၌ ထို​အဘိုး​အို​၏ ဘဝ​တွင် အခက်​ခဲ​ဆုံး အချိန်​တစ်​ခု​က …

Read more 0 Comments
einstein_by_vityar83-d53jvzm
Biography

အိုင်း​စ​တိုင်း နှင့် ပက်​သက် ၍ လူ​သိ နည်း​သော အကြောင်း အရာ အချို့

နို​ဘယ်​ဆု​ရ ကမ္ဘာ ကျော် ရူပဗေဒ ပညာ​ရှင် အဲလ်​ဘတ် အိုင်း​စ​တိုင်း နှင့် ပက်​သက် ၍ လူ​သိ နည်း သော အကြောင်း အရာ​များ က အောက်​ပါ အတိုင်း ဖြစ်​ပါ တယ်။ ၁။ အိုင်း​စ​တိုင်း ဟာ အသက် ၄ နှစ် အရွယ် က​စ​လို့ စကားပြော တတ် ခဲ့​ပါ​တယ်။ သို့​ပေ​မယ့် အ သက် ၉ နှစ် အထိ စကား​ကို ပီပီ ပြင်​ပြင်၊ များ​များ စား​စား မ​ပြော​နိုင် ပါ​ဘူး။ တစ်​ရက် မိသား​စု နှင့် ညစာ စား​စဉ်​ချိန် မှ …

Read more 0 Comments
ArtBiography

ခြောက်​ကြိုး​ကဝေ

“ကိုယ်​ပိုင်​ဂစ်​တာ​ရ​ပြီ​ဆို​တော့ တ​ချိန်​လုံး တီး​ချင်​နေ​တာ .. ထမင်း​တောင် မ​စား​ချင်​ဘူး … ကိုယ့်​ဂစ်​တာ​လည်း ဖြစ်​နေ​တော့ … ကိုယ့်​ပိုက်ဆံ​နဲ့​လည်း ဝယ်​တာ​ဆို​တော့ ကျွန်တော့်​အတွက် မြတ်​မြတ်နိုး​နိုး​န​နဲ့ တန်ဖိုး​လည်း ရှိ​တယ်”ခု​ချိန်​ခု​ခါ​မှာ ဂစ်​တာ​တွေ အလက်​ပေါင်း​များ​စွာ ဝယ်​ယူ​စုဆောင်း ပိုင်ဆိုင်​နေ​တဲ့ “ချစ်​စမ်း​မောင်” က သူ​ရှစ်​တန်း​ကျောင်းသား ကလေး​ဘဝ​မှာ မျက်​မ​မြင်​ကျောင်းသား ကလေး​တွေ​ကို ဂစ်​တာ​တီး သင်ပေး​လို့​ရ​တဲ့​ငွေ​နဲ့ ဟော်​လို​ဂစ်​တာ​လေး​တစ်​လက် ဝယ်​နိုင်​တုန်း​က ခံစား​မှု​ကို ပြန်ပြော​ပြတာ​ပါ။ ကို​ချစ်​စမ်း​မောင်​က ဆရာ စော​ဘွဲ့​မှူး​ရဲ့ တပည့်​ရင်း။ သူ ဂစ်​တာ​ကို စွဲ​လိုက်​ပုံ​က “သူ​များ​နားငြီး​လိမ့်​မယ်၊ နည်း⁠နည်း​လေး အသံ​လျှော့​တီး” တဲ့။ တစ်​ည​လုံး ဂစ်​တာ​ပဲ တီး​နေ​တာ၊ လေ့ကျင့်​နေ​တာ​ကိုး​ဟင်္သာတ​မြို့​နယ်၊ ဓမ္ဘီ​ရွာ​လေး​မှာ မွေး​ဖွား​ခဲ့​တဲ့ ကို​ချစ်​စမ်း​မောင်​က …

Read more 0 Comments