Posts in category Life Style


vietnam edit
Life Style

လူ​မှု​ကွန်ရက်​မှာ နာမည်ကြီး​နေ​တဲ့ ကလေး​ငယ်​နှစ်​ဦး​ဓာတ်​ပုံ​ရဲ့​မူလ​ဇာတ်​ကြောင်း

ပြီး​ခဲ့​တဲ့ ရက်​သတ္တ​ပတ် အနည်းငယ်​က နီ​ပေါ​ငလျင်​အပြီး လူ​မှု​မီ​ဒီ​ယာ​တွေ​မှာ တ​ဦး​ကို တ​ဦး​ဖက်​တွယ်​ထား​ကြ တဲ့ ကလေး​ငယ်​နှစ်​ဦး​ရဲ့​ပုံ​ဟာ “နီ​ပေါ​နိုင်ငံ​မှ (၂)နှစ်​အရွယ် ညီမ​ငယ်​လေး​ကို စောင့်ရှောက်​နေ​တဲ့ (၄)နှစ်​သား​အရွယ် အစ်ကို”ဆို​တဲ့ ခေါင်းစဉ်​နဲ့ ဖေ့​ဘုတ်​နဲ့ တွစ်​တာ စာ​မျက်နှာ​တွေ​မှာ အလျင်အမြန်​ပျံ့နှံ့ နေ​ခဲ့​ပါ​တယ်။ ဒီ​ဓါတ်​ပုံ​ဟာ လူ​မှု​ကွန်ရက်​စာ​မျက်နှာ​တွေ​မှာ အများ​ဆုံး ဖော်​ပြ​ခြင်း​ခံ​ရ​တဲ့ ပုံ​တစ်​ပုံ​လည်း​ဖြစ်​ပါ​တယ်။ မြင်​ရ​တဲ့​သူ​ကို စိတ်​မ​ကောင်း​ကြီး​စွာ​ဖြစ်​စေ​တဲ့ ဒီ​ဓါတ်​ပုံ​ထဲ​မှာ​တော့ ကလေး​ငယ်​နှစ်​ဦး​ဟာ တစ်​ဦး​ကို​တစ်​ဦး ဖက်​တွယ်​ထား​ကြ​ပြီး မိန်း​ကလေး​ငယ်​လေး​ဟာ သူ့​အစ်ကို​ကို တွယ်ကပ်​ရင်း သူ​တို့​အတွက် ပြင်​ပ​ကမ္ဘာ​မှာ နား​ခို​ရာ​နေရာ​ကို လှမ်း​ရှာ​နေ​သ​လို အနေအထား​ဖြစ်​နေ​ပါ​တယ်။ အစ်ကို​ဖြစ်​သူ ယောက်ျား​ကလေး​ရဲ့ မျက်လုံး​ထဲ​မှာ​လည်း အကြောက်​တရား​တွေ​နဲ့ ပြည့်​နှက်​နေ​တာ​ကို တွေ့​ရ​မှာ​ပါ။ မြင်​ရ​သူ​အဖို့ ဝမ်းနည်း​ကြေကွဲ​သွား​စေ​မယ့် ပုံ​တစ်​ပုံ​လည်း ဖြစ်​ပါ​တယ်။ …

Read more 0 Comments
boxer-manny-pacquiao-smiles-during-a-media-workout-at-wild-card-boxing-club-in-los-angeles-calif-oct-26-2011
InternationalLife Style

ကမ္ဘာကျော် လက်​ဝှေ့​သမား မန်​နီ​ပတ်​ကီ​အောင်း

လက်​ဝှေ့​သမား​တစ်​ယောက်၊ ခေါင်းကိုင်​ဖ​ခင်​တစ်​ယောက်၊ သူတော်​စင် တစ်​ယောက်၊ နိုင်ငံ​ရေး​သမား​တစ်​ယောက်…….Manny မ​လုပ်​နိုင်​သေး​တာ ကမ္ဘာပေါ်​မှာ ရှိ​သလား?? မန်​နီ​ပတ်​ကီ​အောင်း(Manny Pacquiao) ကို လက်​ဝှေ့​သမား​တစ်​ယောက်​အဖြစ် သမုတ်​ကြ​တာ​ဟာ မ​ဟတ္တ​မ​ဂန္ဒီ​ကို ဟိန္ဒူ​ရှေ့နေ​တစ်​ယောက်​အဖြစ် ခါ်​ဆို​ကြ​သ​လို မ​ပြည့်စုံ​နိုင်​ပါ​ဘူး။ ကမ္ဘာပေါ်​မှာ အကြီး​ကျယ်​ဆုံး လက်​ရည်တူ ထိုး​သတ်​သူ​တွေ​ဟာ သူ့​ရဲ့​သွေးသံ​ရဲ​ရဲ အား​ကစား​တွေ​ထက် ပို​ပြီး​တိုး​ကာ ခန့်​မှန်း​မ​ရအောင် ဝေး​သ​ထက်​ဝေး​သွား​ပါ​ပြီ။ ကမ်း​ကုန်​သော​ဆင်းရဲ​မှ ု​နဲ့ မွေး​ဖွား​လာ​တဲ့ ဖိ​လစ်​ပိုင်​မှာ​တော့ WBO ဝယ်​တာ​ဝိတ် ချန်​ပီ​ယံ​က ဘာသာ​ရေး​ပုံ​ရိပ်​ဖြစ်​လု​နီးပါး​ပါ​ပဲ။ အမေ​ရိ​ကား​မှာ​တော့ သူ​ဟာ Manny Pacmanပါ – Las Vegas ရဲ့ မဟာ​ထိုး​သတ်​ပွဲ​တွေ​မှ အတု​ယူ​နိုင်​တဲ့​ပုဂ္ဂိုလ်​ပါ။ စဉ်​ဆက်​မ​ပြတ်​တဲ့ Queensbeery boxing ၏ ဘ​ရုစ်​လီ​လည်း ဖြစ်​ပါ​တယ်။ …

Read more 0 Comments
A-mother-and-daughter-tal-011
Life Style

သမီး​လေး​တစ်​ယောက် သိ​စေ​ချင်​တယ်

သမီး….. ကိုယ်​ဒီ​တစ်​သက်​လုံး​မှာ ကိုယ်​ဘာ​ပဲ​လိုချင်​လိုချင် ကိုယ့်ကို​တိုင် ဝယ်​နိုင်​ဖို့ ကြိုးစား​ရ​ပါ​မယ်။ တစ်​ယောက္ယောက် ဝယ်​ပေး​ဖို့ ဘယ်​တော့​မှ မမျှော်​လင့်​သင့်​ပါ​ဘူး။ မ​သေချာ မ​ရေရာ​တဲ့ လောက​ကြီး​မှာ “အားကိုး​ရ​တယ်” ဆို​တာ မ​ရေရာ​ဆုံး​အထဲ​မှာ ပါ⁠ပါ​တယ်။ သမီး…… ကိုယ်​အလေး​ချိန်​လျှော့​မယ်။ ဝိတ်​လျှော့​မယ် ဆို​တာ​မျိုး စကား​အဖြစ်​ပြော​ကြည့်​တာ​ပဲ​ကောင်း​ပါ​တယ်။ သမီး​သိ​ရ​မှာ​ကျန်းမာ​ရေး​ဟာ အဓိက အကျ​ဆုံး​ပါ​ပဲ။ ဘယ်လောက်​ပဲ ပိန်​ပိန်၊ ဘယ်လောက်​ပဲ စ​လင်း​ကျ​ကျ မ​ကျန်းမာ​ရင် အလကား​ပါ​ပဲ။ လှပ​တာ​ထက် ကျက်သရေ ရှိ​တာ​က ပိုမို​တင့်တယ်​တတ်​ပါ​တယ်။ ကျက်သရေ​ရှိ​ဖို့​ဆို​ရင် အတွေး​အခေါ်​ရှိ​ဖို့​လို​အပ်​ပါ​တယ်။ အတွေး​အခေါ်​ရှိ​ဖို့ စာ​များ⁠များ​ဖတ်​ဖို့ လို​အပ်​ပါ​တယ်။ တကယ်​လို့ သမီး​က ဖက်​ရှင်​ကျ​ကျ မ​ဝတ်စား​တတ်​ဘူး ဆို​ရင် ရိုး⁠ရိုး​ရှင်း​ရှင်း ဝတ်စား​ဆင်ယင်​တာ​က ပို​ပြီး ကျက်သရေ ရှိ​တတ်​ပါ​တယ်။ …

Read more 0 Comments
girlmyanmar
J-EntertainmentLife Style

အိမ္ရွင္က​ရိုက္နွက္သျ​ဖ​င့် အိ​မ်ေ​ဖာ်​တ​ဦး ဒဏ်ရာများြ​ဖ​င့် ထွ​က်ြေ​ပး​လာ

ဧရာဝတီတိုင်း လေးမျက်နှာ​မြို့​နယ်​မှ ရန်ကုန်မြို့​တွင် အိမ်ဖော်​အဖြစ် လာ​ရောက်​လုပ်ကိုင်​သူ အသက် ၁​၇ နှစ် အရွယ် မိန်း​ကလေး​တ​ဦး​သည် အိမ်ရှင်​မှ ရိုက်​နှက်​သ​ဖြင့် ထွက်ပြေး​ခဲ့​ရ​သည့် ဖြစ်​စဉ် တ​ခု ဧပြီ ၁​၇ ရက် က ဖြစ်ပွား​ခဲ့​ကြောင်း သိ​ရ​သည်။ မ​အိ⁠အိ​ဖြိုး​ဆို​သူ​သည် ၎င်း​နေ့ မနက်​ပိုင်း ၆ နာရီ​ခန့်​က သူမ​အလုပ်​လုပ်ကိုင်​သည့်​နေအိမ်​မှ ထွက်ပြေး​လာ​ခဲ့​ရာ လမ်းခရီး​တွင် သု​ဝဏ္ဏ ၂​၉ ရပ်​ကွက် မြ​ကန်​သာ​လမ်း​မှ လမ်း​သူ​လမ်း​သား​များ​နှင့် ဆုံ​တွေ့​ခဲ့​သည်​ဟု သိ​ရ​သည်။ ”မနက်​ပိုင်း ၆ နာ​ရီကျော်ကျော်​လောက် အဲ​ဒီ​ကောင်​မ​လေး​က မြို့​ထဲ​လမ်း​ကို ဘယ်​လို​သွား​ရ​မှာ​လဲဆို​ပြီး ငို​ပြီး​လာ​မေး​တယ်။ ဒါ​နဲ့ အကျိုးအကြောင်း​မေး​ကြည့်​တော့ သူ​ရိုက်​ခံထား​ရ​တဲ့​ဒဏ်ရာ​တွေ​ပြ​ပြီး ထွက်ပြေး​လာ​ခဲ့​တဲ့​အကြောင်း ပြော​ပြ​တယ်။ ကျွန်တော်​တို့​လည်း သက်ဆိုင်​ရာ​ရပ်​ကွက်​အုပ်ချုပ်​ရေး​မှူး၊ …

Read more 0 Comments
ChineseIPhoneGirl
InternationalLife Styleစီးပွား​ရေး

အမေ​ရိ​ကန်​ရဲ့iPhoneကို.Chinaမှာ​ထုတ်​လုပ်​နေ​တာ.ဘာ​ကြောင့်​လဲ

အချိန်​က(၂​၀⁠၀​၇)ခု​နှစ်။.ပထမ​ဆုံးပေါ်​တဲ့iPhone.ကမ္ဘာ​ကို​ဖြန့်​ဖို့(၂)လ​လောက်​ပဲ​လို​တော့​တဲ့​တ​နေ့​မှာ.စိတ်ဆိုး​နေ​ပုံ​ရ​တဲ့​စ​တစ်ဗ်​က.သူ့​လက်ထောက်​တွေ​အားလုံး​ကို.သူ့​ရုံး​ခန်း​ထဲ​လာ​ဖို့ခေါ်​လိုက်​ပါ​တယ်။

Read more 0 Comments
Nails
Life Style

အိမ်​ရိုက်​သံ

ကြိုက်​လွန်း​လို့..အကြိမ်ကြိမ် ပြန်​ဖတ်​ပါ​တယ်..ဖတ်​ပြီး​တိုင်း​လဲ​ပြန်​မျှဝေ​ပေး​ချင်​တဲ့ စိတ်​ကြောင့်…ပြန်​တင်​ပေးလိုက်​ပါ​တယ်နော်…မ​ဖတ်​ရ​သေး​တဲ့​သူငယ်​ချ​င​္း​တွေ​အတွက်​ပါ……… ဒီ​စာ​လေး ဖတ်​ပေး​ပါ​အုံးနော်……. သိပ်​ကောင်း​တဲ့ စာ​လေး​ပါ၊ ဒီ​စာ​လေး​ဖတ်​ပြီး ဒဏ်ရာ​တွေ​များ​ရှိ​နေ​လို့ ပျောက်​ခဲ့​မယ်​ဆို​ရင်……… ဒီ​စာ​လေး​ကို​ကျေးဇူးပြု​ပြီး ဆုံး​အောင်​ဖတ်​ပေး​ပါ…. ဟို​တုန်း​က အင်မတန်​မှ စိတ်တို၊ စိတ်ဆတ်​တဲ့ ကောင်​လေး တစ်​ယောက်​ရှိ​သ​တဲ့။ တစ်​နေ့​ကျ​တော့ သူ့​အဖေ​က ကောင်​လေး​ကို အိမ်​ရိုက်​သံ​တစ်​ထုပ် ပေးလိုက်​ပြီး ပြော​ပါ​တော့​တယ်။ မင်း​တစ်​ခါ စိတ်တို​တိုင်း သံ​တစ်​ချောင်း​ကို​နောက်ဖေး က ဝင်း​ထရံ​တိုင်​မှာ သွား​ရိုက်​ချေ​ကွာ​တဲ့။ အဖေ​က အဲ​ဒီ​လို​ပြော​ပြီး သံ​ထုပ်​ကို​ပေးလိုက်​တဲ့ ပထမ​နေ့​မှာ ကောင်​လေး​ဟာ ဝင်း​ထရံ​တိုင်​မှာ သံ​ပေါင်း ၃​၇ ချောင်း​ရိုက်​သွင်း ဖြစ်​သွား​တယ်။ အဲ​ဒီ​လို​နဲ့​သူ​စိတ်တို​တိုင်း သံလေး​တွေ​ကို ဝင်း​ထရံ​မှာ ရိုက်​ရင်း​ရိုက်​ရင်း ကောင်​လေး​ဟာ သူ့​စိတ်​သူ ထိန်း​နိုင်​လာ​သ​တဲ့။ သံ​ရိုက်​ချက်​တွေ​ဟာ​လည်း တစ်​နေ့​ထက်​တစ်​နေ့ ကျဲ​လာ​ခဲ့​တယ်။ …

Read more 0 Comments
fe418f36-e909-4bfb-8fba-ed5c73860ebf
Life Style

နည်း​စနစ်​ကျ⁠ကျ​အတွေး​အခေါ်

ငါ​နဲ့​မ​ဆိုင်​ပါ​ဘူး..ငါ့​အလုပ်​မဟုတ်​ပါ​ဘူး..လို့​တွေး​မိ​ရင် ကြွက်​ဟာ အက်ကွဲ​နေ​တဲ့ အုတ်​နံရံ ကြား​က​နေ လယ်သမား လင်မယား၊ အထုပ်​တစ်​ထုပ်​ဖြေ​နေ​တာ​ကို စိတ်​ဝင်​တ​စား ကြည့်​နေ​လေ​ရဲ့။ အထဲ​မှာ ဘာ​မုန့်​များ​ပါ​လေ​မ​လဲ​လို့​စိတ်​ထဲ​က မျှော်​တ​လင့်⁠လင့်​နဲ့ ကြည့်​နေ​တယ်။ ဒါ​ပေ​မယ့်​သူ​စိတ်ပျက်​စွာ​မြင်​တွေ့​လိုက်​ရ​တာ​က ကြွက်ထောင်ချောက် တစ်​ခု။ လယ်သမား​ကြီး​ဟာ အိမ်​ထဲ​က တစ်​နေရာ​မှာ သွား​ချထား လိုက်​တယ်။ အဲ​ဒါ​ကို မြင်​လိုက်​တဲ့​ကြွက်​ဟာ​အားရ​ပါး​ရ အော်​ပြီး လယ်​ကွင်း​ထဲ​ပြေး​ထွက်​သွား​တယ်။ အားလုံး​ကို သိ​စေ​ချင်​လို့ အသိ​ပေး​တဲ့ သဘော​ပေါ့။ အိမ်​ထဲ​မှာ ကြွက်ထောင်ချောက် တစ်​ခု ရှိ​တယ်​ဗျို့၊ အိမ်​ထဲ​မှာ ကြွက်ထောင်ချောက် တစ်​ခု ရှိ​တယ်​ဗျို့..။ မြေကြီး​ကို ခြေထောက်​နဲ့​ယက်​ပြီး အစာ​ရှာ​နေ​တဲ့ ကြက်ဖ​ကြီး​က ခေါင်းမော်​ကြည့်​ပြီး စိတ်ပျက်​တဲ့​လေသံ​နဲ့​ပြော​လိုက်​တယ်။ အော် … ကို​ကြွက်​ရယ်၊ မင်း​အတွက်​တော့​သေ​တွင်း​ပဲ​လို့ ငါ​ပြော​လို့​ရ​ပါ​တယ်။ ဒါ​ပေ​မယ့် …

Read more 0 Comments
1427080435805
BiographyLife Style

နောက်ဆုံး​သစ်​ရွက် ကြွေ​ချိန် (၃)

ရှိတ်​စ​ပီး​ယား​ရဲ့​ဇာတိ Stratford-upon-Avon မှာ ကျွန်တော်​တို့ တိတ်⁠တိတ်​ကလေး မိဘ​တွေ မ​သိ​အောင် လက်ထပ်​ခဲ့​ကြ​တယ်။ ပထမ​အကြိမ် လက်ထပ်​ခြင်း ဆို​ပါ​တော့… မိမိ​လက်ထပ်​ထား​သော ခင်ပွန်း​သည် နိုင်ငံ​ခေါင်းဆောင်​တစ်​ဦး ဖြစ်လာ​ပြီး မိမိ​တို့​၏ သားသမီး​များ​ထဲ​မှ​လည်း နိုင်ငံ​ခေါင်းဆောင် ဖြစ်လာ​သည်​ကို ကြုံ​ခဲ့​သူ အမျိုးသမီး​များ​မှာ သမိုင်း​တွင် အနည်းငယ်​မျှ​သာ ရှိ​နိုင်​ပါ​မည်။ ထို​အထဲ​တွင် အမေ​ရိ​ကန်​ပြည်ထောင်​စု​၏ ဒုတိယ​မြောက် သမ္မတ ဂျွန်​အက်​ဒမ်​၏ ကတော် အဘီ​ဂဲ​အက်​ဒမ်၊ စီ​နီ​ယာ​ဘုရှ်​၏ ကတော် ဘာ​ဘ​ရာ​ဘုရှ်​တို့​နှင့်​အတူ ခြူး​လည်း ပါဝင်​ခဲ့​သည်။ ခြူး​သည် လီ​ကွမ်​ယူး​၏ ဇနီး​သည်​အဖြစ် စင်​ကာ​ပူ​၏ First lady ဖြစ်​ခွင့်​ရှိ​ရုံ​မျှ​မက သား​ဖြစ်​သူ လီ​ရှန်​လွန်း​ကြောင့် ဝန်ကြီး​ချုပ်​၏ အမေ​လည်း ဖြစ်လာ​ခဲ့​သည်။ သို့သော် သူ​သည် …

Read more 0 Comments
ST_20150324_LKY_7LKYPIXGE56_382398e
BiographyLife Style

နောက်ဆုံး​သစ်​ရွက် ကြွေ​ချိန် (၂)

လီ​သည် မိန်းမရ​ကံကောင်း​သည် ဆို​ရုံ​မျှ​ဖြင့် ခြူး​အနား​တွင် နေ​ခဲ့​ရ​သည့်​နှစ်​များ​၏ အဓိပ္ပာယ်​ကို ပြည့်စုံ​အောင် ဖော်​ပြ​နိုင်​မည် မဟုတ်​ပေ။ ဆယ်ကျော်​သက်​အရွယ် ငယ်ရွယ်​နုနယ်​သော သူ​တို့​၏ ပုံ​ရိပ်​များ​သည် မိုး​သို့​ရောက်​သော​အခါ ပျောက်​သွား​တတ်​သော နွေ​ဘက်​ဆီ​က လွမ်း​မော​ဖွယ် လေ​ရူး​လို​ပင်။ လေ​ရူး​ကလေး​များ​လို အား​ကောင်း မောင်းသန်​ရှိ​သော သူ​တို့​နှစ်​ယောက်​စလုံး​သည် ပြင်း​ပြင်းထန်​ထန် ပြိုင်​သည့် ပြိုင်ဘက်​တွေ ဖြစ်​ခဲ့​ကြ​သည်။ ၁​၉​၄​၀ တွင် ခြူး​သည် လီ​တက်​ရောက်​နေ​သော ရက်ဖ်​ဖယ် ကော​လိပ်​သို့​ရောက်လာ​ခဲ့​သည်။ ကော​လိပ်​သို့​မ​ရောက်​မီ​က​ပင် ခြူး​မှာ မိန်းမ​ချော​တစ်​ယောက် မ​ဟုတ်သော်​လည်း စာတော်​သ​ဖြင့် နာ​မည်ကျော်​ကျောင်း​သူ ဖြစ်​သည်။ ၁​၉​၃​၆ မ​လား​ယား (ယခင်​စင်​ကာ​ပူ​နှင့် မလေးရှား နှစ်​နိုင်ငံ​ပေါင်း) တစ်​ခွင်​လုံး​မှ ကျောင်းသား​များ​ဖြေ​ကြ​သော ကိန်း​ဘ​ရစ် အထက်​တန်း​စာ​မေး​ပွဲ​တွင် တစ်​ပြည်​လုံး ပထမ​ဆု​စွဲ​ခဲ့​သည်။ …

Read more 0 Comments
11080964_1026334244060908_6780363903284698898_n
Life StyleSelf Help

ငါး​ကင်​ရောင်း​ရင်း အခ​မဲ့​စာကြည့်​တိုက်​ဖွင့်​ထား​သူ

ငါး​ကင်​ရောင်း​ရင်း အခ​မဲ့​စာကြည့်​တိုက်​ဖွင့်​ထား​သူ အသိ​ပညာရှာ​မည်၊ အလုပ်​လုပ်​မည်​ဟူ​သော ခိုင်မာ​သည့် ရည်​ရွယ်​ချက်​ဖြင့် စာအုပ်​သုံး​အုပ် ခရီး​ဆောင် အိပ်​တွင်း​ထည့် ရန်ကုန်​တက်​လာ​ခဲ့​သူ​မှာ ကိုဇော်ဇော်​ဖြစ်​သည်။ သို့သော် စ⁠စ​ချင်း ဆောက်​နှင့်​ထွင်း​ဆို​သ​လို ဘဝ​သည် ခက်ခဲ​ကြမ်းတမ်း​ခဲ့​ရ​သည်။ ခြေထောက်​တွင် ဝဲ​များ ထူ​လ​ပျစ် ပေါက်​အောင် အလုပ်​မျိုး​စုံ ပတ်ဝန်းကျင် မျိုး​စုံ​တွင် ကျင်လည်​ရင်း ကိုဇော်ဇော်​တစ်​ယောက် မောပန်း​ချိန်​ပင် မ​ရ​ခဲ့။ သာမန်​စားပွဲ​ထိုး​ဘဝ​က​နေ ထ​မင်းကြော်၊ ကြာ​ဇံကြော် ကြော်​တတ်​ရန်​အတွက် အကြော်​ဆရာ​၏ အင်္ကျီ​များ​ကို လျှော်​ပေး​ခဲ့​ရ​သည်၊ အကြော်​ဆရာ အိပ်​ရန် အိပ်ရာ​ကို​ပင် ခင်း​ပေး​ခဲ့​ရ​သည်။ မိမိ​လိုချင်​သော​အတတ် ပညာ တစ်​ခု အတွက် ခက်ခဲ​ပင်ပန်း​ချိန်​များ​ကို ကျော်​လွှား​ခဲ့​သည်။ အဲ​ဒီ​နောက်​ပိုင်း​တွင် ကိုဇော်ဇော်​သည် ငါး​ကင် အတတ်​ပညာ​ကို သင်​ယူ​ရ​ရှိ​ခဲ့​ပြီး ငါး​ကင် …

Read more 0 Comments