Posts in category Local News


DTMANAGE.000000020150323170324290-1
InternationalLocal News

ဒုတိယ​ကမ္ဘာ​စစ်​အပြီး နှစ်​ပေါင်း​၇​၀ အကြာ

ဒုတိယ​ကမ္ဘာ​စစ်​ဖြစ်ပွား​စဉ် မြန်မာ​နှင့် အိန္ဒိယ နယ်စပ် အင်​ဖာ​စစ် မြေပြင်​တိုက်​ပွဲ​များ​တွင် ပါဝင် တိုက်ခိုက်​ခဲ့​သူ ဂျပန်​စစ်​သား ဟောင်း​တစ်​ဦး​က သူ​၏ ကိုယ်​ပိုင် ငွေ​ဖြင့် မြန်မာ​လူ​မျိုး ၂​၀⁠၀ ကျော် အား စ​ကော​လား​ရှစ်​ပညာသင်​ဆု အထောက်​အပံ့​များ စတင်​ပေး အပ်​နေ​ပါ​သည်။ ဂျပန်​နိုင်ငံ တာ​ရူ​ဂါ​ရှီ​မား​မြို့ က အသက် (၉​၁)နှစ်​အရွယ် မစ္စတာ​စီ​ဂျီ​အာ​မီ​ဇု​မိ​က ပညာသင် ဆု​ရ​ကျောင်းသား​များ​သည် မြန်မာ​နိုင်ငံ​တိုးတက်​ရေး​အတွက် အုတ် မြစ်​တစ်​ခု​အဖြစ် ထမ်း​ဆောင် တာဝန်​ယူ​နိုင်​မည်​ဟု မျှော်လင့် ကြောင်း ပြော​ကြား​ခဲ့​သည်။ အာ​မီ​ဇု​မိ​သည် အာ​မီ​ဇု​မိ အမှတ်တရ မြန်မာ​စ​ကော​လား ရှစ်​ဖောင်​ဒေး​ရှင်း​ကို ၁​၉​၈​၉ က စတင် တည်ထောင်​ခဲ့​သည်။ အင် ဖာ​တိုက်​ပွဲ​၌ သူ​တို့ ဂျပန်​စစ်​သား …

Read more 0 Comments
11030390_400930640081911_50193945731278014_o
Local NewsStory

လက်​ဖြန့်​သူ​တွေ​နှင့် မြန်မာ​ပြည်

‘ဦး​လေး သား​ကို တစ်​ရာ​လောက် …’ ‘ဘ​ဘ သမီး​ကို ထမင်း​ဖိုး​လေး …’ ဦး​ထင်ကျော် ကား​အောက်​ကို​ခြေ​ချ​လိုက် သည်​နှင့် အနား​သို့ ကလေး​သုံး​လေး​ဦး စု​ပြုံ တိုး​လာ​ပြီး အသံ​တစာစာ​နှင့် အလုအယက် တောင်း​ကြ​တော့​သည်။ ကြည့်​လိုက်​တော့​ဆယ် နှစ်​ပင် မ​ပြည့်​တတ်​သေး​သည့်​အရွယ်​တွေ။ ညစ်​ပေ​ပေ အဝတ်​အစား​တွေ​ကိုယ်စီ​နှင့်။ တချို့​ကလေး​က စုတ်​ပြဲ​နေ​သော လွယ်အိတ် နွမ်း⁠နွမ်း​ကို စလွယ်​သိုင်း​လျက်။ အိတ်​ကပ်​ထဲ​ကို လက်​နှိုက်​ပြီး အကြွေ​ရှာ နေ​ခိုက် ဘေး​နား​သို့ ထိုး​ဆိုက်​လာ​သည့် အခြား ကား​များ​မှ ဆင်း​လာ​ကြ​သော ဘုရားဖူး​ခရီး သည်​များ​ဆီ​သို့​လည်း ပိုက်ဆံ​တောင်း​ကြ​သည့် ကလေး​အရွယ်​စုံ ရောက်​ရှိ တောင်းရမ်း​နေ ကြ​သည်​ကို လှမ်း​တွေ့​လိုက်​ရ​ပြန်​သည်။ တစ် ယောက်​နှစ်​ရာ​ကျပ်​စီ ပေးလိုက်​သည်​ကို တွေ့ လိုက်​သော …

Read more 0 Comments
11
Local News

အမျိုးသမီး​ပွဲ​တော် ရန်ကုန်​တွင် ပထမ​ဆုံး​အကြိမ်​ကျင်းပ​မည်

မြန်မာ​နိုင်ငံ​အတွင်း​က အမျိုးသမီး​တွေ​ရဲ့ အခန်း​ကဏ္ဍ​ကို မြှင့်​တင်​နိုင်​ရေး​အတွက် အမျိုးသမီး​ပွဲတော်​ကို ရန်ကုန်​မှာ မတ် ၂ ရက်​မှ ၈ ရက် အထိ သီတင်း​တ​ပတ်​ကြာ​ကျင်းပ​ဖို့​ရှိ​နေ​ပါ​တယ်။ ရန်ကုန်မြို့​နေရာ​အနှံံ​႔​ကျင်းပ​မယ့် ဒီ​ပွဲတော်​မှာ အနု​ပညာ​ပြ​ပွဲ​တွေ၊ ဂီ​တ​ပွဲတော်​တွေ၊ ရုပ်​ရှင်​ပွဲတော်​တွေ​နဲ့ အလုပ်​ရုံ​ဆွေးနွေး​ပွဲ​တွေ ပါဝင်​မှာ ဖြစ်​တယ်​လို့ ရန်ကုန်​အမျိုးသမီး​ပွဲတော် ကျင်းပ​ရေး​အဖွဲ့​က ဒေါ်​ယမင်း​အေး​က ဒီ​ဗွီ​ဘီ​ကို​ပြော​ပါ​တယ်။ ဒီ​ပွဲ​ကျင်းပ​ရ​တဲ့​ရည်​ရွယ်​ချက်​နဲ့​ပတ်သက်​ပြီးဒေါ်​ယမင်း​အေး​က “မြန်မာ​ပြည်​မှာ​ရှိ​တဲ့ အမျိုးသမီး​တွေ​ရဲ့ အခန်း​ကဏ္ဍ​ကို မြှင့်​တင် ချင်​တာ​ပါ​တယ်။ ပြီး​တော့​ဒီ​နေ့ လူ​နေ​မှု​ဘ​၀ပေါ်​မှာ​ရှိ​တဲ့ အမျိုးသမီး​အနု​ပညာ​ရှင်၊ အတတ်​ပညာ​ရှင်​တွေ​ရဲ့ ခံစား​ချက်​အမြင်​တွေ မျှဝေ​ပေး​ဖို့ ရည်​ရွယ်​ချက်​လေး​နဲ့​လုပ်​တာ။”လို့​ပြော​ပါ​တယ်။ ဒါ့​အပြင် အမျိုးသမီး​တွေ​ဟာ​နေရာ​စုံ​မှာ အောင်မြင်​နိုင်​တယ်​ဆို​တဲ့ အချက်​ကို ပြသ​ချင်​တာ​ဖြစ်​တဲ့ အကြောင်း​နဲ့ ဒီ​ပွဲတော်​မှာ အမျိုးသမီး အားလုံး​ပါဝင် စေ​ချင်​တယ်​လို့ လည်း ပြော​ပါ​တယ်။ …

Read more 0 Comments
fire_1
Local News

တရုတ်​နိုင်ငံသား​အချို့ ဗြောက်​အိုး​ဖောက်​ရာ​မှ ဂမုန်း​ပွင့်​ကုန်​တိုက်​မီးလောင်​ခဲ့​ခြင်း​ဖြစ်

ကမ္ဘာ​အေး​ဂမုန်း​ပွင့်​ကုန်​တိုက် မီးလောင်​မှု​သည် တရုတ်​နိုင်ငံသား​အချို့​က တရုတ်​နှစ်ကူး​ဗြောက်​အိုး​ဖောက်​ရာ​တွင် အသံကျယ်​စေ​ရန် ပြုလုပ်​ရာ​မှ စတင်​လောင်ကျွမ်း​ခဲ့​ခြင်း​ဖြစ်​ပြီး မီးလောင်​မှု​နှင့်​ပတ်သက်​၍ တရုတ်​နိုင်ငံသား နှစ်​ဦး​ကို ပုဒ်မ ၂​၈​၅ ဖြင့် အမှု​ဖွင့်​အရေးယူ​ထား​ကြောင်း သတင်းရ​ရှိ​သည်။ ဂမုန်း​ပွင့်​အိမ်ရာ​လေး​လွှာ​တွင် နေထိုင်​သော ဟွာ​ဝေး​ကုမ္ပဏီ​မှ တရုတ်​နိုင်ငံသား​မိသား​စု​သည် တရုတ်​နှစ်ကူး ဗြောက်​အိုး​ဖောက်​ရာ​တွင် အသံကျယ်​စေ​ရန် သုံး​ထပ်​ရှိ ခေါင်​မိုး PVC ရေ​ဆင်း​ပိုက်​အတွင်း​သို့ ဗြောက်​အိုး​ထည့်​ဖောက်​ရာ​မှ ဗြောက်​အိုး​များ ပထမ​ထပ်​ရှိ ရေ​ဆင်း​ပိုက်​အတွင်း ပေါက်ကွဲ​ကာ ပိုက်​မီးလောင်​၍ ဖက်​ရှင်​ဆိုင် အဝတ်​အစား​များ ပေါ်​သို့​ကျ​ကာ မီးလောင်​မှု​ဖြစ်ပွား​ခဲ့​သည်​ဟု မီးသတ်​ဦးစီး​ဌာန​မှ တာဝန်ရှိ​သူ​တစ်​ဦး​က​ပြော သည်။ ‘‘ပ​လတ်​စ​တစ်​ပိုက်​မှာ မီးလောင်​ပြီး အဲ​ဒီ့​ပ​လတ်​စ​တစ်​တွေ​က အရည်ပျော်​ပြီး အောက်​က အဝတ်​အစား​တွေပေါ်​ကျ​ပြီး လောင်​တာ​ပါ’’ ဟု ၎င်း​က​ပြော​သည်။ ဖေဖော်ဝါရီ ၁​၈ …

Read more 0 Comments
Made in Myanmar
Local News

Made in Myanmar

မြန်မာ​ပြည်​ထုတ် အမှတ်​တံဆိပ်​ကို နိုင်ငံ​တကာ​အထည်​ဈေး​ကွက်​မှာ ချ​ပြ​လိုက်​သည့် မ​ဖြူ​အိ​သိမ်း —————————————— မြန်မာ​ပြည်​ထုတ် အထည်​တွေ​ကို နိုင်ငံ​တကာ​ဈေး​ကွက်​တွင် နေရာ​ရအောင် ကြိုးပမ်း​နေ​သူ၊ ရက်ကန်းရက်​သူ​အမျိုးသမီး​တွေ​၏​ဘဝ​ကို မြှင့်​တင်​ပေး​သူ၊ လမ်း​ပျောက်​နေ​သည့်​အမျိုးသမီး​တွေ​ကို လမ်း​စ​ရှာ​ပေး​သူ မ​ဖြူ​အိ​သိမ်း​၏​အကြောင်း​ကို သိရှိ​နိုင်​ရန် တင်ပြ​အပ်​ပါ​သည်။

Read more 0 Comments
Myanmar conflicts in northern Shan State
Local News

စစ်​အုပ်ချုပ်​ရေး ပထမ​နေ့​တွင် တိုက်​ပွဲ​များ ထပ်မံ​ဖြစ်ပွား၊ ဗိုလ်​ကြီး​တစ်​ဦး ကျ​ဆုံး

ကိုး​ကန့်​ဒေသ​တွင် စစ်​အုပ်ချုပ်​ရေး ကြေညာ​ပြီး နောက်​တစ်​နေ့​၌ ချင်း​ရွှေဟော် မြို့​အနီး​တွင် စစ်​ယာဉ်​တန်း​တိုက်ခိုက်​ခံ​ရကာ တပ်​မတော်​မှ ဗိုလ်​ကြီး​တစ်​ဦး​ကျ​ဆုံး​ပြီး အခြား​အဆင့်​သုံး​ဦး ဒဏ်ရာ​ရ​ရှိ​ခဲ့​သည်။ ထို့​ကြောင့် ဖေဖော်ဝါရီ ၁​၅ ရက်​နောက်​ပိုင်း တပ်​မတော်​သား​သုံး​ဦး ထပ်မံ​ကျ​ဆုံး​သွား​ခြင်း ဖြစ်​ပြီး ၂​၇ ဦး ဒဏ်ရာ​ရ​ရှိ​ခဲ့​သည်။ တိုက်​ပွဲ​စတင် ဖြစ်ပွား​သည့် ဖေဖော်ဝါရီ ၉ ရက် မှ ၁​၈ ရက် အထိ တပ်​မတော်​မှ ကျ​ဆုံး​သူ စုစုပေါင်း ၅​၀ ဦး​နှင့် ဒဏ်ရာ​ရ​ရှိ​သူ ၁​၀​၀ ဦး ရှိ​ပြီ​ဖြစ်​ကြောင်း နိုင်ငံ​ပိုင်​မီ​ဒီ​ယာ​များ​၏ ထုတ်​ပြန်​ချက်​အရ သိ​ရ​သည်။ သမ္မတ​က ဖေဖော်ဝါရီ ၁​၇ ရက်​တွင် လောက်​ကိုင်​ဒေသ​၌ စစ်​အုပ်ချုပ်​ရေး ကြေညာ​ခဲ့​ပြီး ဖေဖော်ဝါရီ …

Read more 0 Comments
Beyonce-and-Jay-Z-in-Burma
EntertainmentInternationalLocal News

ကမ္ဘာကျော် အဆိုတော်​စုံ​တွဲ ဘီ​ယွန်​စေး​နှင့် ဂျေး​ဇီး ပုဂံ​သို့ နေ့ချင်း​ပြန်လာ​ရောက်​လည်ပတ်

ကမ္ဘာကျော်​အမေ​ရိ​ကန် အဆိုတော်​စုံ​တွဲ ဘီ​ယွန်​စေး​နှင့် ဂျေး​ဇီး​တို့​သည် ကိုယ်​ပိုင်​လေ​ယာဉ် ဖြင့် ပုဂံ​သို့ နေ့ချင်း​ပြန်​ခရီး​အဖြစ် ဒီဇင်ဘာ ၃​၀ ရက်​က လာ ရောက်​လည်ပတ်​ခဲ့​သည်။ ညောင်​ဦး​လေ​ဆိပ်​သို့ နေ့ လယ် ၁ နာရီ​ခွဲ​တွင် ရောက်​ရှိ​ခဲ့​ပြီး ၎င်း​တို့​နှင့်​အတူ အမျိုးသမီး​လေး ဦး​နှင့် အမျိုးသား​တစ်​ဦး​ပါဝင်​ကာ ICS ခရီးသွား​ကုမ္ပဏီ​အစီ​အစဉ် ဖြင့် လာ​ရောက်​လည်ပတ်​ခြင်း ဖြစ်​သည်။ ညောင်​ဦး​လေ​ဆိပ်​မှ​တစ် ဆင့် အပယ်​ရတနာ​ဘုရား​သို့ သွား​ရောက်​လည်ပတ်​ခဲ့​ပြီး ထို​မှ တစ်​ဆင့် စက်ဘီး​များ​စီး​၍ မြင်းက ပါ​ရွာ​ကို​ဖြတ်​ကာ ရွှေ​ဆံတော်​ဘုရား​သို့ သွား​ရောက်​လေ့​လာ​ခဲ့​သည်။ ထို့နောက် စက်ဘီး​များ​စီး ကာ ဓမ္မ​ရံ​ကြီး​ဘုရား​နှင့် အာနန္ဒာ ဘုရား​များ​သို့ သွား​ရောက်​ခဲ့​ပြီး အာနန္ဒာ​ဘုရား​မှ​တစ်​ဆင့် ထီး​လို မင်း​လို​ဘုရား​သို့ ကား​ဖြင့်​သွား …

Read more 0 Comments
ar-br
Local Newsစီးပွား​ရေး

ကား​သွင်း​ရာ​တွင် အနိမ့်​ဆုံးမော်​ဒယ် သတ်​မှတ်ချက် တိုး​မြှင့်

ကား​သစ်(Brand New) များ တင်​သွင်း​ရာ​တွင် ဇန်နဝါရီ ၁​၇​ရက်​မှ​စ​၍ ဘယ်​မောင်း​သာ သွင်း​ခွင့်​ပေး​တော့​မည်​ဖြစ်​ပြီး အနိမ့်​ဆုံးမော်​ဒယ်​သတ်​မှတ်ချက်​ကို မော်တော်​ယာဉ်​တင်​သွင်း​ခွင့်​ဆိုင်​ရာ ကြီးကြပ်​ရေးကော်​မ​တီ​က ထုတ်​ပြန်​လိုက်​သည်။ ‘‘အခု​ကြေညာ​ချက်​တွေ​ကို ကား​အရောင်း​ပြ​ခန်း​တွေ၊ အရောင်း​စင်​တာ​တွေ​ကို ပေး​ထား​ပြီး​ပြီ။ ဘယ်​မောင်း​ပြောင်း​တာ​နဲ့ မော်​ဒယ်​တစ်​နှစ်​တိုး​ပဲ ရှိ​တယ်။ ကျန်​တာ​တွေ​ကတော့ သိပ်​အများ​ကြီး​ပြောင်း​တာ​မ​ရှိ​ဘူး’’ဟု မော်တော်​ယာဉ်​အရောင်း​ပြ​ခန်း​လုပ်​ငန်း​ရှင်​တစ်​ဦး​က​ပြော​သည်။ အနိမ့်​ဆုံး​တင်​သွင်း​နိုင်​သည့် နှစ်​ကို တစ်​နှစ်​တိုး​မြှင့်​သတ်​မှတ် လိုက်​ခြင်း​ဖြစ်​ပြီး မော်​ဒယ်​အလိုက် သတ်​မှတ်​ခွင့်​ပြု​ချက်​များ​ကို ဒီဇင်ဘာ ၁​၅ ရက်စွဲ​ဖြင့် ထုတ်​ပြန်​လိုက်​ခြင်း​ဖြစ်​သည်။ ‘‘ကား​တွေ​ဈေး​ကွက်​ထဲ​မှာ အများ​ကြီး​ရှိ​နေ​တော့ အများ​ကြီး ထိခိုက်​မှာ​မဟုတ်​ဘူး။ အစိုးရ​က ဒီ​လို​လုပ်​တာ​က​လည်း ဖြစ်​ရိုး​ဖြစ်​စဉ်​တစ်​ခု​ပါ။ ဈေး​မြှင့်​တင်​ပြီး​ရောင်း​တဲ့​ကား​က ရောင်း​ထွက်​မှာ​မဟုတ်​ဘူး။ အခွန်​လျှော့ပေး​မယ်​ဆို​ရင်​တော့ ဈေး​ကွက်​အပြောင်း​အလဲ ရှိ​သွား​နိုင်​တယ်’’ ဟု ကား​ဝယ်​ရောင်း ဦး​သန်း​နိုင်​က ပြော​သည်။ ထို့​ကြောင့် ယာဉ်​အို​ယာဉ်​ဟောင်း …

Read more 0 Comments
20060108_burma
Local News

လက်ဆင့်ကမ်း​ရ​မည့် ကြေး​ကွင်း​လေး​များ

အရောင်​တောက်တောက် ကြေးဝါ​ကွင်း ၂​၀ ခန့်​စွပ်​ထား​သည့် လည်တိုင်​သွယ်⁠သွယ်​ရှည်⁠ရှည်​လေး​က အမှောင်​ရိပ်​ထဲ​တွင် ဟို​ယိမ်း​သည်​ခါ လှုပ်ရှား​နေ​သည်။ လျှပ်စစ်မီး​မ​ရှိ​သော အလုံပိတ်​ဝါးထရံ​ကာ အိမ်​ကလေး​ထဲ​၌ က​ယန်း​လ​ဝီ (ပ​ဒေါင်) တိုင်း​ရင်း​သူ အမယ်​အို ဒေါ်​မူ​ဆူ လမ်းလျှောက်​နေ​ခြင်း ဖြစ်​သည်။ ဒေါ်​မူ​ဆူ့​အသက် (၇​၄) နှစ် ရှိ​ပြီ။ သူ့​လည်ပင်း​က ကြေး​ကွင်း တို့​လည်း သက်​တမ်း​ရင့်​လာ​ကြ ပြီ။ ဘဝ​လမ်းခရီး​ရှည်​လာ​သည် နှင့် အမျှ သူ့​မှာ သားသမီး၊ မြေး များ​နှင့် ကိုယ်​ပိုင်​မိသား​စု​ဝင် ၁​၀ ယောက်​ခန့်​ပင် တိုးပွား​ပိုင်ဆိုင် နေ​ပါ​ပြီ။ သို့သော်​သူ​နှင့် သူ့​သမီး တစ်​ယောက်​က​လွဲ​လျှင် ကျန်​မိ သား​စု​ဝင်​များ​က ရှေး​နှစ်​ပေါင်း များ​စွာ​ကတည်းက အစဉ်​အလာ ရိုးရာ​ဆင်ယင်​မှု​ဖြစ်​သည့် လည် ပင်း​ကြေး​ကွင်း​စွပ်​ခြင်း​ကို …

Read more 0 Comments
DSC_4878
Local News

ဗုဒ္ဓ​ရုပ်​ပွားတော်​ကို နား​ကြပ်​တပ်ကြော်​ငြာ​သော ဘား​ဆိုင်​မှ တာဝန်ရှိ​သူ​သုံး​ဦး​ကို အာမခံ​မ​ပေး

ဗုဒ္ဓ​ရုပ်​ပွားတော်​ကို နား​ကြပ်​တပ်​ထား​သော ပုံ​ဖြင့် ကြော် ငြာ​ခြင်း​ကြောင့် ဖမ်းဆီး​ခံ​ရ​သည့် VGastro Bar ဆိုင်​မှ တာဝန်ရှိ​သူ သုံး​ဦး​အား ဒီဇင်ဘာ ၁​၁ ရက်​တွင် စတင်​ရုံး​ထုတ်​စစ်ဆေး​ခဲ့​ပြီး အာမ ခံ​မ​ပေး​ကြောင်း ဗ​ဟန်း​မြို့​နယ် တရားသူကြီး​က ပြော​သည်။ ဘား​ဆိုင်​ကို ဗုဒ္ဓ​ရုပ်​ပွားတော်​ပုံ​ဖြင့် ကြော်ငြာ​သည့် VGa-stro Bar ဆိုင်​မှ ဆိုင်​ပိုင်​ရှင် ဦး​ထွန်း​သူ​ရိန်၊ မန်နေဂျာ​ထွဋ်​ကို⁠ကို​လွင်​နှင့် အထွေ​ထွေ​မန်နေဂျာ န​ယူး​ဇီ​လန်​နိုင်ငံသား ဖီး​လစ်​တို့​ကို ဒီဇင်ဘာ ၁​၁ ရက် မွန်း​လွဲ ၁ နာရီ​က ဘာသာ​သာသနာ​ညှိုးနွမ်း​စေ​မှု ပုဒ်မ ၂​၉​၅၊ ၂​၉​၅ (က) ဖြင့် တရားစွဲဆို​ခဲ့​ခြင်း ဖြစ်​သည်။ ၎င်း​တို့​အား ရုံး​ထုတ်​စစ်ဆေး​မှု​ကို စောင့်​ကြည့်​ရန် အမျိုး​ဘာသာ …

Read more 0 Comments