Posts in category Movie


86th Annual Oscars Arrivals
Movie

ကိုယ်​ရည်​ကိုယ်​သွေးပြောင်း​လဲ​တတ်​သူ​လို သရုပ်ဆောင်​မယ့် လီ​ယို​နာ​ဒို

အမေ​ရိ​ကန် သရုပ်ဆောင်​မင်းသား လီ​ယို​နာ​ဒို ဒီ​ကပ်​ပ​ရီ​ယို​သည် The Crowded Room ရုပ်​ရှင်​ဇာတ်​ကား​တွင် ကိုယ် ရည်​ကိုယ်​သွေး ၂​၄ မျိုးရှိ သူ​အဖြစ် သရုပ်ဆောင်​မည်​ဖြစ် သည်။ လီ​ယို​နာ​ဒို​၏ ရုပ်​ရှင်​ထုတ် လုပ်​ရေး​ကုမ္ပဏီ Appian Way နှင့် လော့စ်​အန်​ဂျ​လိစ်​မြို့ အခြေ စိုက် New Regency ရုပ်​ရှင်​ထုတ် လုပ်​ရေး​ကုမ္ပဏီ​တို့​ပူးပေါင်း​၍ ယင်း​ဇာတ်​ကား​ကို ထုတ်​လုပ် မည်​ဖြစ်​သည်။ The Crowded Room ရုပ် ရှင်​ဇာတ်​ကား​သည် စာရေး​ဆရာ ဒန်​နီ​ယယ်​ကီးစ်​ရေးသား​သော The Minds of Billy Milligan စာအုပ်​ကို​အခြေ​ခံ​ရိုက်​ကူး​မည် ဖြစ်​သည်။ အမေ​ရိ​ကန်​နိုင်ငံသား ဘီ​လီ မီ​လီ​ဂန်​သည် ၁​၉​၇​၀ ပြည့်​နှစ်​ဝန်း …

Read more 0 Comments
Movie

Before I Go To Sleep

ကမ္ဘာကျော်​ဝတ္ထု​ကို အသက်​သွင်း​ပုံဖော်​ထား​တဲ့ လျှို့​ဝှက်​ဆန်းကြယ်​သည်း​ထိတ်​ရင်​ဖို ဇာတ်​ကား​လေး​အကြောင်း ဖော်​ပြ​ချင်​ပါ​တယ်။ စိတ်​သောက​ရောက်​စရာ မတော်တဆ​မှု​ကြောင့် မှတ်ဉာဏ်​ပျောက်​ဆုံး​နေ​တဲ့ အမျိုးသမီး​တစ်​ဦး​အကြောင်း ဇာတ်​အိမ်ဖွဲ့​ရိုက်​ကူး​ထား​တာ​ပါ။ အသက် (၄​၀) အရွယ် ခ​ရစ္စ​တင်း​လူ​ကက်စ်​အိပ်ရာ​က နိုး​လာ​ချိန်​မှာ​တော့ ဘယ်​မှန်း​မ​သိ​တဲ့ အမျိုးသား​တစ်​ယောက်​နဲ့ အကျွမ်းတဝင်​မ​ရှိ​တဲ့ အိမ်​ထဲ​မှာ အိပ်​နေ​တာ​ကို တွေ့​ရ​ပါ​တယ်။ အဲ​ဒီ​အမျိုးသား​က ခ​ရစ္စ​တင်း​ရဲ့ ခင်ပွန်း ဖြစ်​သူ ဘန်​ဖြစ်​ပြီး လွန်​ခဲ့​တဲ့ ၁​၀ နှစ်​လောက်​တုန်း​က ယာဉ်​မတော်တဆ​မှု ပြင်း​ပြင်းထန်​ထန်​ဖြစ်​ခဲ့​တာ​ကြောင့် မှတ်ဉာဏ်​ပျောက်​တဲ့ ရောဂါ​ကို ခ​ရစ္စ​တင်း​ခံစား​နေ​ခဲ့​ရ​တာ​ပါ။ ခ​ရစ္စ​တင်း​ဟာ ဦးနှောက်​နဲ့ အာရုံကြော​ပါ​ရ​ဂူ ဒေါက်​တာ နက်စ်ခ်ျ​နဲ့ ရောဂါ​ကု​သ​နေ​တာ​ဖြစ်​ပြီး ခ​ရစ္စ​တင်း​ရဲ့ နေ့စဉ်​ပြု​မှု​လှုပ်ရှား​တာ​တွေ​ကို ဘန်​မ​သိ​အောင် ကင်​မ​ရာ​နဲ့ ရိုက်​ကူး​ထား​စေ​ပြီး မနက်​တိုင်း ပြန်​ကြည့်​ခိုင်း​ခဲ့​ပါ​တယ်။ ဒီ​လို​နဲ့ ကု​သလာ​ရင်း တစ်​နေ့​မှာ …

Read more 0 Comments
Movie

War Dance

“တရက်​မှာ​ကျနော့်​အမေ​အိမ်​ပြန်လာ​တယ်။သူ​က​တိတ်ဆိတ်​လို့။စကား​တ​လုံး​မှ​မ​ပြော​ဘူး။
ကျနော်​က​မေး​တယ်။ “အဖေ​ဘယ်​မှာ​ကျန်​နေ​ခဲ့​တာ​လဲ အမေ”

Read more 0 Comments
EntertainmentMovie

ကို​ရီး​ယား​ဒ​ရာ​မာ​ဇာတ်​လမ်း​တွဲ​ဆု သိမ်းကျုံး​ဆွတ်​ခူး​သွား​တဲ့ You Who Came From The Star

SBS ရုပ်​သံ​လိုင်း​မှ ထုတ် လွှင့်​ပြသ​ခဲ့​သော You Who Came From The Star ဒ​ရာ​မာ ဇာတ်​လမ်း​တွဲ​သည် ၂​၀​၁​၄ ကို​ရီး ယား​ဒ​ရာ​မာ​ဇာတ်​လမ်း​တွဲ ထူး ချွန်​ဆုပေး​ပွဲ (KDA) ၌ ဆု​အများ ဆုံး ဆွတ်​ခူး​ခဲ့​သည်။ You Who Came From The Star ဇာတ်​လမ်း​တွဲ​သည် ၂​၀​၁​၄ ခု​နှစ်​အတွက် အကောင်း ဆုံး​ဒ​ရာ​မာ​ဇာတ်​လမ်း​တွဲ​ဆု​ကို ရ​ရှိ​ခဲ့​သည်။ ယင်း​ဇာတ်​လမ်း​တွဲ​ဖြင့် ကင်​ဆူ​ဟွန်း​သည် ဆုပေး​ပွဲ​၏ ဂုဏ်​သ​တင်း​အကြီး​ဆုံး​ဆု​ဖြစ် သော Daesang ဆု​အပြင် အာ​ရှ​တစ်​ဝန်း​၌ ကျော်​ကြား​မှု​အတွက် Hallyu Hot Star ဆု​ကို​လည်း ရ​ရှိ​ခဲ့​သည်။ You Who …

Read more 0 Comments
EntertainmentMovie

မာယာ​များ​တဲ့ အကယ်​ဒ​မီ​ပွဲ

၁​၉​၅​၂ ခု​နှစ်​က စတင်​၍ အနု​ပညာ​လောက​နှင့် အနု​ပညာ​သမား​များ​ကို အသိ​အမှတ်ပြု​ခဲ့​တဲ့ နိုင်ငံ တော်​အစိုးရ၊ တ​နည်း​အား​ဖြင့် ရုပ်​ရှင်​အနု​ပညာ​ရှင်​များ​၏ သရုပ်ဆောင်​မှု အတတ်​ပညာ​ကို အသိ​အမှတ်ပြု ခဲ့​တဲ့ ရုပ်​ရှင်​အကယ်​ဒ​မီ​ထူးချွန်​ဆု ချီးမြှင့်​ပွဲ​သည် ယခု​ဆို​လျှင် အနှစ် (၆​ဝ) ကျော်​လွန်​ခဲ့​ပြီ ဖြစ်​သည်။ ၁​၉​၅​၂ ခု​နှစ်​မှ စတင်​၍ ၂​ဝ​၁​၃ ခု​နှစ်​အထိ ထူးချွန်​ဆု​ပေါင်း (၃​ဝ⁠ဝ) ကျော် ဆု​ချီးမြှင့်​ပြီး​ခဲ့​သည်​ကို ကျွန်တော်​သိ​ခဲ့​ရ သည်။ ၁​၉​၄​၅ ခု​နှစ်​တွင် မြန်​မာ့​ရုပ်​ရှင်​ငွေ​ရတု​သဘင် အထိမ်းအမှတ်​ပွဲ​ကြီး​ကို မြန်မာ​ပြည် ဘုရင်​ခံ ဆာ​ဟူး ဘတ်​ရန့်(စ်)နှင့် အမျိုးသား​ခေါင်းဆောင်​ကြီး ဗိုလ်​ချုပ်​အောင်​ဆန်း​တို့​သည် မြန်​မာ့​ရုပ်​ရှင် အနု​ပညာ​ရှင်​များ အား တ​လေး​တ​စား အသိ​အမှတ်ပြု​စွာ​ဖြင့် တက်​ရောက်​ချီးမြှင့်​ခဲ့​သေး​သည်။ လွန်ခဲ့သော ၁​၉​၅​၂ …

Read more 0 Comments
Movie

နှလုံးသား​ဖြင့် ပြုလုပ်​သည်

အချစ်​အပေါ် တန်ဖိုး​ထား​လေ​စေ​ရန်၊အချစ်​မေတ္တာ​တို့​အပေါ် လိမ်လည်​လှည့်ဖြား​ပါ​က ဒုက္ခ ရောက်​တတ်​ကြောင်း​သိရှိ​စေ​ရန်၊ အချစ်၊မေတ္တာ​ကို အသုံးပြု က​လဲ့​စား​ချေ​ပါ​က မိမိ​ပြန်​ခံ​ရ​ကြောင်း သိရှိ​စေ​ရန် ရည်​ရွယ်​ချက်​ဖြင့် ဒါ​ရိုက်​တာ ဝိုင်း ရိုက်​ကူး​ပြီး လပ်​ကီး​ဆဲ​ဗင်း​ရုပ်​ရှင်​နှင့် ဗီ​ဒီ​ယို ထုတ်​လုပ်​ရေး​မှ တင်​ဆက်​လိုက်​သည့် “ နှလုံးသား​ဖြင့်​ပြုလုပ်​သည် ” ရုပ်​ရှင်​ဇာတ်​ကား စာ​နယ်​ဇင်း အထူး​ပွဲ​ကို ရန်ကုန်မြို့ သမ္မတ အဆင့်​မြင့်​ရုပ်​ရှင်​ရုံ​တွင် ပြသ​ခဲ့​သည်။ သစ္စာ​ရဲရဲနီ မှာ ချမ်းသာ​ကြွယ်​ဝ​ပြီး ဓန​ဂုဏ်မောက်​မာ​သည့် ဦး​သစ္စာ​၏ သမီး​ဖြစ်​၏။ အိမ်​မှ ဒ​ရိုင်​ဘာ​၏ သား သီ​ဟ​၏ ချစ်​ရေး​ဆို​ခြင်း​ကို ခံ​ရ​သည့်​အခါ မာန​ခေါင်​ခိုက်​နေ​သည့် သစ္စာ​ရဲရဲနီ​က သီ​ဟ​အား ရယ်​စရာ၊ကစား​စရာ လူ​တစ်​ယောက်​ပမာ သဘောထား​ကာ နည်း​မျိုး​စုံ​နှင့် အနိုင်ကျင့် နှိပ်စက်​သည်။ သစ္စာ​ရဲရဲနီ​၏ …

Read more 0 Comments
Movie

Dawn of The Planet of The Apes

ရုပ်​ရှင်​ရုံ​တွေ​မှာ ပြိုင်ဘက်​မ​ရှိ​အောင် ဝင်ငွေ​အမြောက်​အများ​နဲ့ အကျိုး​ရ​လာဒ်​ရ​ရှိ​စေ​ခဲ့​တဲ့ Dawn of the Planet of the Apes ဇာတ်​ကား​ကို ရုံ​တင်ပြ​သ​ရာ​မှာ ဘာ​အခက်​အခဲ​မှ မ​ရှိ​ခဲ့​ပါ​ဘူး။ Dawn ရုပ်​ရှင်​ကား​ဟာ အားလပ်​ရက်​စနေ၊ တနင်္ဂနွေ အတောအတွင်း​မှာ ခန့်​မှန်း​ချက်​အရ ဒေါ်လာ ၇​၃ မီ​လျံ အထိ​ရ​ရှိ​စေ​ခဲ့​ပြီး Transformers: Age of Extinction ရဲ့ သုံး​ပတ်​အတွင်း ဒေါ်လာ ၁​၆.၅ မီ​လျံ​ရ​ရှိ​ခဲ့​တဲ့ အောင်မြင်​မှု ပမာဏ​ကို ကျော်​လွှား​သွား​နိုင်​ခဲ့​ပါ တယ်။ ဇူလိုင်​လ​အတွင်း ရုံ​တင်ပြ​မယ့် ဇာတ်​ကား​တွေ​ထဲ​က တစ်​ကား​အပါအဝင်​ဖြစ်​တဲ့ Tammy ဟာ ၁​၂.၉ မီ​လျံဒေါ်​လာ​နဲ့ တတိယ နေရာ​ကို ထိုး​ကျ​သွား​ခဲ့​ပါ​တယ်။ Jump …

Read more 0 Comments
Movie

Endless Love

နူး​နူးညံ့​ညံ့ အချစ်​ဇာတ်​လမ်း​တွေ​ကို ကြည့်​ချင်​သူ​တွေ​အတွက် Endless Love ဆို​တဲ့ လူ​ငယ် အချစ်​ဇာတ်​ကား​လေး​ကို ကြည့် စေ​ချင်​ပါ​တယ်။ သူ​က ၁​၉​၈​၁ ခု​နှစ်​က နာမည်ကြီး​ခဲ့​တဲ့ Endless Love ဇာတ်​ကား​ကို​ပဲ ယနေ့​ပုံစံ ပြန်လည်​အသက်​သွင်း​ထား​တာ ပါ။ နာမည်ကြီး​ဝတ္ထု​တစ်​ပုဒ်​လည်း ဖြစ်​ပါ​တယ်။ ဂျိတ်ဒ်​က လှပ​ပေ​မယ့် အရှက်​အကြောက်​ကြီး​သူ မိန်း​ကလေး တစ်​ယောက်။ အထက် တန်း​ကျောင်း​ပြီး​လို့ နာမည်ကြီး ဘ​ရောင်း​တက္ကသိုလ်​ကို တက်​ဖို့ ပြင်ဆင်​နေ​သူ။ သူ့​ကို​ကျောင်း​မှာ ဝေး⁠ဝေး​က​နေ စောင့်​ကြည့်​ပြီး သဘောကျ​နေ​တဲ့​ကောင်​လေး​က တော့ ဒေး​ဗစ်​ပေါ့။ အထက်​တန်း အောင်​လို့ မိဘ​တွေ​က ဂျိတ်ဒ်​ကို​ဂုဏ်​ပြု​ည စာ​ကျွေး​တော့ အဲ​ဒီ​စား​သောက် ဆိုင်​မှာ​အလုပ်​လုပ်​နေ​တဲ့ ဒေး​ဗစ် နဲ့ ဂျိတ်ဒ်​တို့​ဆုံမိ​ကြ​တယ်။ အထက် …

Read more 0 Comments