Posts in category Sports


15
Sports

ခရစ်​ကတ်​ဘော​လုံး ထိ​လို့ ဩစတြေးလျ ကစားသမား သေ​ဆုံး

ဩစတြေးလျ​နိုင်ငံ​က ခရစ်​ကက် အား​ကစားသမား Phil Hughes ဟာ ဒီ​တ​ပတ်​ထဲ ကျင်းပ​တဲ့ ပြိုင်​ပွဲ​အတွင်း သူ့​ဦးခေါင်း​ကို ခရစ်​ကက် ဘော​လုံး ထိ​မှန်​ခဲ့​ပြီး ဒီ​က​နေ့​မှာ သေ​ဆုံး​သွား​ပါ​ပြီ ။ South Australia အသင်း​နဲ့ New South Wales အသင်း​တို့ ဆစ်​ဒ​နီ​မြို့​မှာ ယှဉ်​ပြိုင် ကစား​ကြ​တုန်း ဘက်​တန်​က စင်​ထွက်​လာ​တဲ့ ဘော​လုံး​က Phil Hughes ရဲ့​ဘယ်​ဖက်​နား အနောက်​ဖက်​ကို ထိ​မှန်​ခဲ့​တာ​ပါ။ အသက် ၂​၅​နှစ်​အရွယ် Phil Hughes ဒီ​နေ့ သေ​ဆုံး​သွား​ကြောင်း အား​ကစား အသင်း​ရဲ့ ဆရာဝန် Peter Brukner က ပြော​ပါ​တယ်။ အင်္ဂါနေ့​က ခရစ်​ကက်​ဘော​လုံး ထိ​မှန်​ခဲ့​တဲ့ …

Read more 0 Comments
Sports

ဂိုး​သွင်း​ယူ​ပြီး​နောက် Miroslav Klose လို ကျွမ်းထိုး​အောင်ပွဲ​ခံ​ရာ အကျ​မတော်​တဲ့​အတွက် အိန္ဒိယ​ဘော​လုံး​သမား Peter Biaksangzuala သေ​ဆုံး

Bethlehem Vengthlang FC နဲ့ Chanmari West FC တို့​ပွဲ​ယှဉ်​ပြိုင်​ကစား​တဲ့ ပွဲ​ချိန် ၆​၂ မိ​နစ်​မှာ Bethlehem Vengthlang FC အတွက် Peter Biaksangzuala ဂိုး​သွင်း​အပြီး Miroslav Klose အောင်ပွဲ​ခံ​သ​လို ကျွမ်းထိုး​အောင်ပွဲ​ခံ​ဖို့ ကြိုးစား​လုပ်ဆောင်​ခဲ့​တာ​ပါ။ အသက် ၂​၃ နှစ်​ရှိ​တဲ့​သူ​ဟာ ကျွမ်းထိုး​ပြီး​အကျ မြေပြင်​ကို ခေါင်း​နဲ့​ကျ​ခဲ့​တာ​ကြောင့် ကွင်း​အလယ်​မှာ ပြန်​မ​ထ​နိုင်​ဖြစ်​ခဲ့​တယ်။ Biakzangzuala ဟာ လည်ပင်း​ရိုး ကျိုး​ပျက်​သွား​ပြီး ဆေး​ရုံ​တင်​ခဲ့​ပေ​မယ့် တနင်္ဂနွေနေ့​မနက်​ပိုင်း ဆး​ရုံ​မှာ ဝမ်းနည်း​ကြေကွဲ​စွာ သေ​ဆုံး​သွား​ခဲ့​ပါ​တယ်။ သူ​ဟာ Germany နိုင်ငံ ဘော​လုံး​သမား Klose နောက်​ကျွမ်း​ပစ်​ဂိုး​ရအောင်​ပွဲခံ​သ​လို လိုက်​လုပ်​ဖို့ ကြိုးစား​ခဲ့​ပေ​မဲ့ ကံ​မ​ကောင်း​ဘဲ ရွယ်​ရည်​ထား​သ​လို​ဖြစ်​မ​လာ​ခဲ့​တာ​လို့ …

Read more 0 Comments
Sports

ဂုဏ်​ယူ​ပါ​တယ် မြန်မာ ယူ-၁​၉

ကာ​တာ​အသင်း​ကို အ ချိန်​ပို​သွင်း​ဂိုး​ဖြင့် ရှုံး​နိမ့်​ခဲ့သော် လည်း မြန်မာ​ကစားသမား​များ​၏ စွမ်း​ဆောင်​ရည်​ကို ဂုဏ်​ယူ​မိ ကြောင်း မြန်မာ ယူ-၁​၉ အသင်း နည်း​ပြ​ချုပ် ဂတ်​ဖ​ရိုင်း​ဒ​ရစ်​က ပြော​သည်။ ‘‘မြန်မာ​အသင်း​ရဲ့ ဒီ​နေ့ စွမ်း ဆောင်​ရည်​ကို အရမ်း​ကျေနပ်​ပါ တယ်။ ဒီ​လောက် စွမ်း​ဆောင်​ရည် ကို တွေ့​ပြီး​တဲ့​နောက်​မှာ​တော့ မြန်မာ​အသင်း​ရဲ့ နည်း​ပြ​ဖြစ်​ရ​တာ ဂုဏ်​ယူ​တယ်​လို့ ပြော​ရဲ​သွား​ပါ​ပြီ’’ ဟု အောက်တိုဘာ ၂​၀ ရက်​က သု​ဝဏ္ဏ​ကွင်း​၌ ယှဉ်​ပြိုင်​ကစား​ခဲ့ သည့် အာ​ရှ ယူ-၁​၉ ပြိုင်​ပွဲ အကြို ဗိုလ်​လု​ပွဲ​စဉ်​တွင် ကာ​တာ​အသင်း ကို အချိန်​ပို​သွင်း​ဂိုး ၂-၃ ဂိုး​ဖြင့် ရှုံး​နိမ့်​ခဲ့သော်​လည်း မစ္စတာ​ဂတ် က မြန်မာ​အသင်း​အတွက် …

Read more 0 Comments
Sports

သိပ်တော်​တဲ့​စာ​ပွဲ​ထိုး ( မ​ရီ​ရ​ရင် ပါးရိုက်​သွား)

လူ​တစ်​ယောက် စား​သောက်​ဆိုင်​တစ်​ဆိုင်​မှာ အစား​သွား​စား​တယ်။ အစားစား​နေ​ချိန်​မှာ မတော်တဆ ဇွန်း​ပြုတ်​ကျ​သွား​တယ်။ ဘေး​မှာ​ရပ်​နေ​တဲ့ စားပွဲ​ထိုး​က ချက်ချင်း​ပဲ ဘောင်းဘီ​အိတ်​ထဲ​က​နေ ဇွန်း​တစ်​ချောင်း​ထုတ်ပေး​တယ်။ ဒါ​ကို သူ​က​တ​အံ့​တ​ဩ​နဲ့ စားပွဲ​ထိုး​ကို မေး​တယ်။ “ဘာ​ဖြစ်​လို့ ဇွန်း​ကို ဘောင်းဘီ​အိတ်​ထဲ ထည့်​ထား​ရ​တာ​လဲ?” စားပွဲ​ထိုး……. “ကျွန်တော်​တို့​အထက်က အကြံပေး​လူကြီး​တွေ​က ကျွန်တော်​တို့​ရဲ့​အလုပ်​ကို ပို​တိုးတက်​ကောင်းမွန်​အောင်ဆို​ပြီး အပြောင်း​အလဲ လုပ်​လိုက်​တယ်။ စား​သုံး​သူ​တွေ မတော်တဆ ဇွန်း​ပြုတ်​ကျ​သွား​ရင် ကျွန်တော်​တို့ ကိုယ်ပေါ်​က​နေ ချက်ချင်း​ထုတ်ပေး​နိုင်​အောင် စီစဉ်​ထား​တယ်။ ဒီ​လို​ပြောင်းလဲ​လိုက်​တာ​နဲ့ အလုပ်​ရဲ့​တိုးတက်​နှုန်း​က ၃​၁% ရှိ​သွား​ပါ​တယ်။ ဒါ​ဟာ မီးဖို​ထဲ​ထိ ဇွန်း​သွား​ယူ​မယ့် အသွားအလာ​ချိန်​ကို သက်သာ​စေ​ပါ​တယ်” “အင်း သိပ်​ကောင်း​တဲ့ အကြံ​ပါ​ပဲ” ဒီ​လို​နဲ့ စား​သောက်​ပြီး​ငွေ​ရှင်း​ဖို့ ကောင်​တာ​ဆီ သူ​သွား​လိုက်​တယ်။ အဲ​ဒီ​မှာ …

Read more 0 Comments
EntertainmentInternationalSports

ကမ္ဘာ့​အသန်​မာ​ဆုံး ဘုန်းကြီး

ကမ္ဘာ့ အသန်​မာ​ဆုံး ဘုန်းကြီး​အဖြစ် နာမည်​ပေး​ခံ​ခဲ့​ပြီး​တဲ့ Rev. Dr. Kevin Fast ရဲ့ အလေး​မ​စွမ်း​ရည်​ဟာ ဘုရားသခင်​ရဲ့​ဆု​ကျေးဇူး​ဖြစ်​ပါ​တယ်။ ၁​၉ ရာ​စု​ရဲ့​စွမ်းအား​ရှင်Louis Cyr ဆီ​မှ လှုံ့ဆော်​မှု ရ​ရှိ​ပြီး​တဲ့​အချိန်​မှ​စ နှစ်​နဲ့​ချီ မ​ယုံ​နိုင်​လောက်​အောင် အလေး​မ​စွမ်း​ရည်​ကို အသက် ၅​၁ နှစ်​ရှိ က​နေ​ဒါ​လူ​မျိုး Pastor ပြသ​လာ​ခဲ့​တာ​ပါ။ တန်​ချိန် ၁​၈​၉ အလေး​ချိန်​ရှိ အလေး​အများ​ဆုံး လေ​ယာဉ်​ကို တစ်​ယောက်​အား​ဖြင့်​ဆွဲ​တာ၊ အလေး​ဆုံး ထ​ရပ်(ခ်)ကား လက်​တစ်ဖက်​တည်း​ဖြင့် ဆွဲ​တာ၊ အလေး​လံ​ဆုံး စက်​ယန္တ​ယား​ကို ပေ​တစ်​ရာ​ထိ ဒ​ရွတ်​တိုက်​ဆွဲ​သွား​တာ၊ ပု​ခုံး​နှစ်​ဖက်​နဲ့ အလေး​ချိန် ၅​၀​၀ ကီ​လို​ဂ​ရမ်​ကို အချိန်​အကြာ​ဆုံး ထမ်း​ထား​နိုင်​တာ​တွေ​ဟာ ကမ္ဘာ့ ဂေး​နစ်စ်​ချိန်​စံ​တွေ​ကို မှတ်တမ်း​စေ​နိုင်​ခဲ့​ပါ​တယ်။ တခြား​ထူးခြား​တဲ့ …

Read more 0 Comments
Sports

မြန်မာ​ပြည် ချန်​ပီ​ယံ​သရဖူ ထွန်း⁠ထွန်း​မင်း​သိမ်းပိုက်

၂​၀​၁​၄ ခု​နှစ် စက်​တင် ဘာ ၂​၁ ရက်​တွင် ယှဉ်​ပြိုင်​ခဲ့​သည့် မြန်မာ​ပြည် လက်​ဝှေ့​ချန်​ပီ​ယံ​လု​ပွဲ​တွင် ဆီး​ဂိမ်း​ရွှေ​တံဆိပ်​ဆု​ရှင် ထွန်း⁠ထွန်း​မင်း​က လက်​ရှိ​ချန်​ပီ​ယံ​ကို အနိုင်​ယူ​ပြီး မြန်မာ​ပြည်​ချန်​ပီ​ယံ​သစ်​ဖြစ်​ခဲ့​သည်။ ရန်ကုန်မြို့​သိမ်​ဖြူ မိုး​လုံ​လေ လုံ​အား​ကစား​ခန်းမ​၌ ကျင်းပ သည့် မြန်မာ​ပြည်​ချန်​ပီ​ယံ​လု​ပွဲ တွင် လက်​ရှိ​ချန်​ပီ​ယံ စော​င​မန်း​နှင့်​၂​၀​၁​၃ ခု​နှစ် ဆီး​ဂိမ်း​ရွှေ​တံဆိပ်​ဆု ရှင် ထွန်း⁠ထွန်း​မင်း​တို့ ယှဉ်​ပြိုင်​ခဲ့ ကြ​ပြီး ထွန်း⁠ထွန်း​မင်း​၏ ခေါင်း တိုက်​ချက်​ကြောင့် စော​င​မန်း​မှာ ပထမ​အချီ​အတွင်း အနား​တောင်း ခဲ့​ရ​သည်။ ထို့နောက် ပြိုင်​ပွဲ​ကို ဆက် လက်​ယှဉ်​ပြိုင် ထိုး​သတ်​ခဲ့​ရာ စတုတ္ထ​အချီ တစ်​မိ​နစ် ၃​၄ စက္ကန့် တွင် ထွန်း⁠ထွန်း​မင်း​က စော​င​မန်း ကို အလဲ​ထိုး​အနိုင်​ယူ​နိုင်​ခဲ့​သည်။ …

Read more 0 Comments
ကို​လံ​ဘီ​ယာ အမျိုးသမီး အသင်း ဝတ်​စုံ​ကို နိုင်ငံ​တကာ စက်ဘီး အဖွဲ့​ချုပ် ကန့်ကွက်
Sports

ကို​လံ​ဘီ​ယာ အမျိုးသမီး အသင်း ဝတ်​စုံ​ကို နိုင်ငံ​တကာ စက်ဘီး အဖွဲ့​ချုပ် ကန့်ကွက်

ကို​လံ​ဘီ​ယာ​အမျိုးသမီး စက်ဘီး​အသင်း​က ဝတ်ဆင်​ခဲ့​တဲ့ ဝတ်​စုံ​ဟာ အဝတ် မ​ဝတ်​ထား​တဲ့ ကိုယ်​လုံး​တီး​ပုံစံ ဖြစ်​နေ​တဲ့​အတွက် လက်မ​ခံ​နိုင်​ဘူး​လို့ နိုင်ငံ​တကာ စက်ဘီး​အဖွဲ့​ချုပ်​က ပြော​ပါ​တယ်။ အီ​တ​လီ​မှာ ကျင်းပ​နေ​တဲ့ ပြိုင်​ပွဲ​အတွက် ကို​လံ​ဘီ​ယာ​အမျိုးသမီး စက်ဘီး​အဖွဲ့​က ဝတ်ဆင်​ခဲ့​တဲ့ အနီ​နဲ့ အဝါ​ရောင် ရော​ထား​တဲ့ ဝတ်​စုံ​ရဲ့ ခါး​နဲ့ တင်ပါး​နေရာ​မှာ အသား​ရောင် အထည်​စ​ကို အသုံးပြု​ထား​တဲ့​အတွက် ကြည့်​လိုက်​ရင် ဝတ်လစ်စလစ် ကိုယ်​လုံး​တီး​ပုံစံ ဖြစ်​နေ​တဲ့ အတွက် စက်ဘီး​အဖွဲ့​ချုပ်​က ဥက္ကဋ္ဌ ဘိုင်​ယံ​ကွတ်​ဆင်​က အခု​လို ဝေဖန်​လိုက်​တာ ဖြစ်​ပါ​တယ်။ ဘယ်​လူ​မှု​ရေး ကျင့်ဝတ်​စံ နှုန်း​တွေ​နဲ့​ပဲ ကြည့်​ကြည့် ဒါ​ဟာ လက်မ​ခံ​နိုင်​သ​လို ကို​လံ​ဘီ​ယာ စက်ဘီး​အဖွဲ့​ချုပ်​ကို​လည်း ဒီ​ဝတ်​စုံ​နဲ့ ပတ်သက်​ပြီး အသင်း​ရဲ့ တာဝန်ရှိ​မှု​ကို …

Read more 0 Comments
InternationalSports

ကမ္ဘာ့​ဖလား​တွင် အသုံးပြု​ခဲ့​သည့် မှုတ်​ဆေးဘူး တီထွင်​သူ သန်း​ကြွယ်​သူဌေး​ဖြစ်လာ

ကမ္ဘာ့​ဖလား ဘော​လုံး​ပြိုင်​ပွဲ​တွင် အသုံးပြု​ခဲ့​သည့် ယာယီ စည်း​သတ်​မှတ်​သည့် မှုတ်​ဆေးဘူး​များ​ကို တီထွင်​ခဲ့​သူ​သည် ယခု​အခါ သန်း​ကြွယ်​သူဌေး​တစ်​ဦး ဖြစ်လာ​ခဲ့​ကြောင်း သိ​ရ​သည်။ အသက်(၄​၃)နှစ်​ရှိ ဟိုင်​နေး အယ်​လီ​မဂ္ဂ​နေး​သည် Magic Vanishing Sprayခေါ် မှုတ်​ဆေးဘူး​များ​ကို ဒိုင်​လူကြီး​များ​၏ အဆောင်အယောင် တစ်​ခု​အဖြစ် ကမ္ဘာ့​ဖလား​တွင် မိတ်​ဆက်​ပေး​နိုင်​ခဲ့​သည်။ ပြစ်​ဒဏ်​ဘော ကန်​ရာ​တွင် လူ​တံတိုင်း​ကာရန် စည်း​သတ်​မှတ်​ခြင်း​ကဲ့သို့ အခြေအနေ​များ​တွင် အဆို​ပါ မှုတ်​ဆေးဘူး​များ​ကို အသုံးပြု​ခဲ့​သည်။ ထို​ဆေး​များ​သည် စက္ကန့်(၆​၀)အတွင်း ကွင်း​ထဲ​မှ ကွယ်ပျောက်​သွား​မည် ဖြစ်​သည်။ အယ်​လီ​မဂ္ဂ​နေး​သည် ယခင်​က ဆင်းရဲ​ကျပ်တည်း​စွာ နေထိုင်​ရှင်​သန်​ခဲ့​ရသ​လို ဒေ​ဝါ​လီ​ခံ​ရ​သည့် အခြေအနေ​မျိုး​ပါ ကြုံ​ခဲ့​ဖူး​သည်။ သို့သော်​လည်း ယခု​မှုတ်​ဆေးဘူး​ကို တီထွင်​ခဲ့​သည့် နည်း​ပညာ မူ​ပိုင်​ခွင့်​ကြောင့် ဘ​ရာ​ဇီး နိုင်ငံသား …

Read more 0 Comments
Sports

ဂျာမနီ​က​မ္ဘာ့​ဖလား ချန်​ပီ​ယံ​ဖြစ်

၂​၀​၁​၄ က​မ္ဘာ့​ဖလား​ကို ဂျာမနီ​က အနိုင်​ရ​ပြီး က​မ္ဘာ့​ချန်​ပီ​ယံ ဖြစ်​သွား​ပါ​ပြီ။ ရီ​ယို​ဒီ ​ဂျ​နေ​ရို​မြို့​က မာ​ရာ​က​နာ​ကွင်း​မှာ ဂျာမနီ​နဲ့ အာ​ဂျင်​တီး​နား​တို့ တနင်္ဂနွေနေ့​က ကစား​ကြ​တာ​မှာ မိ​နစ် ​၉​၀ ပြီး​တဲ့​အထိ ​ဂိုး​မ​ရှိ သရေ​ဖြစ်​နေ​တာ​ကြောင့် အချိန်​ပို​ကစား​တာ​မှာ ဂျာမနီ​အသင်း​က Gotze အချိန်​ပ်ို​ဒုတိယ​ပိုင်း ​၁​၁​၂ မိ​နစ်​မှာ အနိုင်​ဂိုး​သွင်း​ပြီး ဗိုလ်​စွဲ​သွား​တာ​ပါ။ ဂျာမနီ​အတွက်​တော့ ဒါ​ဟာ က​မ္ဘာ့​ဖလား​ကို ​၄ ကြိမ်​မြောက် ဗိုလ်​စွဲ​တာ​လည်း​ဖြစ်​ပါ​တယ်။ ဒီ​ပွဲ​မှာ ဂျာမနီ​က ဘော​လုံး​ပိုင်ဆိုင်​မှု​အသာ​နဲ့ ကစား​သွား​ခဲ့​ပေ​မယ့် အာ​ဂျင်​တီး​နားခံ​စစ် အသေ​ပိတ်​ပြီး တန်​ပြန်​တိုက်​စစ်​နဲ့ ကစား​တာ​ကြောင့် ဂျာမနီ ထင်​သ​လောက် အခွင့်အရေး​တွေ​မ​ရ​ခဲ့​ပါ​ဘူး။ ပထမ​ပိုင်း​မှာ ​၂​၁ မိ​နစ်​မှာ ဂျာမနီ​အသင်း​ရဲ့ အမှား​က​နေ​ရ​တဲ့​ဘော​လုံး​ကို အာ​ဂျင်​တီး​နား ရှေ့​တန်း​လူ …

Read more 0 Comments
Sports

အာ​ဂျင်​တီး​နား ဆွစ်​ဇာ​လန်​ကို ခက်​ခက်ခဲ​ခဲ နဲ့ နိုင်

ဒီ​နှစ်​မှာ ဗိုလ်​စွဲ​နိုင်​ချေ​ရှိ​တယ်​လို့ အများ​က မှန်း​ခံထား​ရ​တဲ့ အသင်း​ကြီး​တ​သင်းဖ်ြ​တဲ့ အာ​ဂျင်​တီး​နား​က ဆွစ်​ဇာ​လန်​နဲ့​ကစား​ရ​ပါ​တယ်။ မက်​ဆီ၊ ဟီ​ဂွေ​ယင်၊ ဒီ​မာ​ရီ​ယာ​တို့​ပါ​တဲ့ တိုက်​စစ်​အတွဲ​ကို တော်​ရုံ​တန်​ရုံ အသင်း​တွေ​ရဲ့ နောက်​တန်း​က ထိန်း​နိုင်​ဖို့ ခက်​မှာ​ပါ။ ဒါ​ပေ​မယ့် ဆွစ်​ဇာ​လန်​အသင်း​ကတော့ ခံ​စစ်​မှာ လူ​များ⁠များ​နဲ့ ပိတ်​ထား​ပြီး မက်​ဆီ​ကို​လည်း အလွတ်​မ​ပေး​ပဲ ကပ်ထား​လို့ အာ​ဂျင်​တီး​နား ထိုး​ဖောက်​နိုင်​ပေ​မယ့် သေချာ​ပေါက် ဂိုး​သွင်း​ခွင့် အများ​ကြီး​မ​ရ​ခဲ့​ပါ​ဘူး။ ဂိုး ဧ​ရိ​ယာ​အစပ်​က လှမ်း​ကန်​ခွင့်​ရ​တဲ့ ဘော​လုံး​တွေ​ကို​လည်း ဆွစ်​ဇာ​လန် ဂိုး​သမား​ကာ​ကွယ်​နိုင်​ခဲ့​ပါ​တယ်။ ပွဲ​က တဖက်​သပ်​ကြီး​တော့​လည်း မဟုတ်​ပါ​ဘူး၊ တ​ချီ​တ​ချီ​မှာ ဆွစ်​ဇာ​လန်​က အလျင်အမြန် ထိုး​ဖောက်​တိုက်​စစ်ဆင်​တော့​လည်း ဂိုး​ရ​မတတ် ဖြစ်​ခဲ့​ချိန်​တွေ​ရှိ​ပါ​တယ်။ ဒီ​လို​နဲ့ ပထမ​ပိုင်း​ရော ဒုတိယ​ပိုင်း​ပါ ပုံ​မှန် မိ​နစ် ၉​၀ …

Read more 0 Comments