Posts in category recipes


recipes

Egg Rolls Recipe

ကြက်ဥ​လိပ်​အတွက် လို​အပ်​တဲ့​ပစ္စည်း​တွေ​က ကြက်ဥ​သုံး​လုံး၊ ကြက်သွန်မြိတ်​အနည်းငယ်​နဲ့ မုန်လာဥနီ​တို့​ပဲ လို​ပါ​တယ်။ ပထမ​ဆုံး ကြက်သွန်မြိတ်​နဲ့ ဥ​နီ​ကို ပါး⁠ပါး​သေး⁠သေး​အတုံး​လေး​တွေ ဖြစ်​အောင်​လှီး​ပါ။ ကြက်သွန်မြိတ်​ကို​လည်း ခပ်​ရိပ်ရိပ်​လှီး​ထား​ပါ​တယ်။ ကြက်ဥ​သုံး​လုံး​ဖောက်​ပြီး ဆား​အနည်းငယ် ထည့်​မွှေ​ပါ။ ပြီး​ရင် ကြက်သွန်မြိတ်​နဲ့ ဥ​နီ ထည့်​ပါ​မယ်။ ဒယ်အိုး​အပြား​ကို အပူ​ပေး၊ ဆီ​စွတ်​ရုံ​သုတ်​ပါ။ ပြီး​ရင် မွှေ​ထား​တဲ့​ကြက်ဥ​ကို ခပ်​ပါး⁠ပါး​လေး​ထည့်။ အောက်​ပိုင်း​ကျက်​လောက်​ပြီ​ဆို​ရင် အစွန်း​တစ်ဖက်​က​နေ စ​လိပ်​ပါ။ ပြီး​ရင် ဒယ်​ပြား​ဘေး​နား ကပ်ထား​ပါ။ နောက်ထပ် ကြက်ဥ​ထပ်​ထည့် ကပ်​လိပ်​ပြီး ဘေး​နားကပ်​ထား​ပါ​မယ်။ မွှေ​ထား​တဲ့ ကြက်ဥ​ကုန်​တဲ့​အထိ တစ်​လိပ်​ပြီး​တစ်​လိပ် လိပ်​ပါ။ ပြီး အဲ​ဒီ​အလိပ်​လေး​တွေ​ကို အနေတော်​အပိုင်း​လေး​တွေ​ညှပ်​ပြီး သုံးဆောင်​လို့ ရ​ပါ​ပြီ။ For 2 persons Ingredients 3 …

Read more 0 Comments
recipes

ရှမ်း​ထမင်း​ချဉ်

ဒီ​တ​ခါ ထမင်း​ရော၊ အသား​ရော၊ ဟင်းသီး​ဟင်းရွက်​ပါ ပါ​တဲ့ ရှမ်း​ထမင်း​ချဉ် လုပ်​စား​ရအောင်။ လို​အပ်​တာ​တွေ​ကတော့ ငါး ခရမ်း​ချဉ်​သီး င​ရုပ်​ဆီ င​ရုပ်​သီး​အခြောက်​တောင့် ကြက်သွန်ဖြူ ဆီ​ချက် ငံပြာရည် နံနံ​ပင် သံပုရာ​သီး Knorr ကြက်​သား​အမှုန့် (သို့) Knorr ကြက်​သား အတုံး ထမင်း​ဖြူ တို့​ု​ဖြစ်​ပါ​တယ်။ အရင်​ဆုံး​ထမင်း​ကို​ချက်​ပါ​တယ်၊ ထမင်းချက်​နေ​တုန်း​မှာ​ပဲ ထမင်း​ကျက်​ရင် ရော​ရ​မယ့်​လို​အပ်​တဲ့ အဆာ​တွေ​ကို​အသင့်​ပြင်​ထား​ရ​ပါ​မယ်။ ခရမ်း​ချဉ်​သီး (အလုံး​ကြီး)လေး​ငါးလုံး​လောက် ပြုတ်​ထား​ရ​ပါ​မယ်။ ခရမ်း​ချဉ်​သီး အခွံ​လေး​တွေ​အက်​လာ​ရင် ချ​လို့ ရ​ပါ​ပြီ။ နည်း⁠နည်း​အေး​အောင် စောင့်​ပြီး ခရမ်း​ချဉ်​သီး အခွံ​တွေ​ခွာ​ရ​ပါ​မယ်။ ခရမ်း​ချဉ်​သီး အစေ့​တွေ​ပါ ထုတ်ပစ်​ရ​ပါ​တယ်။ ခရမ်း​ချဉ်​သီး​ကို နည်း⁠နည်း​ထပ်​ချေ လိုက်​ပါနော်။ ငါး​ကို ဂျင်း၊ ဆား …

Read more 0 Comments