Posts in category Story


11030390_400930640081911_50193945731278014_o
Local NewsStory

လက်​ဖြန့်​သူ​တွေ​နှင့် မြန်မာ​ပြည်

‘ဦး​လေး သား​ကို တစ်​ရာ​လောက် …’ ‘ဘ​ဘ သမီး​ကို ထမင်း​ဖိုး​လေး …’ ဦး​ထင်ကျော် ကား​အောက်​ကို​ခြေ​ချ​လိုက် သည်​နှင့် အနား​သို့ ကလေး​သုံး​လေး​ဦး စု​ပြုံ တိုး​လာ​ပြီး အသံ​တစာစာ​နှင့် အလုအယက် တောင်း​ကြ​တော့​သည်။ ကြည့်​လိုက်​တော့​ဆယ် နှစ်​ပင် မ​ပြည့်​တတ်​သေး​သည့်​အရွယ်​တွေ။ ညစ်​ပေ​ပေ အဝတ်​အစား​တွေ​ကိုယ်စီ​နှင့်။ တချို့​ကလေး​က စုတ်​ပြဲ​နေ​သော လွယ်အိတ် နွမ်း⁠နွမ်း​ကို စလွယ်​သိုင်း​လျက်။ အိတ်​ကပ်​ထဲ​ကို လက်​နှိုက်​ပြီး အကြွေ​ရှာ နေ​ခိုက် ဘေး​နား​သို့ ထိုး​ဆိုက်​လာ​သည့် အခြား ကား​များ​မှ ဆင်း​လာ​ကြ​သော ဘုရားဖူး​ခရီး သည်​များ​ဆီ​သို့​လည်း ပိုက်ဆံ​တောင်း​ကြ​သည့် ကလေး​အရွယ်​စုံ ရောက်​ရှိ တောင်းရမ်း​နေ ကြ​သည်​ကို လှမ်း​တွေ့​လိုက်​ရ​ပြန်​သည်။ တစ် ယောက်​နှစ်​ရာ​ကျပ်​စီ ပေးလိုက်​သည်​ကို တွေ့ လိုက်​သော …

Read more 0 Comments
10885108_384045585089093_2813514526442849297_n
japanese studyLife StyleStory

“နိုင်ငံ​ခြား​က ဘဝ​ဆို​တာ ရေသူ​မ​လေး​များ​ပမာ”

နိုင်ငံ​ခြား​သွား​ဖို့ နှုတ်ဆက်​ကန်တော့​တဲ့​အခါ လူကြီး​သူမ​တွေ ဆုံးမ​လေ့ ရှိ​ပါ​တယ်။ ကြိုးစား၊ ဇွဲ​မ​လျှော့​နဲ့၊ စိတ်​ဓာတ်​မ​ကျ​နဲ့ စ​သ​ဖြင့် ပြော​ကြ​ပါ​တယ်။ ဟုတ်​တယ်၊ ဒါ​တွေ​က အင်မတန် အရေးကြီး​ပါ​တယ်။ ခု​ကျနော် ပြော​မယ့်​အချက်​ကတော့ လူကြီး​တွေ ပြော​လေ့​ရှိ​တဲ့ စကားမ​ဟုတ်​ဘဲ ကျနော်​ကိုယ်တိုင် ဖြတ်​သန်း​ခဲ့​ရ​တဲ့ ဘဝ​ရဲ့ သင်​ခန်း​စာ​တ​ခု​ဖြစ်​ပြီး၊ ဘယ်​သူ့​ဆီ​က​မှ ကြား​ရ​မှာ မဟုတ်​ပါ​ဘူး။ ပြီး​တော့ နည်း​နည်း သိမ်မွေ့​လို့ တ​ခေါက်​ဖတ်​ရုံ​နဲ့ နားလည်​ချင်​မှ နားလည်​ပါ​လိမ့်​မယ်။ ကျနော် ဥပမာ​တွေ​နဲ့ အတတ်​နိုင်​ဆုံး ရှင်း​ပြ​ပါ​မယ်။ ကျနော်​တို့ ကိုယ့်​တိုင်း​ပြည်​မှာ ကိုယ်​နေ​ရင် သူ့​ဖာ​သာ အလိုလို အဆင်​ပြေ​နေ​ပြီး​သား ကိစ္စ​တွေ ရှိ​တယ်။ ဘာ​လုပ်​ချင်​ရင် ဘယ်​ကို​သွား၊ ဘယ်​သူ​နဲ့​တွေ့၊ ဘယ်လောက်​ပေး၊ ဘယ်​သူ့ လက်မှတ်ထိုး …

Read more 0 Comments
10857979_948012488542453_3208982033528838612_n
Story

ဒီဇင်ဘာ​က ဖွင့်​ခဲ့​သော တံခါး​တစ်​ချပ်

နှင်းရည်​စွတ်​သည့် ဆောင်း​ည​တစ်​ည​မှာ​တော့ ရန်ကုန်မြို့​၏ သု​ဝဏ္ဏ​မိုး​လုံ​လေလုံ​အား​ကစား​ကွင်း​ကြီး​သည် အလုပ်​ရှုပ်​နေ​သည့်​ဟန် ပေါ်​လျက်​ရှိ​သည်။ သို့သော် ချမ်း​သည်​ဟု​မ​ဆို​နိုင်​အောင်​အေး​သည့်​ရန်ကုန်​၏​ဆောင်း​က ကြင်နာ​သ​ယောင်​ရှိ​နေ​၏။ ဖြူ​ဖြူ၊ပြာ​ပြာ၊နီ​နီ၊ ဝါ​ဝါ ဝတ်ဆင်​ထား​သော ကလေး​ငယ်​တို့​နှင့်​တူ​သူ​တို့​၏ ဖေ⁠ဖေ​မေမေ တို့​၏ မျက်နှာများ​တွင်​ကား ပြုံး​ရောင်​သန်း​လျက်။ စင်​မြင့်​ထက်၊ ကစား​ကွင်း​အထဲ​နှင့် အပြင်​ဘက်​တွင် ပြေးလွှား​အလုပ်​ရှုပ်​နေ​ကြ​သော ဆရာ၊ ဆရာ​မ​တို့​၏ ပုံ​ရိပ်​ကို​လည်း ပြန်လည်​မြင်​ရောင်​လာ​မိ​၏။ ခြောက်​နှစ်​သာ​ကြာ​ခဲ့​ပြီ ဖြစ်သော်​လည်း ထို​နေ့​၏​အစ​အဆုံး​ကို မိမိ​မ​မေ့​နိုင်​သေး​ပေ။ ဒီ​ည​တစ်​ည​ဟာ မိမိ​၏​ဘဝ​ကို တစ်​ထစ်​ချိုး​ကွေ့​ချ​လိုက်​မည်​ကို မိမိ​မ​သိ​ခဲ့။ မိမိ​မှ​မဟုတ်။ထို​ည​သည် လူ​ဘယ်​နှ​ယောက်​၏ ဘဝ ပြောင်းလဲ​ခဲ့​မှန်း မိမိ​သိ​ချင်​မိ​သည်။ လူ​မည်​မျှ​အတွက် အရေး​ပါသော​ည​တစ်​ည ဖြစ်​ခဲ့​သ​နည်း။ ထို​ည​က​ဖွင့်​ပေး​ခဲ့​သော ဘဝ​တံခါး​ချပ်​တို့​ကို ရေ​တွက်သော်………။ သို့သော်​လည်း​မိမိ​သည် မိမိ​၏​ဘဝ တံခါး​ချပ်​တို့ အကြောင်း​ကို​သာ ပြော​ပြ​နိုင်​ပေ​လိမ့်​မည်။ ကစား​ကွင်း​၏ …

Read more 0 Comments
index
Story

တစ်ပါး​သူ​သမီး​ကို ခွင့်လွှတ်​ပေး​ပါ

စား​သောက်​ဆိုင်​မှာ ကျွန်မ​တို့​စားပွဲ​ဝိုင်း​ကို တာဝန်​ယူစား​ပွဲ​ထိုး​တဲ့​မိန်း​ကလေး​က ငယ်ရွယ်​နုပျို​သူ​တစ်​ဦး​ပါ။ သူ့​ကို ကျွန်မ​သတိထား​မိ​ရ​တာ​က သူ​ဟာ စားပွဲ​ထိုး​ရာ​မှာ တုံ့​နှေး​တုံ့​နှေး​နဲ့ ကျွမ်း​ကျွမ်းကျင်​ကျင် မ​လုပ်​တတ်​သေး​တဲ့ ပုံစံ​မို့​ပါ။ သူ​ဟင်း​တွေ​ချ​နေ​တုန်း ဟင်းရည်​တွေ ကျွန်​မပေါ် သူ​မတော်တဆ လောင်း​ချ​လိုက်​မှာ​ကို ကျွန်မ​စိုးရိမ်​နေ​မိ​တယ်။ ကျွန်မ​ရဲ့​ဆဌမ​အာရုံ​က ကျွန်မ​ကို မ​ညာ​ခဲ့​ပါ​ဘူး။ ကျွန်မ​ဘေး​က​နေ ငါး​ပေါင်း​ဟင်း​ကို သူ​လာ​ချ​တော့ ပန်းကန်​က ရွဲ့⁠ရွဲ့​စောင်း⁠စောင်း​နဲ့။ ညှီ​နံ​တ​ထောင်းထောင်း​ထ​နေ​တဲ့ ငါး​ဟင်းရည်​တွေ​က စားပွဲ​ခုံပေါ်​တင်​ထား​တဲ့ ကျွန်မ​ပိုက်ဆံ​အိတ်ပေါ် တစ်​စက်စက်​စီး​ကျ​လာ​ခဲ့​တယ်။ ဒါ​ကို​မြင်​တော့ ဖျတ်​ခနဲ ကျွန်မ​အလိုလို ထ​ရပ်​လိုက်​မိ​တယ်။ ကျွန်မ​ရဲ့​မျက်နှာ​က​လည်း ဒေါသ​တ​ကြီး​နဲ့ ထစ်​ချုန်း​တော့​မယ်​မိုး​လို ရုတ်​ချည်​မည်း​သွား​တယ်။ ဒီ​ပိုက်ဆံ​အိတ်​က ကျွန်မ​အီ​တ​လီ​က​နေ ဝယ်​ခဲ့​တဲ့ ပိုက်ဆံ​အိတ်၊ ဈေး​ကြီး​ပေး​ပြီး ဝယ်​ခဲ့​ရ​တဲ့ အကောင်း​စား​ပိုက်ဆံ​အိတ်၊ ကျွန်မ​အနှစ်​သက်​ဆုံး ပိုက်ဆံ​အိတ်။ ဒါ​ပေ​မယ့် ကျွန်မ​ဒေါသ​တွေ …

Read more 0 Comments
hqdefaul1t
Story

မင်္ဂလာ​ဈေး​က စံပယ်​ပန်း​အတွက် ဘ​လောက်​အင်္ကျီ​တစ်​ထည်

ည​တုန်း​က ထုံးစံ​အတိုင်း သူငယ်ချင်း​တွေ​နဲ့ ဝိုင်းဖွဲ့​မိ​တော့ ကျွန်တော် အိမ်​ပြန်​နောက်ကျ​တယ် ။ကျောက်​မြောင်း​က အင်​တာ​နက်​ဆိုင်​မှာ အင်​တာ​နက်​ဝင်​သုံး​ပြီး ပြန်​ထွက်​လာ​တော့ ည​တစ်​နာရီ​ခွဲ​နေ​ပြီ ။ကျွန်တော်​နေ​တဲ့ (၁​၂​၁)လမ်း​ကို လမ်းလျှောက်​ပြန်လာ​တုန်း မင်္ဂလာ​ဈေး​ရှေ့​မှာ လူ​တစ်​ယောက်​သွေး​အိုင်​ထဲ လဲ​နေ​တာ​တွေ့​လိုက်​တယ် ။ဘေး​နား​မှာ လူ​သုံး​လေး​ယောက်​လဲ အုံ​လို့​ပေါ့..။အက်​စီး​ဒင့်​တစ်​ခု​ကြောင့်​လို့ ယူဆ​ရ​ပါ​တယ် ။လူ​တွေ​က တစ်​ယောက်​မှ အနား​မ​ကပ်​ရဲ​ကြ​ဘူး ။ နိုက်​ကလပ်​ဝိတ်​တာ​ဝတ်​စုံ​နဲ့​လူ​နှစ်​ယောက်​ရယ် ၊ တက္က​စီ​သမား​တစ်​ယောက်​ရယ် ၊ မူး​နေ​ပုံ​ရ​တဲ့​လူ​နှစ်​ယောက်​ရယ် ၊ သူ​တို့​နဲ့​အတူ​ပါလာ​ပုံ​ရ​တဲ့ ပိန်⁠ပိန်​သေး​သေး ညဉ့်​ငှက်​မ​လေး​တစ်​ယောက်​ရယ် ဘေး​မှာ​ရှိ​နေ​တယ် ။လူ​က အသက်(၄​၀)လောက် ၊ သွေး​အိုင်​ထဲ​မှာ ဖြူ​လျော့​နေ​ပြီ ။ ဆောင်း​ဝင်​ခါ​စ ရန်ကုန်​ရာသီ​ဥတု​နဲ့ ကတ္တ​ရာ​လမ်းမ​မှာ ဒီ​တိုင်း​ဆက်​ထား​ရင် သေ​ဖို့​ပဲ​ရှိ​ပါ​တော့​တယ် ။“ဟေ့​လူ တွေ ဒီ​တိုင်း​ကြည့်​နေ​လို့​မ​ဖြစ်​ဘူး​ဗျ သွေးတိတ်​အောင် …

Read more 0 Comments
Local NewsStory

ရွှေ​ဓား​ဗိုလ်​၏ ဓား​မှတ်တမ်း

နာ​ဂ​သိန်း​လှိုင်​ဟု​ဆို​လျှင် ဆေး​ပညာ​လောက​တစ်​ခု​လုံး မ​သိ​သူမ​ရှိ။ နယ်စပ်​တောင်တန်း​မှ စေတနာ​ရှင်​ဆရာဝန်​ကြီး။ ခွဲစိတ်​ကု​သ​မှု​များ​၏ မေတ္တာ​ရှင်​ကြီး။ လူ​နာ​များ​စွာ​တို့ ရင်​ထဲ​မှာ နာ​ဂ​သိန်း​လှိုင် ကျန်​ရှိ​နေ​သည်။ မည်သို့​ခေတ်​ပြောင်း​ပြောင်း သူ့​ပုံ​ရိပ်​က သူ​နှင့်​ဆုံစည်း​ဖူး​သူ​တို့ နှလုံးသား​မှာ ထင်​ဟပ်​နေ​ဆဲ။ သူ့​ဘ၀ သူ့​အကြောင်း၊ သူ့​ဆောင်ရွက်​ချက်​များ​သည် တစ်​ချိန်​က မြန်မာ​ပြည်​တစ်​ဝန်း ဟိုး​ဟိုးကျော်​ခဲ့​သည်။ လာ​မည့် နိုဝင်ဘာ​လ ၃ ရက်​တွင် သူ့​အသက်​က (၈​၁)နှစ် ပြည့်​တော့​မည်။ သူ​သည် ဆေး​ကျောင်းသား​ဘဝ​မှာ နိုင်ငံ​ရေး​နှင့် ဆက်​နွှယ်​ဖူး​ခဲ့​သည်။ ၁​၉​၅​၇ ခု​နှစ် ဆေး​ကော​လိပ်​ကျောင်းသား​များ​သမဂ္ဂ​၏ အထွေ​ထွေ​အတွင်း​ရေး​မှူး​တာဝန်​ကို ထမ်း​ဆောင်ခဲ့​သည်။ ၁​၉​၆​၀ တွင် မြန်မာ​နိုင်ငံ​လူ​ငယ်​ဆရာဝန်​များ​အသင်း (YDA)ကို တည်ထောင်​ခဲ့​ပြီး အထွေ​ထွေ​အတွင်း​ရေး​မှူး​တာဝန်​ပင် ထမ်း​ဆောင်​ကာ အလုပ်​သင်​ဆရာဝန်​ဘဝ​တွင် အစိုးရ​ထောက်ပံ့​ကြေး​မ​ရ​သည့် အလုပ်​သင်​ဆရာဝန်​များ​အတွက် ဦးဆောင်​သပိတ်မှောက်​ခဲ့​သည်။ ထို​လုပ်​ရပ်​များ​ကြောင့် …

Read more 0 Comments
Life StyleStory

ပုဂံ​ဘု​ရားပေါ်​မှာ အတွေး​ရ​သွား​တဲ့ လူ​ငယ်​လေး

၂​ဝ​၁​၂ ခု​နှစ်​တုန်း​က ပုဂံ​ဘု​ရားပေါ်​မှာ​ထိုင်​နေ​တဲ့ လူ​ငယ်​လေး​တစ်​ယောက်​က “ ငါဟာ ကလေး​ဘဝ​ထဲ​မှာ နေ⁠နေ​တာ​ပဲ။ ဘာ​ကြောင့်​ငါ​တစ်​ယောက်​တည်း​ဖြစ်​နေ​တာ​လဲ ” လို့ တွေး​တယ်။ ဖြတ်က​နဲ ဝင်​လာ​တဲ့ ဒီ​အတွေး​ဟာ သူ့​ရဲ့ Phroogal အင်​တာ​နက်​စာ​မျက်နှာ ကို လွှင့်​တင်​ဖို့ မျိုးစေ့​ဖြစ်​ခဲ့​တယ်။ သူ့​ရဲ့​ဝဘ်​ဆိုဒ်​က ငွေ​ကြေး​စီမံ​ခန့်​ခွဲ​မှု မှားယွင်း​တာ​ကြောင့် ကမ်း​ကုန်​နေ​ပြီး ထွက်ပေါက်​မ​ရှိ​ဖြစ်​နေ​သူ​တွေ​ကို ကမ္ဘာ​တစ်​လွှား​လူ​အင်အား – Crowdsources အရင်းအမြစ်​တွေ​သုံး​ပြီး ကူညီ​ဖြေ​ကြား​ပေး​တဲ့ အလုပ်​ကို လုပ်​ပေး​တယ်။ ဒီ​အဖြေ​တွေ​ကြောင့် ဘဝ​ပျက်​နေ​သူ​တွေ၊ အကြံ​တုံး ဥာဏ်​တုံး လူ့​ဇာတ်​ခုံ​အောက်​က လူ​တွေ​ကို စင်ပေါ်​ပြန်​တင်​ပေး​နိုင်​ခဲ့​တဲ့​အထိ မှတ်​ကျောက်​တင်​ပေး​နိုင်​ခဲ့​တယ်။ သူ့​နာမည်​က ဂျေ​ဆန်​ဗစ်​တပ် – Jason Vitug ဖြစ်​ပါ​တယ်။ ဗစ်​တပ် ဟာ သူ့​ခရီး​စဉ်​ပြီး​တဲ့​နောက် …

Read more 0 Comments
Local NewsPoliticalStory

အင်း​စိန်​ထောင်​စစ်​ခွေး​တိုက်​က လူ​ရွှင်တော်

ဇာဂနာ​က ခပ်​ညို⁠ညို​အသား​နှင့် လိုက်​ဖက်​လှ​သည့် ခရမ်း​ရောင်​တောက်တောက် ရှပ်​အင်္ကျီ​ကို ဝတ်ဆင်​ထား​ပါ​သည်။ သူ​၏ ထိပ်ပြောင်​ပြောင်​နှင့် ရွှတ်⁠ရွှတ်​နောက်⁠နောက်​မျက်လုံး​များ​က မျက်မှန်​အမည်း​နောက်​မှာ အရောင်​တောက်ပ​နေ​ပါ​သည်။ သူ့​နှုတ်ခမ်း​ညာ​ဘက်​မှာ​တော့ အမွေး​ပေါက်​နေ​သော ကြီးမား​သည့် မှဲ့​ကြီး​တစ်​လုံး​ရှိ​၏။ သည်​မှဲ့​က မြန်​မာ့​ရိုးရာ​ယုံကြည်​မှု​အရ​ဟာ​သ၊ သရော်​ဉာဏ်​တို့​နှင့် ဆက်​စပ်​နေ​သည်။ သူ​၏ မိ​ခင်​ရော အဒေါ်​မှာ​ပါ ထို​မှဲ့​မျိုး​များ​ရှိ​ပြီး နှစ်​ယောက်​စလုံး​က ဟာ​သ​ဉာဏ်​ရှိ​သည်​ဟု ဆို​သည်။ အရပ်​မ​ရှည်သော်​လည်း ဇာဂနာ​က အား ကောင်း​မောင်းသန်​ပုံ​မျိုးရှိ​၏။ ရုပ် က​သာ မာသော်​လည်း နှစ်​လို​ခင် မင်​ဖွယ်ရာ​ကောင်း​၏။ သူ့​ဆီ​မှာ နှစ်သက်​ဖွယ်ရာ​အကောင်း​ဆုံး​က တော့ အခန်း​တစ်​ခု​လုံး​ဟိန်း​နေ သော ဩဇာ​အပြည့်​ပါ​သည့် အသံ​ပဲ​ဖြစ်​၏။ သူ​စကားပြော​တာ​ကို နားထောင်​ရ​သည်မှာ အမေ​ရိ​ကန်​အဆိုတော် ပေါလ်​ရော​ဘီ​ဆင်​သီ ချင်း​ဆို​သည်​ကို နားထောင်​နေ​ရ သည့် အတိုင်း​ပင်။ …

Read more 0 Comments
Story

သူ​ဘာ​လို့ ငါ့​ထက်​သာ​နေ​ရ​တာ​လဲ ?

တစ်​ခါ​က မောင်​ဖြူ​နဲ့ မောင်​မဲ ဟာ ဘွဲ့​ရ​ပြီး​နောက် ကုမ္ပဏီ​ကြီး​တစ်​ခု​မှာ အလုပ်​ဝင်​လုပ်​ကြ​ပါ​သ​တဲ့။ နှစ်​ယောက်​စလုံး​ဟာ အလုပ်​ကို ကြိုးစား​လုပ်​ကြ​ပါ​တယ်။ နှစ်​အနည်းငယ်​ကြာ​တဲ့​အခါ သူဋ္ဌေး​က မောင်​ဖြူ​ကို အရောင်း​မန်နေဂျာ အဖြစ်​ရာထူး​တိုး​ပေးလိုက်​ပြီး မောင်​မဲ​ကတော့ အရောင်း​သမား​အဖြစ်​နဲ့​ပဲ လုပ်​နေ​ရ​ပါ​တယ် ။ မောင်​မဲ​ဟာ ဆက်​ပြီး​သည်း​မ​ခံ​နိုင်​တော့​ပါ​ဘူး။ အလုပ်​ထွက်​စာရေး​ပြီး သူဌေး​ဆီ​သွား​တယ်။ ” ဒီ​မှာ​သူ​ဌေ့း​ခင်ဗျား​က အလုပ်​ကြိုးစား​တဲ့​သူ​ကို​တန်ဖိုး​မ​ထား​ဘဲ ဖား​တဲ့​သူ​ကို​မှ ခင်ဗျား​က ပ,စား​ပေး ရာထူး​တိုး​ပေး​တာ မဟုတ်​လား ။ ဒီ​တော့ ကျုပ်​အလုပ်​ထွက်​တယ့်” လို့ ခပ်​ပြတ်⁠ပြတ်​ပဲ ပြော​လိုက်​ပါ​တယ်။ သူဌေး​က မောင်​မဲ အလုပ်​ကြိုးစား​တာ သိ​ပါ​တယ် ။ဒါ​ကြောင့် သူ့​သယ်​ရင်း​နဲ့ သူ့​အကြား​ကွာ​ခြား​ချက်​ကို သူ​သိ​စေ​ချင်​တာ​နဲ့ “မင်း​အလုပ်​မ​ထွက်​ခင် ဈေး​ထဲ​သွား​ပြီး ဖ​ရဲ​သီး​သည်​ရှာ​ပေး​နိုင်​မ​လား ” လို့ …

Read more 0 Comments
Story

တောင်း​ဆို​ပါ တောင်း​ဆို​ပါ တောင်း​ဆို​ပါ

ဒီ နေ့​ကမ္ဘာပေါ်​မှာ အကောင်း​ဆုံး ဈေး​အရောင်း​သမ​က သူ့​ကို​ကောင်​မ​လေး​လို့ခေါ်​လည်း စိတ်ဆိုး​မှာ မဟုတ်​ပါ​ဘူး။ ဘာ​လို့​လဲဆို​တော့ သူ​က​အသက်​ခုနစ်​နှစ်​ကတည်းက မိန်း​ကလေး​တေ​ဇ​လူ​ငယ်​အသင်း ကွတ်​ကီး​မုန့်​တွေ​ကို ဒေါ်လာ​ရှစ်​ထောင်​ဖိုး​ရောင်း​နိုင်​ခဲ့​လို့​ပေါ့။ ကျောင်း ဆင်း​ရင် တစ်​အိမ်​တက် တစ်​အိမ်​ဆင်း​လိုက်​ရောင်း​ရ​တာ​ကို ခါး⁠ခါး​သီး⁠သီး​ရှက်​တတ်​တဲ့ မာ​ကီ​တာ​က အသက်​ဆယ့်​သုံး​နှစ်​မှာ ဈေးရောင်း​တာ​ရဲ့ လျှို့​ဝှက်​ချက်​ကို သိ​သွား​တဲ့​အခါ​မှာ​တော့ သူ့​ကိုယ်​သူ ကွတ်​ကီး​အရောင်း​ဆရာ​ကြီး​အဖြစ် ပုံ​သွင်း​ပစ်​ခဲ့​တာ​လေ။ အလို​ဆန္ဒ​နဲ့​ပဲ စ​တာ​ပါ။ ပြင်း​ပြင်းပြ​ပြ၊ အသည်းအသန်​လိုချင်​တဲ့ ဆန္ဒ​မျိုး​နဲ့​ပေါ့။ မာ ကီ​တာ​နဲ့ သူ​အသက်​ရှစ်​နှစ်​မှာ သူ့​အဖေ ထွက်​သွား​ပြီး​ကတည်းက န​ယူး​ယော့ခ်​မှာ စားပွဲ​ထိုး​လုပ်​တဲ့ သူ့​အမေ​အတွက်​တော့ တစ်​ကမ္ဘာ​လုံးပတ်​ပြီး ခရီး​ထွက်​ဖို့ အိပ်မက်​ရှိ​ပါ​တယ်။ “သမီး​ကို ကော​လိပ်​ပို့​နိုင်​ဖို့ ပိုက်ဆံ​လောက်​အောင် အမေ​အလုပ်​ကြိုးစား​မယ်” တစ်​နေ့​မှာ သူ့​အမေ​က ပြော​လာ​ပါ​တယ်။ “သမီး​က ကော​လိပ်တက်​ပြီး​လို့ …

Read more 0 Comments