Posts in category Technology


Technology

Computer Network Engineering ပညာဖြန်.ဝေပေးသူကိုစိုင်းလင်းသူနှင်.စကားလက်ဆုံ

​မေးမြန်းသူ ။ ။ ဆောင်းပါးရှင် – ကိုညီညီ ( တောင်ကြီး ) . ကိုညီညီ ။။။။။။။။။။ ကိုစိုင်းလင်းသူ ငယ်ဘဝကျောင်းသားလောက ကနေ အခု ဒီ Networking နယ်ပယ်ထဲရောက်လာပုံလေးနဲ့ အွန်လိုင်းစကားဝိုင်းလေးကို စလိုက်ကြရအောင်။ . ကိုစိုင်းလင်းသူ ။။။။။။။။။။ ကျွန်တော်က မန္တွလေးသား ပါ။ ( ၁ဝ ) တန်းအောင်တော့ ကျွန်တော့အမှတ်က ဆေးတက္ကသိုလ် ဝင်လို့ရပေမဲ့ ကွန်ပျူတာ တက္ကသိုလ်ကိုပဲ တက်ရောက်ခဲ့ပါတယ်။ ( ၂ဝဝ၂ ) ခုနှစ် ကျောင်းမတက်ခင် ကွန်ပျူတာသင်တန်းတွေ တက်ပါတယ်။ Maintaining and Repairing PC, A+ တို့၊ …

Read more 0 Comments
images-apple
Technology

နိုင်ငံ​ငယ်​လေး​တစ်​ခု​ဖြစ်လာ​တဲ့ Apple

Apple ဖြစ်​ရ​တာ ဂုဏ်​ယူ​လိုက်​စမ်း​ပါ။ အခြေအနေ အရမ်း​ကောင်း​တာ​ပဲ။ ယခု​သီတင်း​ပတ်​ရဲ့ အချက်အလက်​တွေ​အရ ဒေါ်လာ ဘီ​လျံ ( ၇​ဝ​ဝ ) ကြွယ်​ဝ​တဲ့​အထိ​ကို ကောင်း​နေ​တာ​ပါ။ အင်္ဂါနေ့ ( Feb 9th, 2014 ) ဈေး​ကွက်​ပိတ်​သိမ်း​ချိန် နောက်ဆုံး​ဈေး​ဖြစ်​တဲ့ ပန်း​သီး​ရှယ်​ယာ – AAPL ( Apple Inc. ) တစ်​ခု​ရဲ့​တန်ဖိုး ( ၁​၂​၂.ဝ​၂ ) ဒေါ်​လာ​ဆို​တဲ့​ပေါက်​ဈေး​ဟာ အမေ​ရိ​ကန်​ကုမ္ပဏီ​တစ်​ခု ဒီ​လောက်​အမြန်​နှုန်း​ကို လီ​ဗာ​မ​နင်း​ပဲ တက်​သွား​တဲ့ ဈေး​မျိုး​ပါ။ အခု​ကြည့်​ဦး .. ဆွစ်​ဇာ​လန်​မှာ အာမခံ​စာချုပ် – Bond တွေ ရောင်း​နေ​ပြန်​ပြီ။ ဒီ​နည်း​လမ်း​က သူ့​လက်​ထဲ​ကို ဈေး​ကွက်​စိတ်ဝင်စား​သူ​တွေ​ရဲ့​ငွေ​တွေ …

Read more 0 Comments
Technology

အသစ်​ထုတ်​လုပ် ရောင်းချ​မည့် စ​မတ်​ဖုန်း​တွင် Nokia ၏ အမည်​ကို ဖယ်ရှား​ရန် Microsoft ဆုံးဖြတ်

၎င်း​တို့ အသစ်​ထုတ်​လုပ် ရောင်းချ​မည့် စ​မတ်​ဖုန်း​များ​တွင် Nokia ဆို​သော အမှတ်​တံဆိပ်​ကို ဖယ်ရှား​တော့​မည်​ဟု Microsoft ကော်​ပို​ရေး​ရှင်း​က ကြေညာ​ခဲ့​သည်။ တစ်​ချိန်​က ကမ္ဘာပေါ်​တွင် လူ​သုံး​အများ​ဆုံး မိုဘိုင်းဖုန်း အမှတ်​တံဆိပ်​တစ်​ခု အနေ​ဖြင့် ရပ်​တည်​ခဲ့​သည့် Nokia သည် ယခု​အခါ စ​မတ်​ဖုန်း နယ်ပယ်​တွင် လုံး​ဝ​ပျောက်​ကွယ်​သွား​မည့် အလားအလာ ရှိ​လာ​ခဲ့​သည်။ ဖင်​လန် အခြေ​စိုက် Nokia ကုမ္ပဏီ​၏ စ​မတ်​ဖုန်း ထုတ်​လုပ်​မှု လုပ်​ငန်း​များ​ကို Microsoft က သိမ်း​သွင်း ဝယ်​ယူ​ပြီး​နောက် တစ်​နှစ်​မျှ အကြာ​တွင် ယခုကဲ့သို့ ဆုံးဖြတ်​ခဲ့​ခြင်း ဖြစ်​သည်။ ထို့​ကြောင့် Nokia Lumia မျိုး​ဆက်​သစ် စ​မတ်​ဖုန်း​သည် Microsoft Lumia အမည်​ဖြင့်​သာ …

Read more 0 Comments
Technology

DSLR ကင်​မ​ရာ​တစ်​လုံး​မ​ဝယ်​ယူ​ခင်​မှာ ချင့်ချိန်​စဉ်းစား​စရာ အချက်​များ

သင်​ဟာ ဓါတ်​ပုံ ရိုက်​ရ​တာ ဝါသနာ​ပါ​တဲ့ လူ​တစ်​ယောက်​ဆို​ပါ​စို့။ ဒါ​ဆို​ရင် သင်​ဟာ သင့်​မှာ​ရှိ​တဲ့ ငွေ​ကြေး​အင်အား​နဲ့ DSLR ကင်​မ​ရာ​တစ်​လုံး​ကို ဝယ်​ဖို့​စဉ်းစား​မိ​မှာ သေချာ​ပါ​တယ်။ ဒါ​ပေ​မယ့်​လည်း DSLR ကင်​မ​ရာ ဝယ်​ယူ​တယ်​ဆို​တာ သာမန်​ဈေး​ဝယ်​ထွက်​ခြင်း​နဲ့ မ​တူ​ပါ​ဘူး။ တံဆိပ် ၊ဈေးနှုန်း ၊ အသေး​စိတ် လုပ်ဆောင်​ချက်​တွေ​ကို ချင့်ချိန်​ရ​ပါ​တော့​မယ်။ အဲ​ဒီ​တော့ သင် DSLR ကင်​မ​ရာ​တစ်​လုံး မ​ဝယ်​ယူ​ခင်​မှာ ချင့်ချိန်​စဉ်းစား​စရာ အချက်​တစ်​ချို့ ကို အပိုင်း (၁)မှာ ဖော်​ပြ​ပေးလိုက်​ပါ​တယ်။ ၁။ ရည်​ရွယ်​ချက် သင် ကင်​မ​ရာ​မ​ဝယ်​ခင် ဘာ​လုပ်​ဖို့ ဝယ်​တာ​လဲဆို​တာ​က စ​ပြီး စဉ်း​စာ​သင့်​ပါ​တယ်။ အပျော်​တမ်း ဓါတ်​ပုံ​ရိုက်​မှာ​လား။ အသက်မွေး​ဝမ်း​ကျောင်း လုပ်​ငန်း​အတွက်​လား။ မိသား​စု​အတွက် မှတ်တမ်း​တင်​ရုံ …

Read more 0 Comments
Technology

အရောင်​သစ်​နှစ်​မျိုး​နဲ့ အတူ ထပ်မံ​ထုတ်​လုပ်​လိုက်​တဲ့ Beats Pill XL စ​ပီ​ကာ

စ​ပီ​ကာ လောက​မှာ အောင်မြင်​မှု​ရထား​ပြီး​ဖြစ်​တဲ့ Beats by Dre တံ​ဆပ်​ရဲ့ Beats Pill အိပ်​ဆောင် စ​ပီ​ကာ အသစ်​တစ်​မျိုး အဖြစ် Beats Pill XL ကို အရောင်​သစ်​နှစ်​မျိုး​နဲ့ အတူ ထပ်မံ​ထုတ်​လုပ်​လိုက်​ပါ​ပြီ။ Beats Pill XL ဟာ ပိုမို အရွယ်​အစား ကြီး​ပြီး ပိုမို အသံကျယ်​ကာ အလွယ်​တ​ကူ သုံး​နိုင်​တယ်​လို့ သိ​ရ​ပါ​တယ်။ ထို စ​ပီ​ကာ ဟာ အခန်း​ကျယ် တစ်​ခု​စာ အတွက် လုံလောက်​တဲ့ အသံကျယ်​လောင်​မှု ကို ပေး​နိုင်​သ​လို အိမ်​နောက်ဖေး အသား​ကင် ပါ​တီ ပွဲ တစ်​ခု အတွက်​ကောင်း​စွာ သုံး​နိုင်​တယ်​လို့ သိ​ရ​ပါ​တယ်။ …

Read more 0 Comments
PoliticalTechnology

ဟောင်​ကောင်​က ဆန္ဒ​ထုတ်ဖော်​နေ​သူ​တွေ အများ​အပြား​သုံးစွဲ​လာ​ကြ​တဲ့ Firechat ဆို​တဲ့ app

လက်​ရှိ​မှာ ကမ္ဘာ အကြီး​ဆုံး​တားမြစ်​မှု တစ်​ခု​ဖြစ်​နေ​တဲ့ ဟောင်​ကောင်​က ဆန္ဒ​ပြ​ပွဲ ရဲ့ ၅ ရက်​မြောက် နေ့​မှာ Firechat ဆို​တဲ့ app တစ်​မျိုး​ကို ဆန္ဒ​ထုတ်ဖော်​နေ​သူ​တွေ​ဟာ အများ​အပြား​သုံးစွဲ​လာ​ကြ​ပြီး တနင်္ဂနွေနေ့​က စတင်​ကာ Download ပြုလုပ်​သူ တစ်​သိန်း​ထိ ရှိ​နေ​ပြီ​ဖြစ်​တယ်​လို့ သိ​ရ​ပါ​တယ်။ Firechat ဆို​တဲ့ app ဟာ Wi-Fi (သို့) Cellular Connection တို့​ကို မ​လို​အပ်​တော့​ပဲ Bluetooth နည်း​ပညာ​ကို​သုံး​ပြီး Chat လို့​ရ​နိုင်​တဲ့ app တစ်​မျိုး​ဖြစ်​ပါ​တယ်။ ထို app ကို မတ်​လ​က​မှ Open Garden ကုမ္မ​ဏီ က စတင် ထုတ်​လုပ်​ခဲ့​တာ​ဖြစ်​ပါ​တယ်။ ထို …

Read more 0 Comments
Technology

Whatsapp ကို Facebook အပြီးသတ် ဝယ်ယူ

Facebook သည် messaging app ဖြစ်​သည့် WhatsApp ကို ယခု​အခါ အပြီးသတ် ဝယ်​ယူ​နိုင်​ခဲ့​ကြောင်း တရားဝင် ထုတ်​ပြန် ကြေညာ​သွား​ခဲ့​သည်။Facebook သည် WhatsAppအား အပြီးသတ် ဝယ်​ယူ​မှု​ကို အမေ​ရိ​ကန် ငွေ​ကြေး​လုံခြုံ​ရေး​နှင့် လဲ​လှယ်​ရေး ကော်မတီ​သို့ စာ​ရွက်​စာ​တမ်း​များ လျှောက်ထား​၍ ထုတ်​ပြန်​ခဲ့​ခြင်း ဖြစ်​သည်။ ပြီး​ခဲ့​သည် ဖေဖော်ဝါရီ​လ​က Facebook သည် WhatsApp ကို ငွေ​ကြေး​နှင့် စ​တော့​ရှယ်​ယာ​များ အပါအဝင် ဒေါ်လာ ၁​၉ ဘီ​လီ​ယံ​ဖြင့် ဝယ်​ယူသွား​မည် ဖြစ်​ကြောင်း ကြေညာ​ခဲ့​သည်။Facebook အနေ​ဖြင့် messaging ဝန်​ဆောင်​မှု WhatsApp ကို ဝယ်​ယူ​ရန် ဖက်​ဒရယ်​ကုန်သွယ်​ရေးကော်​မရှင် (FTC) မှ ခွင့်​ပြု​ချက် …

Read more 0 Comments
Technology

Apple ရဲ့ ကမ်းလှမ်း​မှု​ကို ပယ်​ချခဲ့​သော ( ၁​၉ ) နှစ်​ကျောင်းသား

လွန်​ခဲ့​တဲ့​သီတင်း​ပတ်​က ကိုယ်​ပိုင်​နည်း​ပညာ​ကုမ္ပဏီ​သစ် ထူထောင်​ဖို့ နာမည်ကြီး ကွန်ပျူတာ​သိပ္ပံကျောင်း​တက်​ခွင့်​ကို ကျောခိုင်း​ခဲ့​တဲ့ ( ၁​၉ ) နှစ်​ကျောင်းသား​ရဲ့ အမည်​က ဂျွန်​မေ​ယာ ဖြစ်​ပါ​တယ်။ ပထမ​တော့ သူ​မိဘ​တွေ​က သဘော​မ​ကျ​ကြ​ဘူး။ အကြောင်း​က သူ​တက်​နေ​တဲ့ အထင်​ကရ န​ယူး​ယောက်​တက္ကသိုလ်​မှာ သူ့​အမေ​က ပါ​မောက္ခ​တစ်​ဦး​ဖြစ်​နေ​တာ​ကြောင့်​လဲ ဖြစ်​ပါ​တယ်။ နောက်ဆုံး​မှာ​တော့ သား​ရဲ့​ဆန္ဒ​ကို မ​လွဲ​မ​ရှောင်​သာ ပါရမီ​ဖြည့်​ပေး​မယ့်​လမ်း​ကို ရွေး​ခဲ့​ကြ​တယ်။ မေ​ယာ ဟာ လွတ်လပ်​စွာ တစ်​သီး​ပုဂ္ဂ​လ ဆော့​ဝဲ​ရေးသား​သူ ပ​ရို​ဂ​ရမ်​မာ​တစ်​ဦး​ဖြစ်​ရုံ​မက ( ၂​ဝ⁠ဝ​၈ ) ခု​နှစ်၊ အထက်​တန်း ( ၉ ) တန်း​ကျောင်းသား​ဘဝ​ကတည်းက App တွေ​ကို ရေး​လာ​ခဲ့​တဲ့​အပြင် ပ​ရို​ဂ​ရမ်​ဆွဲ ဘာသာ​စကား​ဖြစ်​တဲ့ Programming Language …

Read more 0 Comments
Technology

Motorolla ရဲ့ဟန်းဆက် ထုတ်ကုန်အသစ် New Moto X

Motorolla ဟာ သူ့​ရဲ့ ယခင်​ထုတ်ကုန်​တစ်​ခု​ဖြစ်​တဲ့ the original Moto ထက်​ပို​ပြီး​ကောင်းမွန်​တဲ့ New Moto X ကို ထပ်မံ​ထုတ်​လုပ်​လိုက်​ပါ​တယ်။ New Moto X ရဲ့ ဒီ​ဇိုင်း​ဟာ Samsung Galaxy S5 နဲ့ HTC One M8 တို့​ထက်​လှပ​တဲ့ ဒီ​ဇိုင်း​ပါရှိ​ပြီး နောက်​ကျော​မှာ ကွေး​နေ​တဲ့​သဏ္ဍာန်​ရှိ​ပါ​တယ်။ ဖုန်း​ဟာ ၅.၅​၄ လက်မ အရှည်​ရှိ​ပြီး ၂.၈​၅ လက်မ ကျယ်ဝန်း​ပါ​တယ်။ အထူ​ကတော့ ၀.၃​၉ လက်မ သာ ထူ​ပြီး အလေး​ချိန်​ကတော့ ၅.၀​၈ အောင်​စ လေး​ပါ​တယ်။ New Moto X ရဲ့ ၅.၂ …

Read more 0 Comments
Technology

အလူ​မီ​နီ​ယံ​နောက်​ကျော နဲ့ ပြုလုပ်​ထား​တဲ့ HTC One M8

အလူ​မီ​နီ​ယံ​နောက်​ကျော​နဲ့ ထုတ်​လုပ်​တဲ့ ဟန်း​ဆက်​တွေ ခေတ်​စား​နေ​တဲ့​အချိန်​မှာ HTC က​လည်း အားကျ​မ​ခံ အလူ​မီ​နီ​ယံ​နောက်​ကျော နဲ့ ပြုလုပ်​ထား​တဲ့ HTC One M8 ကို ထုတ်​လုပ်​လိုက်​ပါ​တယ်။ စွမ်း​အင်​ပြည့်​ဝ​တဲ့ Quad-Core Processor ရဲ့ လုပ်ဆောင်​ချက်​တွေ​ကို ၅ လက်မ ကျယ်​တဲ့ မျက်နှာပြင်​မှာ ခံစား​လို့​ရ​တဲ့ ဟန်း​ဆက်​တစ်​လုံး​ဖြစ်​ပါ​တယ်။ ဒီ​ဟန်း​ဆက်​ရဲ့ ဒီ​ဇိုင်း​ကတော့ မူလ HTC One ကို အနောက်​ဘက်​မှာ အနည်းငယ်​ကွေး​လိုက် တဲ့ ပုံစံ​ပါ။ အလူ​မီ​နီ​ယံ​နောက်​ကျော​ကို သုံး​ထား​ပေ​မဲ့​လည်း သူ့​ရဲ့​ဒီ​ဇိုင်း​က သေ​သပ်၊ခိုင်မာ ပြီး လှပ​ပါ​တယ်။ ၅ လက်မ​ကျယ်​တဲ့ မျက်နှာ​ပြင်ပေါ်​မှာ 1920 x 1080 Pixel ရှိ​တဲ့ …

Read more 0 Comments