မြန်မာ​မိသား​စု​ထဲ​မှာ သမီး​ငယ်​လေး တွေ ရာသီပန်း​စ​ပွင့်​ပြီ​ဆို​ရင် အမေ၊ အဘွား၊ အဒေါ်​တို့​က စိုးရိမ်​တ​ကြီး​နဲ့ သတိပေး​ပြော​ကြား​တာ​တွေ လုပ်​လေ့​ရှိ​ကြ​ပါ တယ်။ အထူးသဖြင့် အရှက်​အကြောက်​ကြီး​ပြီး ရှေး​ရိုး​ဆန်​တဲ့ အဘွား​တို့၊ အမေ​တို့​ဆို​ရင် သမီး ငယ်​ရဲ့ အပျိုဖော်​ဝင်​စ​အပြောင်း​အလဲ​ကို သမီး​ငယ်​တို့ နားလည်​လက်ခံ​အောင် ပြော​ပြတာ​ထက် သတင်းစကား​အမှား​တွေ​နဲ့ သမီး​ငယ်​တို့​ကြောက်လန့် သွား​အောင် ခြောက်လှန့်​တဲ့​နည်း​ကို သုံး​ကြ​ပါ တယ်။

ကျွန်မ​ကိုယ်တိုင်​လည်း ဒီ​အပြောင်း​အလဲ​ကို စ​ကြုံ​ရ​ချိန်​မှာ အဘွား​ဖြစ်​သူ​က ယောက်ျား​လေး​တွေ​အသား​နဲ့​သွား​မ​ထိ​ရ​ဘူး။ ဗိုက်​ကြီး​ပူ​တတ်​တယ်။ ယောက်ျား​လေး​တွေ​နဲ့​အတူတူ မက​စား​ရ​တော့​ဘူး။ အဖေ​နဲ့​လည်း​အတူတူ မ​အိပ်​ရ တော့​ဘူး​လို့ သတိပေး​ပြော​ကြား ခြင်း​ခံ​ခဲ့​ရ​ပါ​တယ်။

မနေ့​တစ်​နေ့​က​အထိ လွတ် လပ်ပျော်​ရွှင်​စွာ ဆော့​က​စားပျော် မြူး​နေ​တဲ့ ကလေး​ဘဝ​က​နေ ချက် ချင်း​ကြီး​အပြောင်း​အလဲ​တစ်​ခု​ကို လက်ခံ​ဖို့ အသင့်​မ​ဖြစ်​သေး​ချိန်​မှာ ဒီ​လို​ထူးဆန်း​ပြီး ခြောက်လှန့်​ရာ ရောက်​တဲ့ သတင်းစကား​အမှား တွေ​က ကလေး​ငယ်​တွေ​ရဲ့ နုနယ် တဲ့ ဦးနှောက်​လေး​ထဲ​မှာ စိတ်ညစ် ညူး​မှု​ဖြစ်​စေ​သ​လို ရှေ့​ဆက်​မယ့် အပျိုဖော်​ဝင်​စ​ဘဝ​ခရီး​မှာ​လည်း သမီး​ငယ်​တို့​အနေ​နဲ့​ဆောင်​ရန်၊ ရှောင်​ရန်​တွေ​ကို လမ်း​ညွှန်​ပြော​ပြ ပေး​ခြင်း​မ​ခံ​ရ​တဲ့​အတွက် မ​လို လား​အပ်​တဲ့​ပြဿနာ​တွေ​ကို နောက်ဆက်တွဲ​ကြုံ​ရ​နိုင်​ပါ​တယ်။

ဒါ​ကြောင့် သမီး​ငယ်​တို့​ရဲ့ ရာသီပန်းပွင့်​ချိန်​အပြောင်း​အလဲ ကို သမီး​ငယ်​တို့​အသက်အရွယ်၊ အသိ​ဉာဏ်​နဲ့ လိုက်​ဖက်​တဲ့​စကား လုံး​အသုံး​အနှုန်း​လေး​တွေ​သုံး​ပြီး ဆောင်​ရန်၊ ရှောင်​ရန်​တွေ​ကို အမှန်​အတိုင်း​ပြောဆို​ရှင်း​ပြ​ပေး တာ​က အကောင်း​ဆုံး​ပဲ​လို့ အထွေ​ထွေ​ရောဂါ​ကု​ဆရာဝန် ဒေါက်​တာကျော်​စွာ​ဦး​က အကြံ ပြု​ပါ​တယ်။

အမျိုးသမီး ဓမ္မတာ​အနေ​နဲ့ တစ်​လ​တစ်​ခါ​ရာသီပန်းပွင့်​ပြီ​ဆို ရင် ဒီ​မိန်း​ကလေး​မှာ ကိုယ်ဝန် ဆောင်​နိုင်​တဲ့ အခွင့်​အလမ်း​စ​ရ​ပြီ ဖြစ်​ပါ​တယ်။ အပျို​ဖြစ်​ပြီ​မို့ ယောက်ျား​လေး​နဲ့​အတူ နေထိုင်​လိုက်​ရင် ကိုယ်ဝန်​ရ​နိုင်​တယ်။ ဒါ ကြောင့် မိန်း​ကလေး​တွေ​အနေ​နဲ့ ကိုယ့်​ရဲ့​အပျိုစင်​ဘဝ​ကို စ​ပြီး​ထိန်း သိမ်း​နေထိုင်​သွား​သင့်​ပြီ​ဆို​တာ ကို ကလေး​ငယ်​အသက်အရွယ်​နဲ့ အလိုက် နားဝင်​တဲ့​စကားလုံး​နဲ့ ရှင်း​ပြ​သင့်​ပြီ​လို့ သူ​က ပြော​ပါ တယ်။

ဆေး​ပညာ​စာ​တမ်း​အချို့​မှာ ယောက်ျား​လေး​ဟာ အသက် (၁​၃)နှစ်၊ (၁​၄)နှစ်​ခန့်​မှာ လူပျို ဖော်​ဝင်​ပြီး မိန်း​ကလေး​တွေ​က တော့ အသက် (၁​၀)နှစ် (သို့ မဟုတ်) (၁​၁)နှစ်​မှာ အပျိုဖော် စ​ဝင်​လေ့​ရှိ​တယ်​လို့ ဖော်​ပြ​ပါ တယ်။ တချို့​မိန်း​ကလေး​ငယ်​တွေ ဆို ဒီ​သတ်​မှတ်ထား​တဲ့​အသက် ထက်​စော​ပြီး ရာသီပန်းပွင့်​တာ​မျိုး လည်း​ရှိ​တတ်​ကြ​ပါ​တယ်။ ဒီ​အခါ မှာ ငယ်​လွန်း​သေး​တဲ့​အသက် ကြောင့် လိင်​ပညာ​ပေး​ဆန်​တဲ့ ဒီ​လို​စကား​မျိုး​တွေ​ကို အသိ​ပေး ပြော​ကြား​ဖို့ မြန်မာ​မိဘ​တွေ​အနေ နဲ့ ခက်ခဲ​ပါ​လိမ့်​မယ်။

ဒါပေမဲ့ အခု​လို အိုင်​တီ ခေတ်။ ကလေး​ငယ်​တွေ​လက်​ထဲ မှာ စ​မတ်​ဖုန်း​တွေ​အလွယ်​တ​ကူ ရောက်​ရှိ​နေ​ချိန်​မှာ လိင်​ကိစ္စ​ဟာ မိဘ​တွေ​သတိ​မ​မူ​မိ​ခင်​မှာ​ပဲ ကလေး​တွေ​အနေ​နဲ့ ထိ​တွေ့​မှု​ရှိ နေ​နိုင်​ပါ​တယ်။ ဒါ​ကြောင့် မှန်​မှန် ကန်⁠ကန်​နဲ့ အသိ​ပေး​ပြော​ကြား ခြင်း​ဟာ အကောင်း​ဆုံး​ဖြစ်​တဲ့ အကြောင်း ဒေါက်​တာကျော်​စွာ ဦး​က ပြော​ပါ​တယ်။

‘‘အရွယ်​မ​ရောက်​သေး​ဘဲ ကလေး​မွေး​ဖွား​ရင် အန္တရာယ် လည်း​ရှိ​နိုင်​တယ်။ ကျန်းမာ​ရေး လည်း ထိခိုက်​မယ်။ ကိုယ့်​ဘဝ​ရဲ့ တက်​လမ်း​တွေ​လည်း အကုန်​ပိတ် ကုန်​မယ်​ဆို​ပြီး အစ၊အဆုံး​သူ​ဖြတ် သန်း​ရ​မယ့်​နောင်​ရေး​ကို​ပါ ရှည် ရှည်ဝေး​ဝေး​တွက်ချက်​ပြီး အသိ ပေး​ပြော​ပြ​သင့်​တယ်။ ဒါ​မှ ကလေး​က ဘဝ​ကို အသိ​ရှိ⁠ရှိ​နဲ့ သက်​သောင့်​သက်သာ​ဖြတ်​သန်း နိုင်​လိမ့်​မယ်။ အရမ်း​ငယ်​သေး​လို့ ဒီ​လိင်​ပညာ​ပေး​စကား​တွေ​မ​ပြော ချင်​ဘူး​ဆို​လည်း သူ​နားလည် လွယ်​မယ့် စကား​လေး​တွေ​နဲ့ အသိ​ပေး​ပြော​သင့်​တယ်’’လို့ ၎င်း က ဆို​ပါ​တယ်။

အမေ​ရိ​ကန်​ပြည်ထောင်​စု မှာ ဆို​ရင်​တော့ အသက် (၁​၂)နှစ်၊ (၁​၃) နှစ်​အရွယ်​ကတည်းက ကလေး​ငယ်​တွေ​ကို ကျောင်း​တွေ မှာ အချိန်​တစ်​ချိန်​ယူ​ပြီး​တော့ လိင်​ပညာ​ပေး​သင်​ခန်း​စာ​တွေ သင်ကြား​ပေး​ပါ​တယ်။

ဓမ္မတာ လာ​တာ​က​အစ မုဒိမ်း​ကျင့်​ခံ​ရ​တဲ့​အခါ ကာ​ကွယ်​နည်း​အဆုံး ယောက်ျား​လေး၊ မိန်း​ကလေး တန်းတူ​ထား​ပြီး သင်ကြား​ပေး​တဲ့ အတွက် အသက် (၁​၃)နှစ် လောက်​ကတည်းက ကလေး​ငယ် တွေ​ဟာ အိမ်​က​မိဘ​တွေ​ထက် တောင်​ဆောင်​ရန်၊ ရှောင်​ရန်​တွေ သိ​နေ​ပြီ​လို့ အမေ​ရိ​ကန်​ပြည်ထောင်​စု​မှာ​နေထိုင်​တဲ့ မြန်မာ​စာ နည်း​ပြ​မ​ထား⁠ထား​မြင့်​က ပြော​ပါ တယ်။ အမေ​ရိ​ကန်​မိဘ​တွေ ကိုယ်တိုင်​က​လည်း ကိုယ့်​သား၊ သမီး အသက်(၁​၃)နှစ်​လောက် ရောက်လာ​ပြီ​ဆို​ရင် ဒီ​လိင်​ပညာ ပေး စကား​တွေ​ကို​လမ်း​ညွှန်​ပြော ကြား​ပေး​တယ်​လို့ မ​ထား⁠ထား​မြင့် က ဆို​ပါ​တယ်။

အရင်​က ဓမ္မတာ​လာ​တာ​ကို လိပ်ခေါင်း​က သွေး​ထွက်​တယ်​လို့ ပဲ သမီး​ငယ်​ကို ပြေ​ထား​ဖူး​တဲ့ မြန်မာ​အိမ်ထောင်​ရှင်မ သမီး​တစ် ဦး​မိ​ခင် မ​ထား⁠ထား​ခိုင်​က အခု တော့ သမီး​ရဲ့​သူငယ်ချင်း​က ရာသီပန်းပွင့်​နေ​ပြီ​ဖြစ်​လို့ ရှာ​ရှာ ဖွေ⁠ဖွေ​မေးခွန်းထုတ်​တတ်​တဲ့​သမီး အတွက် နားလည်​အောင်​ပြော​ပြ ထား​တယ်​လို့ ဆို​ပါ​တယ်။

‘‘သမီး​သူငယ်ချင်း​က ရာသီ လာ​ပြီ​ဆို​တော့ သူ့​အဖေ​နဲ့​အတူတူ မ​အိပ်​ရဲ​တော့​ဘူး​လို့ သမီး​ကို​ပြော လိုက်​တော့ အထူး​အဆန်း​ဖြစ်​ပြီး ကျွန်မ​ကို ပြန်​မေး​တော့​တာ​ပေါ့။ ပြီး​တော့ မေမေ​တို့​လို​ပဲ သူငယ် ချင်း​က ဒိုက်​ပါ​ခံ​တယ်​လို့​လည်း ပြော​လာ​တယ်။ ဒီ​တစ်​ခါ​တော့ လိပ်ခေါင်း​လို့ ထပ်ပြော​လို့​မ​ရ တော့​ဘူး။ သေသေချာချာ​နား လည်​အောင် ရှင်း​ပြ​ရ​တယ်။ အဖေ​နဲ့​အတူတူ မ​အိပ်​ရ​တာ​မျိုး တော့​မဟုတ်​ဘူး။ တခြား​သူစိမ်း ယောက်ျား​တွေ​နဲ့​အတူ မ​အိပ်​ရ တော့​ဘူး။ ရာသီ​လာ​တယ်​ဆို​တာ ဘယ်​လို​ဆို​ပြီး သေချာ​ပြော​ပြ လိုက်​ရ​တယ်။ အခု​သူ​က အပြင် ထွက်​ရင် ရှင်​မီး​မ​ဝတ်​ချင်​ဘူး​လေ။ ကိုယ်​ကတော့ အမြင်​မ​တင့်တယ် ဘူး။ ရှင်​မီး​မ​ပါ​ဘဲ အပြင်​သွား​ရင် သူ​များ​တွေ​က သမီး​ကို​ရော မေမေ့ကို​ပါ အပြစ်တင်​မယ်​လို့ လည်း​ပြော​ပြ​ရ​တယ်’’ဟု မ​ထား ထား​ခိုင်​က ပြော​ပါ​တယ်။

ကလေး​ငယ်​တွေ​အနေ​နဲ့ ရာသီပန်းပွင့်​ချိန်​မှာ ခန္ဓာ​ကိုယ်​က သာ​ပြောင်းလဲ​ပြီး စိတ်​က​မ​ပြောင်း လဲ​သေး​တဲ့​အတွက် လိင်​ပညာ​ပေး ကိစ္စ​ကို​တော့ ထည့်​ပြော​ဖို့​ဝန် လေး​တယ်​လို့​လည်း သူ​က​ဆို​ပါ တယ်။ ဒါပေမဲ့ ခု​ခေတ်​မှာ ကိုယ့် မျက်စိ​ရှေ့​တင် ငယ်​ငယ်ရွယ်​ရွယ် နဲ့ လမ်းမှား​သွား​တာ​မျိုး​လည်း တွေ့​နေ​ရ​တော့ သမီး​ငယ်​ကို ဒီ ကိစ္စ​က မ​ဖြစ်​မ​နေ​ပြော​တော့​ပြော ရ​မယ်​ဆို​တာ​တော့ လက်ခံ​တယ် လို့ မ​ထား⁠ထား​ခိုင်​က ဆက်​ပြော ပါ​တယ်။

ကိုယ်​နဲ့ တစ်​တန်း​တည်း သူငယ်ချင်း​တွေ​က ကိုယ့်​ထက် အပျို​ဖြစ်​တာ​စော​တော့ သူငယ် ချင်း​အချင်းချင်း​လည်း ပြော​ပြ​ပေး သ​လို အိမ်​က​အမေ​က​လည်း သူ ခုနစ်​တန်း​လောက်​ကတည်းက ဂရု​တ​စိုက်​မေးမြန်း​ပြော​ပြ​ပေး တဲ့​အတွက် ရာသီပန်းပွင့်​ချိန်​ကာ လ​ကို ဖြတ်​သန်း​ရ​တာ​အခက်​အခဲ မ​ရှိ​တဲ့​အကြောင်း အသက် (၂​၆) နှစ်​အရွယ် မ​စု⁠စု​က ပြော​ပါ​တယ်။

‘‘ရာသီ​လာ​ချိန် သန့်သန့်​ရှင်း ရှင်း​နေထိုင်​တတ်​ဖို့၊ ဗိုက်​အောင့် တာ စိတ်​အနှောင့်​အယှက်​ဖြစ်​တာ တွေ​ရှိ​တတ်​တယ်​လို့ အမေ​က ပြော​ပြ​ပေး​တယ်။ နောက်​ပြီး ဆေး ပညာ​စာအုပ်​တွေ​နဲ့ သမီး​ငယ်​တွေ အသိ​ကြွယ်​ဖို့​ဆို​တဲ့ စာအုပ် တွေ​လည်း ဖတ်​ခဲ့​တယ်။ အဓိက ကတော့ သူငယ်ချင်း​လို​ပေါင်း​တဲ့ အမေ​ရယ်၊ သူငယ်ချင်း​တွေ​ရယ်​နဲ့ စာအုပ်​တွေ​ကြောင့် ကျန်းမာ​ရေး အသိ​တွေ​ရ​ခဲ့​တာ​ပါ’’လို့ မ​စု⁠စု​က ဆို​ပါ​တယ်။

ကိုယ်တိုင်​လည်း (၇)နှစ် အရွယ်​သမီး​လေး​တစ်​ယောက် ပိုင်ဆိုင်​ထား​တဲ့ ဒေါက်​တာကျော် စွာ​ဦး​ကတော့ သမီး​တို့​မိ​ခင်၊ ဖ​ခင် အားလုံး​အတွက် အခု​လို လမ်း ညွှန်​မှတ်ချက်​စကား​ကို အကြံ​ပြု ပါ​တယ်။

‘‘ကလေး​ကို Sex နဲ့ နွှယ်​ပြီး မ​ပြော​ချင်​ရင်တောင်​မှ ကျန်းမာ ရေး​အရ ဒီ​လို​ရာသီ​လာ​ချိန်​မှာ နေ မ​ကောင်း​ဖြစ်​တတ်​တယ်။ သန့် သန့်ရှင်း​ရှင်း​နေ​ဖို့​လို​တယ်။ တစ် ကိုယ်​ရည်​သန့်ရှင်း​ရေး​ကို ဂရုစိုက် ရ​မယ်။ ဒါ​မြို့ပေါ်​တင်​မက​ဘူး။ ကျေးလက်​နေ​တဲ့ ပြည်​သူ​တွေ လည်း ဒါ​ကို အသိ​ပေး​ဖို့​လို​တယ်။ ခု​ခေတ်​က Early Sex (အရွယ် မ​တိုင်​မီ လိင်​မှု​ရေးရာ​ပြုမူ​ခြင်း) တွေ​က တ​အား​ကို​များ​လာ​ပြီ။ ဒီ တော့ ကလေး​တွေ​ကို စာ​လေး​ပေ လေး​လည်း ပေး​ဖတ်​ရ​တယ်။ တတ်နိုင်​သ​လောက်​လည်း Awareness ပေး​ရ​မယ်။ ကလေး တွေ​ကို ယုတ္တိ​မ​ရှိ​ဘဲ အကြောက် တရား​ရ​စေ​မယ့် တ​လွဲ​မက်​ဆေ့ခ်ျ တွေ​ကို​မ​ပေး​ဘဲ သိ​သင့်​သိ​ထိုက် တာ​ကို သက်​သောင့်​သက်သာ​ဖြစ် အောင် ပြော​ပြ​ပေး​ပါ’

Credit to 7Day Daily