သင်​ဟာ ဓါတ်​ပုံ ရိုက်​ရ​တာ ဝါသနာ​ပါ​တဲ့ လူ​တစ်​ယောက်​ဆို​ပါ​စို့။ ဒါ​ဆို​ရင် သင်​ဟာ သင့်​မှာ​ရှိ​တဲ့ ငွေ​ကြေး​အင်အား​နဲ့ DSLR ကင်​မ​ရာ​တစ်​လုံး​ကို ဝယ်​ဖို့​စဉ်းစား​မိ​မှာ သေချာ​ပါ​တယ်။ ဒါ​ပေ​မယ့်​လည်း DSLR ကင်​မ​ရာ ဝယ်​ယူ​တယ်​ဆို​တာ သာမန်​ဈေး​ဝယ်​ထွက်​ခြင်း​နဲ့ မ​တူ​ပါ​ဘူး။ တံဆိပ် ၊ဈေးနှုန်း ၊ အသေး​စိတ် လုပ်ဆောင်​ချက်​တွေ​ကို ချင့်ချိန်​ရ​ပါ​တော့​မယ်။ အဲ​ဒီ​တော့ သင် DSLR ကင်​မ​ရာ​တစ်​လုံး မ​ဝယ်​ယူ​ခင်​မှာ ချင့်ချိန်​စဉ်းစား​စရာ အချက်​တစ်​ချို့ ကို အပိုင်း (၁)မှာ ဖော်​ပြ​ပေးလိုက်​ပါ​တယ်။

၁။ ရည်​ရွယ်​ချက်

သင် ကင်​မ​ရာ​မ​ဝယ်​ခင် ဘာ​လုပ်​ဖို့ ဝယ်​တာ​လဲဆို​တာ​က စ​ပြီး စဉ်း​စာ​သင့်​ပါ​တယ်။ အပျော်​တမ်း ဓါတ်​ပုံ​ရိုက်​မှာ​လား။ အသက်မွေး​ဝမ်း​ကျောင်း လုပ်​ငန်း​အတွက်​လား။ မိသား​စု​အတွက် မှတ်တမ်း​တင်​ရုံ သက်သက်​လား။ ဒါ​တွေ​ကို ကြည့်​ပြီး ကင်​မ​ရာ အမျိုး​အစား​ကို ရွေးချယ်​ရ​မှာ ဖြစ်​ပါ​တယ်။

၂။ ငွေ​ကြေး​အင်အား

သင်​လိုချင်​တဲ့ ကင်​မ​ရာ​ဝယ်​ဖို့ လုံလောက်​တဲ့ ငွေ​ကြေး သင့်​မှာ​ရှိ​ပြီ​လား။ ဒါ​မှ​မဟုတ် သင့်​မှာ​ရှိ​တဲ့ ငွေ​ကြေး​နဲ့ လုံလောက်​တဲ့ ကင်​မ​ရာ​ကို​ပဲ ဝယ်​လိုက်​မှာ​လား။ DSLR ကင်​မ​ရာ​တွေ​ဟာ Function တွေပေါ်​မူ​တည်​ပြီး​ဈေးနှုန်း​ကွဲပြား​ပါ​တယ်။ အဲ​ဒီ​တော့ ငွေ​ကြေး​နဲ့ ပတ်သက်​ပြီး လည်း သင် ချင့်ချိန်​ရ​ပါ​တော့​မယ်။

၃။ လုပ်ဆောင်​မှု(Processor)

DSLR ကင်​မ​ရာ ဝယ်​ယူ​တဲ့​အခါ ကွန်ပျူတာ တို့ ဖုန်း​တို့ ဝယ်​ယူ​သ​လို​ပဲ Processor ကို​မေ့​ထား​လို့ မ​ရ​နိုင်​ပါ​ဘူး။ Processor အရည်အသွေး​နိမ့်​ရင် သင့် ရဲ့ ရိုက်​ချက်​တွေ​ကို အနှောင့်​အယှက်​ဖြစ်​နေ​ပါ​လိမ့်​မယ်။

၄။ လက်ကိုင် နဲ့ အရွယ်​အစား

DSLR ကင်​မ​ရာ​တွေ​ရဲ့ အရွယ်​အစား​ဟာ များ​သော​အား​ဖြင့် ကြီးမား​ကြ​ပါ​တယ်။ ဒါ​ပေ​မယ့်​လည်း ကင်​မ​ရာ အားလုံး ဟာ အရွယ်​အစား​မ​တူ​ပါ​ဘူး။ အဲ​ဒီ​တော့ သင့်​ရဲ့ လက် အရွယ်​အစား​နဲ့ အဆင်​ပြေ​မယ့် အရွယ်​အစား​ရှိ​တဲ့ ကင်​မ​ရာ​ကို ရွေးချယ်​သင့်​ပါ​တယ်။ ဒါ​ပေ​မယ့် လက်ကိုင်​အတွက် ကတော့ Original နဲ့ သေး​နေ​ရင် Grip အပို​တွေ တပ်​ဆင်​လို့​ရ​ပါ​တယ်။

၅။ View Finder

View Finder က​နေ​တစ်​ဆင့် ဓါတ်​ပုံ​ရိုက်​ခြင်း​ဟာ သင့်​ကို ကျွမ်းကျင်​သူ တစ်​ယောက်​အဖြစ် ခံစား​မိ​စေ​မှာ​ပါ။ DSLR ကင်​မ​ရာ​တွေ​ဟာ LCD မျက်နှာပြင်​က​နေ​တစ်​ဆင့် ကြည့်​ရှု​ပြီး ရိုက်​ကူး​နိုင်​တဲ့​အတွက် Live View Shooting အတွက် ကောင်း​ပါ​တယ်။

၆။ ဓါတ်​ပုံ အရည်အသွေး

ဓါတ်​ပုံ ရိုက်​တဲ့ အခါ ကောင်းမွန်​တဲ့ အရည်အသွေး​ရ​ဖို့ ရိုက်​တဲ့​သူပေါ်​မူ​တည်​သ​လို ကင်​မ​ရာပေါ်​လည်း​မူ​တည်​ပါ​တယ်။ အကောင်း​ဆုံး ဓါတ်​ပုံ အရည်အသွေး​ကို လိုချင်​ရင်​တော့ ကင်​မ​ရာ​ရဲ့ Megapixels ကို ဂရုစိုက်​ရွေးချယ် ရ​ပါ​လိမ့်​မယ်။

၇။ ဗီ​ဒီ​ယို ရဲ့ ကြည်လင်​ပြတ်သား​မှု

သင်​ဟာ DSLR ကင်​မ​ရာ ရ​လာ​ခဲ့​ရင်​တော့ ဗီ​ဒီ​ယို​ကို အပျော်​တမ်း ဖြစ်​ဖြစ် မှတ်တမ်း​ဖြစ်​ဖြစ် ရိုက်​ကူး​ချင်​မိ​မှာ​ပါ။ အဲ​ဒီ​အခါ​မှာ ကင်​မ​ရာ​ရဲ့ ဗီ​ဒီ​ယို ကြည်လင်​ပြတ်သား​မှု​က​လည်း သင့် ကို စိတ်​ကျေနပ်​မှု​ပေး​စွမ်းနိုင်​တာ​မို့ ဒါ​ကို သတိပြု​ဖို့​မ​မေ့​ပါ​နဲ့။ Nikon ကင်​မ​ရာ​တွေ​ကတော့ ဗီ​ဒီ​ယို​ကို အချိန်​ကြာရှည်​ရိုက်​ကူး​လို့ မ​ရ​နိုင်​ပါ​ဘူး။

၈။ မ​တူညီ​တဲ့​မှန်ဘီလူး အမျိုး​မျိုး​နဲ့ တွဲ​ဖက်​လို့​ရ/မ​ရ

သင်​ဟာ DSLR ကင်​မ​ရာ​တစ်​လုံး​တော့ ဝယ်​လိုက်​ပါ​တယ်။ ဒါ​ပေ​မယ့် မှန်ဘီလူး​တော့​လဲ​သုံး​လို့ မ​ရ​ဘူး​ဆို​ရင်​တော့ အဆင်​မ​ပြေ​နိုင်​ပါ​ဘူး။ သင့်​ရဲ့​ရည်​ရွယ်​ချင်ပေါ်​မူ​တည်​ပြီး ဘယ်​လို မှန်ဘီလူး​ကို အသုံးပြု​မယ်​ဆို​တာ ရွေးချယ်​ရ​မယ့်​အတွက် မှန်ဘီလူး​တိုင်း​နဲ့ တွဲ​ဖက်​နိုင်​တဲ့ ကင်​မ​ရာ​ကို သာ​ရွေးချယ်​သင့်​ပါ​တယ်။

၉။ မှန်ဘီလူး သန့်ရှင်း​ရေး ပစ္စည်း​များ

ဓါတ်​ပုံ​ဆရာ​တွေ အတွက် ကင်​မ​ရာ​ဟာ သေ​နတ်​တစ်​လက်​ဆို​ရင် မှန်ဘီလူး​တွေ​ဟာ သေ​နတ်​ပြောင်း​တွေ ဖြစ်​ပါ​လိမ့်​မယ်။ မှန်ဘီလူး​တွေ​က ကိုယ်​ရိုက်​ကူး​ချင်​တဲ့ ရှု​ထောင့်​တွေ​ကို ဖန်တီး​ပေး​နိုင်​ပါ​တယ်။ အဲ​ဒါ​ကြောင့်​လည်း မှန်ဘီလူး​ကို ဂရုစိုက်​ဖို့​လို​ပါ​တယ်။

၁​၀။ အပို​ပစ္စည်း​များ

DSLR ကင်​မ​ရာ ချည်း​ပဲ ဝယ်​မ​လာ​မိ​ဖို့ သတိပြု​ပါ။ ကင်​မ​ရာ​အိတ်၊ ဘက်​ထ​ရီ​ဓါတ်​ခဲ​အပို၊ အား​သွင်း​ကြိူး၊ ထောက်​တံ(Tripod) တို့ ပါ​မ​ပါ ဂရုစိုက်​သင့်​ပါ​တယ်။

အထက်​ပါ​အချက်အလက်​တွေ​အားလုံး​နဲ့ ကိုက်​ညီ​တဲ့ ကင်​မ​ရာ​အဖြစ် Canon EOS 1200D ကို ကျွမ်းကျင်​သူ​တွေ​က ရွေးချယ်​ပေး​ထား​ပါ​တယ်။

Credit to Trend Myanmar