living together အပိုင်း ၁

အလွန်​ပင် ယဉ်ကျေး​သိမ့်​မွေ့​ပြီး အနေအထိုင် အပြောအဆို၊ အပြုအမူ​တို့​များ​တွင် ကျက်သရေ​နှင့်​မင်္ဂလာ ရွိ​သော​ကြောင့် မိန်းမ​တို့ ကုန္ဒြေ​ရွှေ​ပေး​လို့​မ​ရ​ဆို​ပါ​သည်။ အရှက်​သိက္ခာ နှင့် နာမည်​ဂုဏ်​သ​တင်း​တို့​တွင် အသက်​ထက် တန်ဖိုး​ထား​မြတ်နိုး​ကြ​သည်။ ယခု​၂​၁ ရာ​သစ်​တွင် မိဘ​များ​သည် သူ​တို့​၏​စီးပွား​ရေး​နှင့် ဝမ်း​ရေးင့် မိသား​စု စား​ဝတ်နေ​ရေး​ပြေလည်​စေ​ရန်​အတွက် ဖ​ခင်​နှင့်​မိ​ခင်​တို့​သည် နေ့စဉ်​လိုလို ကြိုးစား ရုန်း​ကန်​ပြီး ဝင်ငွေ​ရှာဖွေ​နေ​ကြ​သည်။ ထို့​သို့ မိဘ​များ​သည် သားသမီး​များ ပညာ​ရေး​နှင့် စား​ဝတ်နေ​ရေး​တို့ အတွက် နေ့စဉ် ရုန်း​ကန် ရှာဖွေ​နေ​ရသော်​ငြား​လည်း သားသမီး​များ​သည် အချိန်​တန်​လျှင် သူငယ်ချင်း များ​နှင့် အပြင်​ထွက်​လည်ပတ်၊ အများနည်း​သူ Shopping တွေ​ထွက်​ကြ၊ အသစ်​အဆန်း​များ​တွေ့​လျှင် ဝယ်​ကြ၊ ချစ်​သူ​များ​နှင့်​တွေ့​လျှင် သုံး​ဖြုန်း​ကြ၊ အသောက်​စား​တတ်​သူ​များ​က​လည်း အသောက် စား​များ​နှင့် ကလပ်​များ​တက်​ကြ။ ထို​ကဲ့​သို​ပြုလုပ်​နေ​ကြ​သော သားသမီး​များ​ကြောင့် မိဘ​များ​သည် သားသမီး​များ​အတွက် ပူပန်​ရ​သည်​က တ​မျိုး၊ စီးပွား​ရှာ​ရ​သည်​က တ​မျိုး​နှင့် ပူပန်​နေ​ရ​ရှာသည်။ သားသမီး​များ​ကတော့ သူ​တို့ မိဘ​၏ ရင်​တွင်း​အပူ​မီး​များ​ကို နားလည်​လိမ့်​မည် မဟုတ်​ပေ။ထိုသို့ ဖြစ်​ရပ်​များ​ကြား​ထဲ​တွင် အဆိုး​ဆုံး​ကိစ္စ​တ​ရပ်​ကတော့ မိန်း​ကလေး​များ Living Together အတူတူ​နေထိုင်​ပေါင်း သင်း​နေ​ကြ​ခြင်း​ပါ​ပဲ။ လက်ထပ် ထား​ခြင်း​မ​ဟုတ်သော်​ငြား​လည်း အိမ်ထောင်သည်​များ​ကဲ့​သို ပြုမူ​နေ​ကြ​ခြင်း​ကို အဓိက ဆိုလို​ပါ​သည်။

living togetherအပိုင်း ၂

ယနေ့ ခေတ်​ကြီး​တွင် ယောင်္ကျား​လေး​နှင့် မိန်း​ကလေး တူ⁠တူ​နေထိုင်​သော အခါ​တွင် ကိုယ်ဝန်​မ​ရ​ရှိ​စေ​ရန် ဆေး​အမျိုး​မျိုး​နှင့် ထိုး​ဆေး​များ​လည်း နိုင်ငံ​တကာ​မှ ထုတ်​လုပ်​ထား​တာ​တွေ ရှိ​ပါ​သည်။ သို့သော် ထို​ဆေး​များ သုံးစွဲ​ရ​ခြင်း​၏ ဆေး​အာနိသင်​နှင့်​မိမိ ကျန်းမာ​ရေး​အတွက် ဘာ​ဖြစ်လာ​မည်​ဆို​သည့် ဆိုး​ကျိုး​များ​ကို နားလည်​မှု​မ​ရှိ​ပဲ သုံးစွဲ​မှီဝဲ​နေ​ကြ​ခြင်း ပင်​ဖြစ်​ပါ​သည်။ မိမိ​တို့ လူ​မ​ပတ်​ဝန်း​ကျင်း​တွင် မိတ်ဆွေ​များ​လည်း​တွေ့ ဖူး​မှာ​ပါ ရည်းစား​ရှိ​လျှက် AIDS ဖြစ်​ခြင်း၊ ကိုယ်ဝန်​ရ​ရှိ​ခြင်း၊ အရှက်​ကြောင့် မိမိ​ကိုယ်​ကို သတ်​သေ​ခြင်း။ ကိုယ်ဝန်​သား​ဆေး​များ စား/ထိုး​သည့်​ကြား​မှ ကိုယ်ဝန်​ထွက်​လာ​ခြင်း။ တ​ကိုယ်​လုံး​တွင် အနူ​ကဲ့သို့ ဖြစ်ပေါ်​လာ​ပြီး အဖု​များ ထွက်​လာ​ခြင်း။ တ​ကိုယ်​လုံး​ဖော​ယောင်​ခြင်း။ ဖို​မ ဆက်ဆံ​ရ​မှ ကူး​စက်​လာ​သော သုတ်​ရည်​ကြောင့် ဆိုး​ကျိုး​များ ရ​ရှိ​ခြင်း​နှင့် အခြား⁠အခြား​သော ရောဂါ​နှင့် ဖြစ်​စဉ်​ပေါင်း​စုံ များ​သည် Living toghter နေထိုင်​ခြင်း​ကြောင်​နှင့် ဆေး​များ​မှီဝဲ၊ ဆေး​ထိုး​ခြင်း​ကြောင့် ဖြစ်​ပါ​သည်။

ယနေ့ ခေတ်​တွင် နိုင်ငံ​တိုင်း နေရာ​တိုင်း​တွင် လွပ်​လပ်​စွာ ပျော်ပါး​ခွင့်​နေရာ​များ အမြောက်​အများ​ရှိ ပါသော​ကြောင့် ချစ်​သူ​အတွဲ​များ​သည် လွယ်လင့်တကူ​ပင် အိမ်ထောင် လင်မယား​များ​ကဲ့သို့ တူ⁠တူ​အိပ် နေထိုင် လျှက် ရှိ​ကြ​ပါ​သည်။ ထို့​အပြင် မီ​ဒီ​ယာ​လော​ကာ​မှာ​လည်း Porn ဟုခေါ်​သော အပြာ​ရုပ်​ရှင်​များ​နှင့် အင်​တာ​နက် sexual websites မှာ​သည် ထောင်​သောင်း​များ​စွာ ပေါ်ပေါက်​နေ​သော​ကြောင့် လူ​ငယ်​များ ထို​စိတ်​ဓာတ်​ကို​နှိုး​ဆွ​မှု ဖြစ်​စေ​သ​ဖြင့် လူ​ငယ် ဖို​နှင့်​မ များ​သည် လက်တွေ့​စမ်းသပ်​ချင် စိတ်​များ တ​ဖွား⁠ဖွား​ဖြစ်​နေ​ကြ​သည်မှာ မုချ​မ​လွဲ​ပါ။ လူပျို အပျို​များ​က​လည်း စိတ်​ဆန္ဒ​ကို အကောင်​ထည်ဖော်​လို​ကြ​သ​လို၊ အိမ်ထောင်​ရှင်​များ က​လည်း မိမိ ဇနီး​သည်/ခင်ပွန်း​နှင့် ဝေးကွာ​သော အခါ​တွင် စိတ်​၏​သွေး​သား​တောင်း​တ​မှု​ကြောင့် အိမ်ထောင်​မှု ဖောက်​ပြန်​ကြ​တာ​လည်း အတော်​ပင် များ​ပါ​သည်။ ထို​ကဲ့သို့ ကိစ္စ​များ သည် ပြည်​တွင်း​နှင့် ပြည်​ပ တို့​တွင် တူညီ​စွာ​ဖြစ်ပေါ် လျှက်​ရှိ​ပါ​သည်။ နိုင်ငံ​ခြား​ရုပ်​ရှင်​များ နှင့်​ဇတ်​လမ်း​တွဲ​များ က​လည်း လူ​ငယ်​များ​၏ စိတ်​ဓာတ်​များ​ကို နေ့စဉ်​ဖျက်ဆီး​လျှက် ရှိသော်​ငြား​လည်း ပိတ်​ပင်​တားဆီး​မှု​မ​ရှိ/တားဆီး​မှု​မ​ပြုလုပ်​သော​နိုင်ငံ​များ​တွင်​လည်း လွတ်လပ်​စွာ ထို​အခွေ​များ​နှင့် ဇတ်​လမ်း​တွဲ​များ​ကို လွပ်​လပ်​စွာ ဝယ်​ယူ​ကြည့်​ရှု​နေ​ကြ​ပါ​ပြီ။ (မြန်မာ​နိုင်ငံ​မှာ ဆို​လျှင်​လည် လမ်း​ဘေး​တိုင်း ဝယ်​ယူ​နိုင်​ကြ​သည်​ကို တွေ့​ရှိ ရ​ပါ​မည်။)

living togetherအပိုင်း ၃

ထို့​အပြင် နိုင်ငံ​ခြား တိုင်း​ပြည်​များ ရောက်​နေ​သော မြန်မာ​ပြည်​သူ ပြည်​သား​များ​၏ လိင်​မှု ဆိုင်​ရာ​နှင့် Living Together ကိစ္စ​ကို ဆက်လက်​တင်ပြ ပေး​ပါ​မည်။ ယခု ၂​၀​၁​၂ အထိ ပညာ​ရှင်​များ​၏ ပြော​ကြား​ချက် အရ ပြည်​ပ​ရောက်​နေ​သူ​များ​သည် လိင်​မှု​ဆိုင်​ရာ​နှင့် Living Together ကိစ္စ​တွင် ပိုမို စိတ်​အား​ထက်​သက်​စွာ​ဖြင့် ရာ​ခိုင်း​နှုန်း​သည် ယခင် နှစ်​တွေ​များ​ထက် ပိုမို​လွန်ကဲ​စွာ များပြား​လာ​သည် ကို ထောက်​ပြ ဖော်​ပြ​ပြော​ကြား​ထား​ကြ​ပါ​သည်။ ဥပမာ နိုင်ငံ​ခြား​တွင် ပညာသင်​နေ​ကြ​သော ကျောင်းသား၊ ကျောင်း​သူ​များ​နှင့် အလုပ်​လုပ်ကိုင်​နေထိုင်​ကြ သူ​များ​သည် သူ​တို့ အားလပ်​ချိန်​များ​တွင် ဆန့်ကျင်​ဖက် လိင်​ကို​သာ ဦးစားပေး စဉ်းစား​ပြီး အချိန်ကုန် ဆုံး​စေ​လျှက်​ရှိ​ကြ​ပါ​သည်။ ထို​စိတ်​များ​ကို နှုတ်​ဖြင့် ဟုတ်​ပါ​သလား​မေး​ကြည့်​လျှင် လူ​တိုင်း​ဝန်ခံ​မည့် မေးခွန်း​မျိုး မဟုတ်​ပါ။ အမြင်​နှင့် အကဲ​ခေတ်​လျှင် လုံး​ဝ​အသိ​သာ ဖြစ်​နိုင်​ပါ​သည်။ ဥပမာ​တ​ခု​ကို​ကြည့်ပါ… မိသား​စု တစ်​စု သို့မဟုတ် သူငယ်ချင်း တစ်​စု​တွင် ‘ အေး​လှိုင် နင်​ဒီ​နေ့ ငါ​တို့​နဲ့ ဘုန်းကြီး​ကျောင်းလ်ိုက်​ခဲ့​ပါ​လား ‘ ဟုခေါ်​လျှင် တုန့်​ပြန်​မည့်​စကား သည်’ ဆောရီး​ပါ .ငါ​ဒီ​နေ့ ငါ့​ချစ်​သူ​နဲ့ ခ်ျိန်​ထား​တာ​ရှိ​လို့ သို​မဟုတ် အခြား Reason ရှင်းလင်း​ချက်​ဖြင့် “ငါ​ဒီ​နေ့ အရေးတကြီး​ကိစ္စ​ရှိ​လို့ ” စ​သည့်​ပြော​ပြီး ငြင်း​ဆို​လိမ့်​မည်​ကို တွေ့​ရ​ပါ​မည်။ ထို​အချက်​တ​ခု​သည် သာဓက တ​ချက်​ဖြစ်​သည်။

ပြည်​ပ​ရောက်​မြန်မာ လူ​မျိုး​များ​၏ Living Together ကိစ္စွ​နှင့် အိမ်ထောင်​ရေး ဖောက်​ပြန်​မှု​များ စင်​ကာ​ပူ​နိုင်ငံ အကြောင်း စင်​ကာ​ပူ​နိုင်ငံ​တွင် မြန်မာ​လူ​မျိုး အများ​စု​သည် လူ​မှု​ကျင့်ဝတ် များ​ကို ဖောက်​ဖျက်​နေ ထိုင်​လျှက် ရှိ​ကြ​ပါ​သည်။ အလားတူ​စွာ​ပင် အဝေး​ရောက် မြန်မာ​အချင်း​အချင်း ခေါင်း​ပုံ ဖြတ်​အမြတ်​ကြီး​ထုတ်။ ရန်လို။ ပြိုင်ဆိုင် ၊ မ​နာလို​မှု၊ ဂုန်း​လျှော ဂုန်း​တိုက်​မှု​များ၊ ရာထူး​အရှိန်​ဝါ​ကြောင့် မြန်မာ လူ​မျိုး​အချင်းချင်း မ​တူမ​တန်​စွာ ဆက်ဆံ​နေ​ကြ​ခြင်း၊ ပညာ​အရည်​ချင်း မိမိ​ထက် နိမ့်​သည်​ကို နှိမ့်ချ​ပြီး မိမိ​ထက်​မြင့်​သည့်​သူ​ကို ကပ်​ဖား နေ​ခြင်း။ အိမ်ထောင်​ရေး ဖောက်​ပြန်​ကြ​ခြင်း၊ ရည်းစား အများ​ပြား ထား​ပြီး ပြသ​နာ​များ ရှုပ်​နေ​ကြ​ခြင်း​နှင့် Living Together ကိစ္စ​ကြောင့် နောက်ဆက်တွဲ ပြသ​နာ၊ လိင်​မှု​ကိစ္စ​ကြောင့် မိသား​စု သားသမီး​များ​ကို လမ်း​ခွဲ​ရ​ခြင်း​များ​သည် စင်​ကာ​ပူ ရောက်​ရွှေ​မြန်မာ​များ​တွင် အများ​ဆုံး နေ့စဉ် တ​ကွ ဖြစ်ပေါ်​နေ​သော အရာ​ကိစ္စ​များ​ဖြစ်​ပါ​သည်။ ထို​ကိစ္စ​များ​ထဲ​မှာ အိမ်ထောင်​ရေး ဖောက်​ပြန်​မှု​နှင့် Living Together ကိစ္စ​များ​ကို အဓိက ဖော်​ပြ​ပေး​ပါ​မည်။

living togetherအပိုင်း ၄

စင်​ကာ​ပူ​သို့ မြန်မာ​လူ​မျုး​ိ အများ​စု​သည် နေ့စဉ် ဆို​သ​လို ရောက်​ရှိ​လာ​ကြ​ပြီး ကျောင်း​တက်​သူ​များ​နှင့် အလုပ်​ရှာဖွေ​သူ​များ။ လက်​ရှိ အလုပ်​ကိုင်​နှင့်​နေထိုင်​သူ​များ။ စင်​ကာ​ပူ​နိုင်ငံသား ခံယူ​ထား​သူ​များ ဆို​ပြီး အမြောက်​များ ရှိ​ပါ​သည်။ ထို့​သို့ စင်​ကာ​ပူ​သို့ ရောက်​ရှိ​လာ​သူ​များ ထဲ​တွင် ကျောင်းသား​ကျောင်း​သူ​များ​သည် Polytechnic ကျောင်း​များ။ Accounting နှင့် Business School များ။ Hotel & Tourism Management ကျောင်း​တို့​ကို လာ​ရောက်​တက်​ကြ ပညာသင်​ယူ​ကြ​လျှက် ရှိ​သည်။ ထို​သူ​များ​သည် စင်​ကာ​ပူ​သို့ ရောက်​ရှိ​လာ​ပြီး လ​ပိုင်း အနည်းငယ်​အတွင်း​မှာ ချစ်​သူ​များ ကိုယ်​စိ​ရှာ​ကြ​သည်။ ချစ်​သူ​များ​ကို​လည်း အပ်ြိုင်​အဆိုင် ထား​ကြ​သ​လို မိမိ​ချစ်​သူ​ဟု တွဲ​နေ​သူ​နှင့် ကလပ်​များ​ကို အပတ်​စဉ် ကြာ​သာ​ပ​တေး​နှင့် သောကြာနေ့ များ​တွင် Night Club (student entry free of charge= just present student ID) တက်​ရောက်​ကြ​လျှက် ရှိ​ကြ​ပြီး ကလပ်​မှ မူး​ပြီး​ပြန်လာ​ကြ​လျှင် Living Together နေထိုင်​ကြ​ခြင်း။ အဖွဲ့​လိုက် မိမိ​တို့ အိပ်ခန်း​တွင် Living Together နေထိုင်​ကြ​ခြင်း​များ​ဖြင့် ပျော်ပါး တတ်​ကြ​ပါ သည်။

နောက်ဆက်တွဲ ဇတ်​လမ်း​များ​ကတော့ ကိုယ်ဝန်​နှင့် မြန်မာ​ပြည်​သို့ ပြန်သွား​ရ​ခြင်း၊ အချို့​မှာ ဆေး​ရုံ​ဆေး​ခန်း​များ​သို့ သွား​ရောက်​ဖျက်​ချ​ရ​ခြင်း​နှင့် မိမိ​ကိုယ်​ကို သတ်​သေ​ကြ​ခြင်း​ကြောင့် မြန်မာ မိန်း​ကလေး​များ သ​တင်း သည် ဆေး​ရုံ ဆေး​ခန်း နယ်ပယ်​လောက​တွင် အလွန်​ပင် နာ​မည်ကျော်​ကြား​လျှက်​ရှိ​ပါ​သည်။ (မ​ယုံကြည်​သူ​များ သွား​ရောက်​စုံး​စမ်း​ကြည့်​ခြင်း​ဖြင့် သက်သေ ထူ​နိုင်​ပါ​လိမ့်​မည်။ စင်​ကာ​ပူ​နိုင်ငံ​သည် ငွေ​ပေး တိုင်း စာရင်း​ဖျောက်​မ​ရ​သော​ကြောင့် မြန်မာ​နာမည်​နှင့် IC/NIRC/FIN မှတ်ပုံတင်​နံပါတ်​များ ဆေး​ရုံ​ဆေး​ခန်း​များ စာရင်း​နှင့် Computer System Record ထဲ​တွင် မုချ ရှိ​နေ​ပါ သည်)။ ကျောင်းသား​ကျောင်း​သူ များ​သည်​လည်း ချစ်​သူ​အတွဲ​များ​ဖြင့် Living together တ​ခန်း​တည်း​တွင် ဌား​ရမ်း​နေထိုင်​ကြ​သည်​ကို မြန်မာ မိသား​စု​များ​က​လည်း ငွေ​ရ​လျှင် လက်ခံ​ပြီး အခန်း​ဌား​ရမ်း​ထား​ကြ​ပါ​သည်။

living togetherအပိုင်း ၅

အလုပ်​သမား​များ​နှင့် ချစ်​သူ​များ စင်​ကာ​ပူ​တွင် အလုပ် လုပ်ကိုင်​နေ​ကြ​သော မြန်မာ​လူ​မျိုး​များ​သည် ထို​သူ​တို့ အလုပ်​ပိတ်​ရက်​များ​တွင် ဆန့်ကျင်​ဖက် လိင်​များ​ဖြင့် တူ​တူ နေထိုင်​လျှက် ရှိ​ကြ​ပါ​သည်။ အိမ်ထောင် ရှိ​သော သူ​များ​က​လည်း မိမိ​အိမ်ထောင်​ဖက် ဝေးကွာ​နေ​သော​ကြောင့် အပျော်​သဘော​နှင့်​ဟု အစ​တွင် တွဲ​လျှက် တူ⁠တူ​နေထိုင်​ခဲ့​ကြသော်​လည်း အချိန်​ကာလ ကြာမြင့်​လာ​သည့်​အခါ မြန်မာ​နိုင်ငံ​တွင် ကျန်​ရစ်​နေ ခဲ့​သော မိသား​စု​နှင့် ကလေး​ကို​ပင် စိတ်​ထဲ​တွင် အရေး မ​ပါ​တော့​ပေ။ လ​စဉ်​လည်း မိသား​စု အတွက်​ငွေ​မ​လွှဲ​နိုင် ပစ္စည်း​များ မ​ပို့​နိုင်​တော့​ပေ။ လူပျို အပျို လူ​လွတ်​များ​က​လည်း မိဘ​များ​ကို အစဉ် အမြဲ​ထောက်​နေ ကြသော်​လည်း ထို​သူ​တို့ အတွက် အတွဲ​အဖော်​များ ရ​ရှိ​လာ​သော​အခါ မိဘ​များ​ကို လ​စဉ်​ငွေ​လွှဲ​ပို့​ခြင်း ထောက်ပံ့​ခြင်း​များ မ​ပြု​နိုင်​တော့​သ​ဖြင့် မိမိ​ကို ကျွေးမွေး​ခဲ့​ပြီး သား သမီး​နိုင်ငံ​ခြား ရောက်​ရန် ပေါင်​ရန်း ရောင်း ချ​ပေးလိုက်​ရ​သည့် ထို​မိဘ​များ ဘဝ​မှ အလွန်​ပင် သနား​ဖို့ ကောင်း​လှ​ပါ​သည်။ အမျိုးသား​များ က​လည်း အပျော်​သဘော​နှင့် ဆို​သ​လို အချောင်​ရ​လျှင် ရသ​လို အပျော် ရမ္မက် အတွက် ဖန်တီး​ရှာဖွေ​ကြ​သ​လို မိန်း​ကလေး​များ​က​လည်း မိမိ​တို့ စင်​ကာ​ပူ​နိုင်ငံ​တွင် ငွေ​လည်ပတ်​ချောင်​လည်​ရေး​အတွက်​နှင့် PR ( Parmenant Resident) အမြဲ​တမ်း​နေထိုင်​ခွင့် ရှိ​သည့်​သူ​များ မည့်​သည် အိမ်ထောင်​ရှိ​သည်​ဖြစ်​စေ လူ​လွတ်​ဖြစ်​စေ မိမိ​အတွက် အခွင့်​အလန်း​များ​ရှိ​လျှင် လက်ခံ တွဲ​ဖက်​နေထိုင် တတ်​ကြ​သည်။

ထို​ကဲ့သို့ နှစ်​ဦး​နှစ်​ဖက် Living Together နေထိုင်​ကြ​သော​ကြောင့် ထို​သူ​များ​နှင့် ပတ်​သတ်​ဆက်နွယ်​နေ​သော မြန်မာ​ပြည်​တွင် ကျန်​ရှိ​ခဲ့​သော မိသား​စု​နှင့် ကလေး​များ ပညာ​ရေး/စား​ဝတ်နေ​ရေး​နှင့် မိဘ​နှစ်​ပါး​များ အတွက် လ​စဉ်​ငွေ​လွှဲ ငွေ​ထောက်ပံ့​ပေး​ခြင်း မ​ပြုလုပ်​နိုင်​တော့​ပဲ စင်​ကာ​ပူ​နိုင်ငံ​မှာ ဆန့်ကျင်​ဖက်​လိင် အမျိုးသမီး အမျိုးသား​များ ပျော်​မြူးပျော်​ရွှင်​စွာ နေထိုင်​လျှက်​ရှိ​ကြ​သည်။ မိမိ​သည် သူ​တ​ပါး​ထံ​မှ အချောင်​လိုချင် သ​ဖြင့် မိမိ​ဘဝ​ကို​ရင်း​ခြင်း မ​ပြုလုပ်​ကြ​ပဲ

living togetherအပိုင်း ၆

မိမိ​တကယ်​မေတ္တာ​စစ်​ရှိ​သော ဘ၀​ကြင်​ယာဖော်​တွေ့​ရှိ​ပြီး ဆင်းရဲ​ချမ်းသာ အေး​အတူ ပူ​အမျှ​နေထိုင်​ခြင်း​သည် မိမိ​၏ စိတ်​အား တ​ကယ့်ပျော်​ရွှင်​ချမ်းမြေ့ သာယာ​မှု အနှစ်သာရ အစစ်​ကို ရ​ရှိ​ပါ​လိမ့်​မည်။ မည့်​သည်​အရာ​မှ သူ​တ​ပါး​ထံ​မှာ မည်​သည့်​နည်း​နှင့်​မျှ သွေးဆောင်​ဖြားယောင်း ပေး​ဆပ် ယူဆောင်​ခြင်း​မ​ပြု​သင့်​ဟု ဗုဒ္ဒ​၏ တ​ရားတော် အဆို​အမိန့် များ​တွင် ပါရှိ​သ​လို အခြား​သော ဘာသာ​တို့​၏ ကျမ်း​ခံ​များ​တွင်​လည်း ပါရှိ​ပါ​လိမ့်​မည်။

ထို့​အပြင် ယနေ့ ခေတ်​သည် အွန်​လိုင်း​သည်​လည်း အင်မတန် တိုးတက် နေ​သော​ကြောင့် Facebook၊ Twitter နှင့် Gtalk၊ VZO၊ Skype နှင့် Pfingo တို့​ကို အသုံးပြု​ကာ Online Chatting များ​ဖြင့် ဆန့်ကျင်ဘက် ဖို​နှင့်​မ​များ​ကို အွန်​လိုင်း​မှ ရှာဖွေ​ပြီး​ချစ်​သူ​များ​ပြုလုပ်​ကာ အပြင်​မှာ ချိန်း​ကြ ပြီး ရက်​အနည်းငယ်​ကြာ​သော​အခါ Living Together များ​ပြုလုပ်​သော လုပ်​ရပ်​များ​သည် စင်​ကာ​ပူ​ရှိ မြန်မာ​များ​အတွက် ပေါ်​ပြူ​လာ Popular and Famous ဖြစ်လာ​ပြီး နာ​မည်ကျော်​ကြား​နေ ပါ​သည်။ ရည်းစား​လက်​ရှိ ရှိ​နေ​ကြ​သော သူ​များ​က​လည်း နောက်ထပ် ချစ်​သူ​များ​ကို အွန်​လိုင်း ချက်​တင် (Online Chatting ) မှ​တစ်​ဆင့် ထပ်မံ ရှာဖွေ​ကြ သည်။ နောက်ထပ်​တွေ့​သော သူ​သည် အပြော​လည်းကောင်း​ပြီး ရာထူး​နှင့်​ငွေ​ပို​ရှိ ဂုဏ်​ပို​ရှိ​လျှင် ပထမ ချစ်​သူ​ကို ခွာ​ပြီး နောက်​တစ်​ယောက်​ထံ​သို့ လိုက်​သွား​လေ့​ရှိ သည်မှာ​လည်း အစဉ်​အလာ တ​ခု​ကဲ့သို့ ဖြစ် ပါ​သည်။ လေ​လှိုင်း​တွင် ပြော​ချင်​ရာ​ပြော​ပြီး ယုံ​ချင်​ရာ ယုံ​သူ​များ သာဓက တ​ခု​ပြော​ရ​လျှင် ကျွန်ုပ်​နှင့် အွန်​လိုင်း​တွင် သိရှိ​သော အမ​ကြီး​တ​ယောက်​သည် ၈ နှစ်​တိတိ ချစ်​သူ​ဖြစ်​ခဲ့သော်​ငြား​လည်း မိမိ​ချစ်​သူ​တွင် ကလေး ၂ ယောက်​ရှိ​သည်​ကို​ပင် မ​သိရှိ​ခဲ့​ပေ။ ထို​မျှ ပိ​ရိ​စွာ​လိမ်လည်​တက်​သော​သူ​အား နိုင်ငံ​ခြား​သွား​ရန် အတွက် ငွေ​များ​လည်း​ထောက်ပံ့​ဖူး​သည်​ဟု သိရှိ​ခဲ့​ရ​ပါ​သည်။ ထို့​ကြောင့် မိတ်ဆွေ​များ​အနေ​ဖြင့် မိမိ​သည် Internet အသုံးပြု​ပြီး ချစ်​သူ​ရှာဖွေ​လျှင် ဒုက္ခ​အကြီး​အကျယ်​ရောက်​မည်​ကို သဘောပေါက် လက်မ​ခံ​သေး​ပါ​က မိမိ​ကိုယ်တိုင်​စမ်း​ကြည့်ပါ။ ထို့​သို့ စမ်း​ကြည့်​လျှင့် တ​နေ့ အဖြေ​မှန်ပေါ်​ပေါက်​ပြီး နောင်တရ​ခဲ့​လျှင်

living togetherအပိုင်း ၇

ထို့​ကြောင့် Online သည် လူလိ်မ်​လူ​ညာ​များ လျှာ​ရိုးမ​ရှိ​သကဲ့သို့​မိမိ​အား​ဘဝ​ဖျက်ဆီး​ရန် အတွက် လာ​ရောက်​ကြ​သော ဆန့်​ကျင့်​ဘက်​လိင်​များ ဖို​နှင့်​မ များ​ဟု မိမိ​စိတ်​ထဲ​တွင် နားလည်​သဘောပေါက်​ထား သင့်​ပါ​သည်။ မိမိ​သည် မိမိ​အရမ်း အယုံ​လွယ်​ပါ​က သူငယ်ချင်း​များ မိတ်​မ​ဖွဲ့​ပါ​နှင့်။ သို့မဟုတ်​ပါ​က မိကောင်းဖခင် သားသမီး​မဟုတ် သူ​များ​နှင့် လျှာ​ရိုးမ​ရှိ​သော သူ​များ​နှင့် တဏှာ ရမ္မက် မုဆိုး​များ ၏ ပြော ဆို​ကောင်းမှု​အောက်​တွင့် မေ့​မျော သွား​ပါ​လိမ့်​မည်။ ထိုသို့ မေ့​မျော​သွား​ပါ​က ပြင်​ပ​တွင် တွေ့​ရှိ​သော​အခါ မိမိ​ဘဝ​သည် ရေတိမ်​နစ်​မည်​ကို​သာ စဉ်းစား​ကြ​ပေါ​တော့။ လူ​သား​အားလုံး မိမိ​၏ အပြုအမူ အနေအထိုင် အကျင့်​စရိုက်​များ​သည် မိမိ​တစ်​ဦး​ထဲ​တင် သာ​မက မိမိ​အား​မွေး​ထုတ်​ခဲ့​သော မိဘ​နှစ်​ပါး​နှင့် ဆွေး​မျိုး​အသိုင်းအဝိုင်း​ကို​ပါ ထိခိုက်​နိုင် အထင်​သေး​ခံ​နိုင်​ရ​ပါသော​ကြောင့် အရာ​ရာ​တိုင်း​တိုင် ကိုယ်၊ နုတ်၊ စိတ် ထို​သုံး ပါး​အား အစဉ်​အမြဲ သတိ​ဖြင့် မိမိ​ဦးနှောက်​ဖြင့် ထိန်း​ချုပ်​တွေးတော လုပ်ဆောင်​ရင်း​ဖြင့် အနာဂတ် ဘဝ​လမ်းခရီး​တွင် ပျော်​ရွှင်​ချောမွေ့​ဖြောင့်​ဖြူး​စွာ​ဖြင့် ဘ၀​၏ ကြင်​ယာ​ဖက် အစစ်​မှန်​များ​လည်း​တွေ့ ရှိ​နိုင်​ကြ​ပါ​စေ​လို့ ဆုတောင်း​ရင်း​ဖြင့်….

Credit to FB