ဂျပန်​တ​နိုင်ငံ​လုံး​က mana chan ဟု ချစ်​စ​နိုးခေါ်ဝေါ်​နေ​ကြ​တဲ့ ကလေး​သရုပ်ဆောင်​တစ်​ယောက်​အကြောင်း​မိတ်​ဆက်​တင်ပြ​လိုက်​ပါ​တယ်။
10626706_569376183190697_4278237528686748221_n
သူ့​နာမည်​အရင်း​ကတော့ Ashida Mana(芦田 愛菜) ပါ။ ၂​၀⁠၀​၄​ခု​နှစ်၊ ဇွန်​လ ၂​၃​ရက်​နေ့​မှာ​မွေး​ပါ​တယ်။၂​၀⁠၀​၉​ခု​နှစ်​လောက်​က​နေ​စ​ပြီး အနု​ပညာ​လောက​ထဲ​ကို​ဝင်​ရောက်လာ​ပြီး အခု​ဆို​ရင်​တော့ ဂျပန်​နိုင်ငံ​ရဲ့ နာမည်​အကြီး​ဆုံး​ကလေး​သရုပ်ဆောင်​အဆိုတော်​ဖြစ်​နေ​ပါ​ပြီ။ သူ​ရဲ့​နာမည်ကြီး​ဇာတ်​ကား​အချို့​ကတော့ Sayonara Bokutachi no Youchien ၊ Marumo no Okite၊ Ashita mama ga inai တို့​ပါ​ပဲ။ သူ​သီ​ဆို​ထား​တဲ့​သီချင်း​များ​ထဲ​မှာ “Maru–Maru–Mori-Mori” သီချင်း​ကတော့ ဂျပန်​မှာ​အရမ်း​လူ​ကြိုက်​များ​ရေပန်း​စား​ခဲ့​ပြီး အခု​လက်​ရှိ ပျော်ပွဲ​ရွှင်​ပွဲ​တွေ၊ ကျောင်း​ပွဲ​တွေ​မှာ လူကြီး​လူ​ငယ်​မ​ရွေး ဝိုင်းဖွဲ့​သီ​ဆို​နေ​ကြ​တဲ့​သီချင်း​တစ်​ပုဒ်​ဖြစ်​နေ​ဆဲ​ပါ။ အခု​အချိန်​မှာ​ဆို​ရင်​တော့ ရုပ်​ရှင်​တွေ၊ သီချင်း​တွေ​တင်​မက​တော့​ဘဲ ဇာတ်​ကား​နောက်​ခံ​အသံ​သရုပ်ဆောင်၊ ကြော်ငြာ​တွေ​များ​စွာ​မှာ​ပါ ရိုက်​ကူး​အောင်မြင်​နေ​ပါ​ပြီ။