ဂျပန်​နိုင်ငံ တို​ကျို​မြို့​တွင် ကျင်းပ ပြုလုပ်​နေ​သည့် Miss International 2014 အလှ​မယ်​ပြိုင်​ပွဲ တွင် မြန်မာ​နိုင်ငံ ကိုယ်စား​ပြု​သွား​ရောက်​ယှဉ်​ပြိုင် နေ​သည့် အလှ​မယ်​မေ​ဘ​ရ​ဏီသော်​အား အွန်​လိုင်း ဠ​သ​အန စတင် ပေး​နိုင်​ပြီ​ဖြစ်​ကြောင်း သိ​ရ​သည်။

အဆို​ပါ​အွန်​လိုင်း Vote ပေး​ပို့​လို​သူ​များ​အနေ​ဖြင့် အောက်တိုဘာ ၂​၇​ရက်​နေ့​မှ နိုဝင်ဘာ ၁​ဝ​ရက်​ထိ www.missmyanmarinternational2014 သို့ ဝင်​ရောက်​မဲ​ပေး နိုင်​ကြောင်း သိ​ရ​သည်။

”ပြိုင်​ပွဲ​အတွက် ပြင်ဆင်​ချိန် အရမ်း​ကို နည်း​ပါ​တယ်။ ဒါပေမဲ့​လဲ ဘ​ရ​ဏီ​အ ကောင်း​ဆုံး​ဖြစ်​အောင် ပြင်ဆင်​ထား တဲ့​အတွက် ဆု​တစ်​ခု​တော့​ရ​ယူ​ချင် ပါ​တယ်။ အခု ဘ​ရ​ဏီ ဂျပန်​ကို ရောက်​တာ​နဲ့ နိုင်ငံ​တကာ​က အလှ​မယ်​တွေ​နဲ့ စခန်း သွင်း​လေ့ကျင့်​ရ​တော့ မှာ​ပါ” ဟု ပြည်​တွင်း မှ​မ​ထွက်​ခွာ​မီ​လေ ဆိပ်​၌ အလှ​မယ် မေ​ဘ​ရ​ဏီသော် မှ​ပြော​ကြား​ခဲ့​သည်။

ယခု​အခါ အလှ မယ် မေ​ဘ​ရ​ဏီသော်​သည် Miss International 2014 အလှ မယ်​ပြိုင်​ပွဲ​သို့ လာ​ရောက်​ယှဉ်​ပြိုင်​ကြ သည့် အလှ​မယ် ၈​ဝကျော်​ဖြင့် စခန်း​သွင်း​လေ့ ကျင့်​လျက်​ရှိ​နေ​ပြီး ရေကူး​ဝတ်​စုံ​ပြိုင်​ပွဲ​အား ပထမ ဦး​ဆုံး​ပြုလုပ်​သွား​မည်​ဖြစ်​ကြောင်း​လည်း သိ​ရ သည်။

”ပြိုင်​ပွဲ​ယှဉ်​ပြိုင်​နေ​စဉ်​အတောအတွင်း​မှာ ဘ​ရ​ဏီ​အနေ​နဲ့ မြန်မာ​နိုင်ငံ​အကြောင်း​ပြော​တဲ့ အခါ ပုဂံ၊ မန္တလေး​ဒေသ​မှာ​ရှိ​တဲ့ ယဉ်ကျေး​မှု တွေ ရိုးရာ​ဓလေ့​တွေ​ကို နိုင်ငံ​တကာ​က သိ​အောင်​ပြော ပြ​သွား​မယ်”ဟု ယင်း​က​ဆက်လက်​ပြော​သည်။

Miss International 2014 အလှ​မယ်​ပြိုင်​ပွဲ​၏ ႊေူ​န​ည​အ ပြိုင်​ပွဲ တွင် မြန်မာ​နိုင်ငံ​ကိုယ်စား​ပြု​အနေ ဖြင့် ဝင်​ရောက်​ယှဉ်​ပြိုင်​မည့်​အလှ​မယ် မေ​ဘ​ရ​ဏီ သော်​သည် ရှမ်း​အက​ဖြင့်​ယှဉ်​ပြိုင်​မည်​ဖြစ်​ပြီး National Cosume ပြိုင်​ပွဲ​တွင်​လည်း ရတနာ​ပုံ​ခေတ် နှင့် ကုန်း​ဘောင်​ခေတ်​ဝတ်​စုံ​များ​အား ဝတ်ဆင်​၍ ယှဉ်​ပြိုင်​သွား​မည်​ဖြစ်​ကြောင်း သိ​ရ​သည်။

အဆို​ပါ National Cosume ဝတ်​စုံ​များ အား ဒီ​ဇိုင်း​နာ​မျိုး​မင်း​စိုး​က ဖန်တီး​ချုပ်​လုပ် ပေး​မည်​ဖြစ်​ပြီး ညနေခင်း​ပွဲ​တက်​ဝတ်​စုံ​ကို ဒီ​ဇိုင်း​နာ မိုး​ကုတ်​ပေါက်⁠ပေါက်​က တာ ဝန်​ယူထား​ပြီး ပြိုင်​ပွဲ​ယှဉ်​ပြိုင်​နေ​စဉ်​ကာ လ​အတွင်း ဝတ်ဆင်​ရ​မည့်​ဝတ်​စုံ​များ အား ဒီ​ဇိုင်း​နာ​ကို​စိုင်း​နှင့် ယုံး⁠ယုံး​တို့​က တာဝန်​ယူထား​ကြောင်း သိ​ရ​သည်။

Miss International ပြိုင်​ပွဲ​အား မြန်မာ​နိုင်ငံ​မှ ၂​ဝ​၁​၂​ခု​နှစ်​တွင် အလှ မယ် နန်း​ခင်​ဇေ​ယျာ​မှ ပထမ​ဦး​ဆုံး အကြိမ်​ဖြစ် ပါဝင်​ယှဉ်​ပြိုင်​ခဲ့​ပြီး ၂​ဝ​၁​၃ ခု​နှစ်​တွင် အလှ​မယ် ဂုဏ်​ရည်​အေး ကျော် ပါဝင်​ယှဉ်​ပြိုင်​ခဲ့​ပြီး ယခု တတိယ​အကြိမ်​မြောက် အဖြစ် အ လှ​မယ် မေ​ဘ​ရ​ဏီသော် ပါဝင် ယှဉ်​ပြိုင်​ခြင်း​ဖြစ်​သည်။

Miss International 2014 အလှ​မယ်​ပြိုင်​ပွဲ​ကြီး​၏ နောက်ဆုံး​အဆင့် ဖိုင်​နယ် ပြိုင်​ပွဲ​ကြီး​အား နိုဝင်ဘာ ၁​၁ ရက်​တွင် ပြုလုပ်​မည် ဖြစ်​ကြောင်း​သိ​ရ​သည်။

Credit to Democracytoday‬