Golden Land MyanmarVarity of Culture

135 Ethnic Race

aerosmith-00
Music

AEROSMITH တီး​ဝိုင်း​အကြောင်း တ​စေ့​တ​စောင်း

အချိန်​ကာလ​အား​ဖြင့် ၁​၉​၇​၀ ခု​နှစ်။ ဂစ်​တာ​သမား Joe Perry နဲ့ ဘေ့(စ်)ဂစ်​တာ​သမား Tom Hamilton တို့​နှစ်​ယောက်​ဟာ “Jam Band” လို့​အမည်ပေး​ထား​တဲ့ တီးဝ်ိုင်း​တစ်​ခု​ကို စတင်​ဖွဲ့​စည်း​ခဲ့​ကြ​ပါ​တယ်။ ၁​၉​၇​၀ နှစ်​မ​ကုန်​ခင်​မှာ​ပဲ Vocalist ဖြစ်​တဲ့ Steven Tyler, Drummer Joey Kramer နဲ့ Guitarist Ray Tabano တို့​ဟာ အဆို​ပါ​တီး​ဝိုင်း​ထဲ​ကို ရောက်​ရှိ​လာ​ခဲ့​ကြ​ပြီး​တော့ Aerosmith တီး​ဝိုင်း​အဖြစ် ပြောင်းလဲ​လိုက်​ကြ​ပါ​တယ်။ Boston, Massachusetts United States က ပေါ်ပေါက်​လာ​ခဲ့​တဲ့ Aerosmith တီး​ဝိုင်း​ဟာ ဂီ​တသ​မား၊ အနု​ပညာ​သမား၊ စာ​နယ်​ဇင်း​သမား​တွေ အလွန်​ပေါများ​သော Hollywood နှင့် နီးစပ်​ရာ​သို့ …

Read more 0 Comments
larsulrich720
Music

Lars Ulrich

“Lars Ulrich” ဆို​တာ​ကတော့ Welcome to Rock ‘n’ Roll က ဘော်​ဒါ​တွေ​ကို အထွေ​အထူး မိတ်​ဆက်​ပေး​စရာ မ​လို​တဲ့ ပုဂ္ဂိုလ်​တစ်​ယောက်​ပါ။ ဒ​ရမ်​တီး​ရ​တာ​ကို ဝါသနာ​ကြီး​တဲ့ လူ​ငယ်​အများ​အပြား​ရဲ့ အတု​ယူ လေးစား​အားကျ​ခံ​ရ​ခြင်း​ကို နှစ်​ပေါင်း​များ​စွာ ရ​ရှိ​ထား​တဲ့ ဒ​ရမ်​မာ​တစ်​ယောက်​ဆို​ရင်​လည်း မ​မှား​ပါ​ဘူး။ Lars Ulrich ကို ဒီဇင်ဘာ​လ ၂​၆ ရက်, ၁​၉​၆​၃ ခု​နှစ်။ Gentofte, Denmark မှာ မွေး​ဖွား​ခဲ့​ပါ​တယ်။ Lars Ulrich ရဲ့​အဖေ Torben Ulrich ဟာ ၁​၉​၄​၀ နှောင်း​ပိုင်း​က​နေ ၁​၉​၈​၀ အစော​ပိုင်း​အထိ ကြေးစား​တင်း​နစ်​သမား တစ်​ယောက်​အဖြစ် လှုပ်ရှား​ခဲ့​ပါ​တယ်။ Torben Ulrich …

Read more 0 Comments
jimi_hendrix01
ArtMusic

JIMI HENDRIX အကြောင်း တ​စေ့​တ​စောင်း

ဂစ်​တာ​လောက​မှာ “Hendrix Cord” ဆို​ပြီး အမည်တွင်​လောက်​အောင် Clustar Tone နှစ်​သံ​ပါ Cord တွေ​ကို မြိန်​ရေ​ယှက်​ရေ​ကြီး သုံးစွဲ​ခဲ့​သူ၊ Wes Montgomery နဲ့ Curtic Mayfield တို့​လို ဂစ်​တာ​ဘိုးအေ​တွေ​ကို အားကျ​ခဲ့​သ​လောက် လက်​ရှိ ဂစ်​တာ​အကျော်​အမော်​တွေ​ဖြစ်​တဲ့ Joe Satriani, Steve Vai, Eric Johnson, Yngwie Malsteen, Adrian Belew, Mechal Hedges အပါအဝင် ဂစ်​တာ​သမား​အများ​အပြား​တို့​အပေါ် ဩဇာ​လွှမ်းမိုး​ခဲ့​တဲ့ ပုဂ္ဂိုလ်၊ သူ​ဖန်တီး​ခဲ့​တဲ့ ဂီ​တ​က စိတ္တ​ဇ​ဆန်​သ​လောက် သူ့​ရဲ့​ဘဝ​က​လည်း ဒဏ္ဍာရီ​ဆန်⁠ဆန်​နဲ့ ဇာတ်​သိမ်း​သွား​ခဲ့​သ​လို 27 Club ရဲ့ အရေး​ပါ​ဆုံး​အဖွဲ့​ဝင် တစ်​ယောက်​လည်း ဖြစ်​ပါ​တယ်။ …

Read more 0 Comments
IMG_2573
Music

ဇော်​ဝင်း​ထွဋ် နှင့် သူ​၏​ဆရာ​များ

“ဂီ​တ​ကို ချစ်​မြတ်နိုး​တတ်​အောင်၊ ဂီ​တသ​မား​တွေ​ကို လေးစား​တတ်​အောင် လေ့ကျင့်​ပျိုးထောင်​ပေး​ခဲ့​တဲ့ လက်ဦး​ဆရာ​ကတော့ ဖေ⁠ဖေ​ပါ​ပဲ။ ဖေ⁠ဖေ​ရဲ ႔ သွန်သင်​ဆုံးမ​မှု​တွေ​ကို အခြေ​ခံ​ပြီး ဒီ​နယ်ပယ်​မှာ ရပ်​တည်​ခဲ့​ရ​တာ​ပါ။ ဒုတိယ​အနေ​နဲ့ ကျွန်တော့်​ကို သားသမီး​လို သဘောထား​ပြီး အနီး​ကပ် လေ့​လာ​သင်ကြား​ပေး​ခဲ့​တဲ့ ဆရာ​တွေ​ကတော့ ဦး​အောင်​မြင့် (လူ​ပျံတော် ပတ္တမြား) နဲ့ ဒေါ်​ဖြူ​သီ​ပါ​ပဲ။ တိုက်ရိုက်​သင်ကြား​ပေး​ခဲ့​တာ မဟုတ်​ပေ​မယ့် သူ​တို့​ရဲ့ အို​အေ​စစ် စ​တူ​ဒီ​ယို​မှာ နေ​ခွင့်၊ စက်​ပစ္စည်း​တွေ​ကို ကိုင်​ခွင့်​ပေး​ခဲ့​ပါ​တယ်။ ဆ​ရာကျော် (အင်​ဂျင်​နီ​ယာ) ဆီ​မှာ​လည်း အနီး​ကပ် လေ့​လာ​ခွင့် ရ​ခဲ့​ပါ​တယ်။ ကျွန်တော့်​ရဲ့ ဂီ​တ​သင်​တန်း​ကျောင်း​ကတော့ အို​အေ​စစ်​လို့​ပဲ ပြော​ရ​မှာ​ပါ။ ဆယ်​နှစ်​လုံး​လုံး ဂီ​တ​သင်​တန်း​ကျောင်း​ကြီး တစ်​ကျောင်း တက်​ခဲ့​ရသ​လို​ပါ​ပဲ။ ဂစ်​တာ​တီး​လိုက်၊ အသံ​ဖမ်း​လိုက်၊ ဒ​ရမ်​တီး​လိုက်​နဲ့ …

Read more 0 Comments
pantera
Music

ခေတ်​သစ်​မက်​တယ်​ဂီ​တ​ကို ဦးဆောင်​ခဲ့​တဲ့ ကောင်း​ဘွိုင်​များ

အချိန် – ၂​၀⁠၀​၆ ခု​နှစ် နေရာ – Rock am Ring Concert, Germany တ​ကိုယ်​လုံး​မှာ တက်​တူး​အပြည့်​နဲ့၊ ဦးထုပ်​ကို​နောက်ပြန်​ဆောင်း၊ မျက်မှန်​အမဲ​နဲ့ အဆိုတော်​ရဲ့​နာမည်​က M. Shadows ပေါ့။ မက်​တယ်​ဝိုင်း​ဖြစ်​တဲ့ Avenged Sevenfold တို့​ရဲ့​အဆိုတော်။ အားပါးတရ​အားပေး​နေ​တဲ့ ပရိတ်​သတ် (၁) သိန်း​ခွဲ​လောက်​ကို သူ​ဆို​မယ့်​သီချင်း​တ​ပုဒ်မ​စ​ခင်​မှာ ဟော​ဒီ​လို​ပြော​တယ်။ “မင်း​တို့​ကို လွန်​ခဲ့​တဲ့ (၁​၂) နှစ်​လောက်​ကို ပြန်ခေါ်​သွား​မယ်။ ဒီ​သီချင်း​ကို မ​သိ​တဲ့​ကောင်​တွေ အခု​ချက်ချင်း နာက်​ပြန်​လှည့်​ပြီး ဒီ​ပွဲ​ထဲ​က​နေထွက်​သွား။ Synyster အဲ​ဒီ​သီချင်း​ကို စ​တီး​လိုက်​ကွာ။” ပရိတ်​သတ် (၁) သိန်း​ခွဲ​လောက်​ကို အဲ​ဒီ​လို​ပြော​လိုက်​တာ​ဟာ ရုတ်​တရက်​ဆို ခင်​များ​လန့်​ချင်​လန့်​သွား​လိမ့်​မယ်။ သူ​ဆို​တဲ့​သီချင်း​နာမည်​နဲ့ ရာဇဝင်​ကို​သိ​ရင် …

Read more 0 Comments
ic00W
Music

ကို​ရီး​ယား တေး​အယ်လ်​ဘမ်​သစ် ထွက်​မယ့် ဘို​အာ

ကေ​ပေါ့ပ်​ဘုရင်​မ​ဘို​အာ သည် ၂​၀​၁​၅ အတွင်း ကို​ရီး​ယား တေး​အယ်လ်​ဘမ်​သစ်​ထွက်​ရှိ မည်​ဖြစ်​ကြောင်း ဘို​အာ​၏ အေ ဂျင်​စီ SM Entertainment က ကြေညာ​သည်။ အသက် (၂​၈)နှစ်​အရွယ်​ရှိ ကေ​ပေါ့ပ်​စ​တား ဘို​အာ​သည် ၂​၀⁠၀​၀ ပြည့်​နှစ် ဩဂုတ်​တွင် ID Peace B အယ်လ်​ဘမ်​ဖြင့် တေး ဂီ​တ​လောက​ကို စတင်​ခြေ​ချခဲ့​ပြီး ဂျပန်​နှင့် ကို​ရီး​ယား​နိုင်ငံ​တို့​၌ တေး အယ်လ်​ဘမ်​များ​စွာ ထွက်​ရှိ​ခဲ့​သည်။ ဘို​အာ​၏ နောက်ဆုံး​ထွက် ရှိ​သော ကို​ရီး​ယား​တေး​အယ်လ် ဘမ်​မှာ Only One ဖြစ်​သည်။ ယင်း​အယ်လ်​ဘမ်​သည် ၂​၀​၁​၂ တွင် ထွက်​ရှိ​ခဲ့​သည့် ဘို​အာ​၏ သတ္တမ​မြောက်​ကို​ရီး​ယား​တေး​အယ်လ် ဘမ်​ဖြစ်​သည်။ ဘို​အာ​သည် တောင်​ကို​ရီး …

Read more 0 Comments
amraangimdfdfdfdfd
Music

အကယ်​ဒ​မီ​ပေး​ပွဲ​မှာ ရွှေ​ကြို​လုပ်​မယ့် အမ​ရာ​ငြိမ်း​ရဲ့ ရင်ခုန်​သံ

ထူးခြား​ခမ်းနား​စွာ ပြုလုပ်​ကျင်းပ​မယ့်​၂​၀​၁​၃ အကယ်​ဒ​မီ​ဆု​ေ​ပေး​ပွဲ​အတွက် ရွှေ​ကြို​အဖြစ် ရွေးချယ်​ခံထား​ရ​သူ​တွေ​အနက် အမ​ရာ​ငြိမ်း​ရဲ့ ရင်ခုန်​သံ​တစ်​ချို့​ကို မေးမြန်း​ကြည့်​လိုက်​တော့ “ခု​လို အပြောင်း​အလဲ​တွေ အများ​ကြီး​နဲ့ တွေ့​ရ​မဲ့ ၂​၀​၁​၃ အကယ်​ဒ​မီ​မှာ ပါဝင်​ခွင့်​ရ​တဲ့​တွက် အတိုင်း​မ​သိ ပျော်​ရွှင်​မိ​ပါ​တယ်။ မျှော်​လဲမျှော်​လင့်​မ​ထား​ပါ​ဘူး။ အရမ်း​လဲ ကျေနပ်​ပါ​တယ်။ ညီမ​ဖက်ကတော့ အတတ်​နိုင်​ဆုံး အကောင်း​ဆုံး​ဖြစ်​အောင် ကြိုးစား​သွား​မှာ​ပါ။ အဓိက ဒီ​နှစ်​ရွှေ​ကြို​မှာ ဝင်​လျှောက်​ဖြစ်​တာ​က ညီမ​သရုပ်ဆောင်​ဖက်​ကို ခြေ​ဦး​လှည့်​ချင်​လို့​ပါ။ အခု​ချိန်​လက်​ရှိ​မှာ မော်​ဒယ် တစ်​ယောက်​အနေ​နဲ့ လှုပ်ရှား​နေ​ပါ​တယ်။ အကယ်​ဒ​မီ​ရွှေ​ကြို​မှာ ပါဝင်​ခွင့်​ရ​တဲ့​တွက် သရုပ်ဆောင် လောက​မှာ လျှောက်​လှမ်း​ဖို့ အခွင့်အရေး​ရ​တယ်​လို့ မြင်​မိ​ပါ​တယ်။ ဝတ်​မှာ​က ကျောက်စိမ်း​ရောင်​ပါ။ ကို​လင်း​မြတ်​နဲ့​တွဲ​ပေး​ရ​မှာ​ပါ” လို့ သူမ​က ဆို​ပါ​တယ်။ Credit to Trend Myanmar

Read more 0 Comments
10846325_748253581917325_8834853533243879681_n
Music

မူ​ပိုင်​ခွင့်​နဲ့ ပတ်သက်​ပြီး Digi Right ကုမ္မ​ဏီ​တည်ထောင်​လိုက်​တဲ့ ဟန်​ထူး​လွင်

Big Bag လို့ ပြော​လိုက်​ရင် မြန်မာ​နိုင်ငံ​ရဲ့ အထင်​ကရ Punk အဖွဲ့​ရယ်​လို့ အားလုံး သိ​ထား​ပြီး​သား​ပါ။ အဖွဲ့​ခေါင်းဆောင်​လို ဆို​နိုင်​တဲ့ ဟန်​ထူး​လွင်​ကို​တော့ အထူး​တ​လည် မိတ်​ဆက်​နေ​စရာ​မ​လို​တော့​ပါ​ဘူး။ ကဲ ဟန်​ထူး​လွင်​နဲ့ တွေ့​ဆုံ​ခိုက် ဘာ​တွေ​မေး​ဖြစ်​ခဲ့​သလဲ​ဆို​တော့ လတ်​တ​လော အနု​ပညာ​လှုပ်ရှား​မှု​က​နေ စ​ပြော​ပေး​ပါ​ဦး We are Big Bagရဲ့ Music Video ကို ရိုက်​ကူး​နေ​ပြီး ဂီ​တ​လောက​သား​တွေ မူ​ပိုင်​ခွင့်​နဲ့ ပတ်သက်​လို့ အကျိုး​ခံစား​ခွင့် အပြည့်​အဝ​ရ​ရှိ​အောင် လုပ်ဆောင်​ပေး​နေ​ပါ​တယ်။ လက်​ရှိ​မှာ Big Bag အတွက် သီချင်း​တွေ​ကို တစ်​နှစ်​လောက်​မ​ရေး​သေး​ပါ​ဘူး။ မူ​ပိုင်​ခွင့် နဲ့​ပတ်သက်​လို့ DIGI RIGHT ကုမ္မ​ဏီ​တည်ထောင်​ဖြစ်​တဲ့ အကြောင်း​အရင်း​ပြော​ပြ​ပေး​ပါ။ ကျွန်တော်​ရယ်၊ စ​မိုင်းလ် …

Read more 0 Comments
1926728_1518110608444320_4715583126648355918_n
Music

ဆရာ​ချစ် ဖြေ​ခဲ့​တဲ့ အင်တာဗျူး (အသစ်)

Q – ဆရာ​ချစ် အရင်​တစ်​ခါ​လုပ်​သွား​တဲ့ ဂစ်​တာ​ပွဲတော်​ကို​ရော ထပ်​လုပ်​ဖို့ အစီ​အစဉ် ရှိ​ပါ​သေး​လား?? Sayar Chit – ပြောထား​တာ​တော့ ရှိ​ပါ​တယ်။ အဲ​ဒီ​လို​မျိုး​ကတော့ လာ​မယ့်​ရှေ့​နှစ်​လောက်​မှာ လုပ်​ဖို့​ဖြစ်​ပါ​လိမ့်​မယ်။ ရှေ့​နှစ်​မှာ​တော့ ဖြစ်​အောင်​ကြိုးစား​မှာ​ပါ။ Q – အရင်​ပွဲ​မှာ ပရိသတ်​တုံ့​ပြန်​မှု​က​ရော ဘယ်​လို​ပြန်ကြား​ရ​ပါ​သလဲ?? Sayar Chit – ပရိသတ်​တုံ့​ပြန်​မှု​ကတော့ အခု​နောက်​ပိုင်း​မှာ ဂစ်​တာ​သမား​တွေ​ကို အားပေး​လာ​တာ တွေ့​ရ​တော့ ဂစ်​တာ​ပွဲတော်​မှာ ပရိသတ်​အားပေး​မှု​ကတော့ အထိုက်​အလျောက် ရှိ​ပါ​တယ်။ Q – ဆရာ​ချစ်​အနေ​နဲ့ ဂစ်​တာ​ပွဲတော်​ကို စ​လုပ်​တဲ့​အချိန်​မှာ ပရိသတ်​နဲ့ နည်း⁠နည်း​စိမ်း​နေ​မယ်​လို့ ထင်​ထား​လား?? Sayar Chit – ကျွန်တော် ပွဲ​စ​လုပ်​တဲ့​အချိန်​တုန်း​က​လည်း အဲ​ဒီ​လို​ပဲ တွေး​ခဲ့​ဖူး​ပါ​တယ်။ …

Read more 0 Comments
15
Sports

ခရစ်​ကတ်​ဘော​လုံး ထိ​လို့ ဩစတြေးလျ ကစားသမား သေ​ဆုံး

ဩစတြေးလျ​နိုင်ငံ​က ခရစ်​ကက် အား​ကစားသမား Phil Hughes ဟာ ဒီ​တ​ပတ်​ထဲ ကျင်းပ​တဲ့ ပြိုင်​ပွဲ​အတွင်း သူ့​ဦးခေါင်း​ကို ခရစ်​ကက် ဘော​လုံး ထိ​မှန်​ခဲ့​ပြီး ဒီ​က​နေ့​မှာ သေ​ဆုံး​သွား​ပါ​ပြီ ။ South Australia အသင်း​နဲ့ New South Wales အသင်း​တို့ ဆစ်​ဒ​နီ​မြို့​မှာ ယှဉ်​ပြိုင် ကစား​ကြ​တုန်း ဘက်​တန်​က စင်​ထွက်​လာ​တဲ့ ဘော​လုံး​က Phil Hughes ရဲ့​ဘယ်​ဖက်​နား အနောက်​ဖက်​ကို ထိ​မှန်​ခဲ့​တာ​ပါ။ အသက် ၂​၅​နှစ်​အရွယ် Phil Hughes ဒီ​နေ့ သေ​ဆုံး​သွား​ကြောင်း အား​ကစား အသင်း​ရဲ့ ဆရာဝန် Peter Brukner က ပြော​ပါ​တယ်။ အင်္ဂါနေ့​က ခရစ်​ကက်​ဘော​လုံး ထိ​မှန်​ခဲ့​တဲ့ …

Read more 0 Comments
lat-et-rock-album-wre0013037172-20121009
EntertainmentInternationalMusic

ဒေါ်လာ​သန်း (၈​၀​၀) တန် ပြန်​ပေါင်း​ထုတ်​ပွဲ​တွေ ဖျော်ဖြေ​ဖို့ စာချုပ်​ကို​ငြင်းဆန်​သူ​များ

ဒေါ်လာ သန်း (၈​၀​၀) ဟာ ဘယ်လောက်​တန်ဖိုး​ရှိ​ပါ​သလဲ။ တ​ယောက်​ချင်း​စီ​အတွက် တန်ဖိုး​ဟာ​ကွဲပြား​နိုင်​တာ​ပေါ့။ Led Zeppelin တို့​အတွက်​တော့ သန်း (၈​၀​၀) ဟာ ဘာ​မှ​တန္ဖိုး​မ​ရှိ​လှ​ဘူး​လို့​ဆို​နိုင်​ပါ​တယ်။ ဖြစ်​ပုံ​က ဒီ​လို။ ရော့ခ်​အင်​ရိုး​ရဲ့​ဖ​ခင်ကြီး​တွေ​ဖြစ်​ကြ​တဲ့ ဇက်​ပ​လင်​တို့​ကို ၃​၅ ပွဲ​တိတိ​ဆို​ပေး​ဖို့ ကန်​ထ​ရိုက်​တ​ခု​နဲ့​ကမ်းလှမ်း​ပါ​တယ်။ အဲ​ဒီ (၃​၅) ပွဲ​အတွက် ဇက်​ပ​လင်​တို့​ရ​မယ့် ငွေ​ကြေး​ပမာဏ​ကတော့ ဒေါ်လာ သန်း (၈​၀​၀) ဖြစ်​ပါ​တယ်။ အဆိုတော်​ရော​ဘတ်​ပ​လန့်​က အဲ​ဒီ​ကမ်းလှမ်း​ချက်​ကို ချက်ချင်း​ငြင်းပယ်​လိုက်​ပါ​တယ်။ ဘာ​ကြောင်း​ငြင်းပယ်​တယ်​ဆို​တာ အသေး​စိတ်​မ​သိ​ရ​ပေ​မယ့် ဂီ​တ​လောက​သား​တွေ​ရော ဂီ​တ​လောက​ထဲ​က စီး​ပွါး​ရေး​သမား​တွေ​ပါ တ​အာ​ကို အံ့ဩ​သွား​စေ​တဲ့​ဆုံးဖြတ်ချက်​ဖြစ်​ပါ​တယ်။ အခြား​တီး​ဝိုင်း​သား​တွေ​က ဖျောင်း​ဖြ​ပေ​မယ့် အဆိုတော်​ရော​ဘတ်​ပ​လန့်​က လုံး​ဝ​အကြောက်​ကန်​ငြင်းဆန်​ခဲ့​ပါ​တယ်။ ဇက်​ပ​လင်​တို့​ဟာ ရော့ခ်​အင်​ရိုး​ဂီ​တ​ရဲ့​ဖ​ခင်ကြီး​တွေ​လို့ သမုတ်​ကြ​တဲ့ ဇက်​ပ​လင်​တို့​ဟာ အသက် ၆​၀ …

Read more 0 Comments
10805460_624533880988348_1606498417_nfff
Music

ဂီ​တ​နဲ့ သရုပ်ဆောင်​နှစ်​ခု​စလုံး​မှာ ရပ်​တည်​သွား​မယ်​ဆို​တဲ့ ပိုး​အိ⁠အိ​ခန့်(အိမ်မက်​ဆုံ​ရာ) Season5

အိမ်မက်​ဆုံ​ရာSeason5 မှာ (8th runner up)ဆု​ရ​ရှိ​သူ တစ်​ဦး​ဖြစ်​ပြီး တစ်​ကိုယ်တော်​အခွေ​လည်း စီစဉ်​နေ​ပြီ​ဖြစ်​တဲ့ ပိုး​အိ⁠အိ​ခန့်​ဟာ ဂီ​တ​အပြင် သရုပ်ဆောင်​တာ​ကို​လည်း ဝါသနာ​ပါ​သူ​ဖြစ်​လို့ ဗီ​ဒီ​ယို ဇာတ်​ကား​ရိုက်​ကူး​တွေ​မှာ​လည်း သရုပ်ဆောင်​ထား​တာ​ကို တွေ့​မြင်​ရ​ဦး​မှာ​ပဲ​ဖြစ်​ပါ​တယ်။ သူ့​ရဲ့ ရှေ့​ဆက်​လျှောက်​လှမ်း​သွား​မယ့် အနု​ပညာ​ခရီး​လမ်း​နဲ့ ပတ်သက်​ပြီး မေး​ဖြစ်​ခဲ့​တာ​ကတော့ “စ​လုပ်​ကတည်းက ပြီး⁠ပြီး​ရော လုပ်​တာ​မဟုတ်​ဘူး။ ကိုယ်​တကယ် ဝါသနာ​ပါ​လို့ စိတ်​နှစ်​ပြီး​တော့ လုပ်​ခဲ့​တာ​ပါ။ အသစ်​တစ်​ယောက်​အနေ​နဲ့​တော့ လို​အပ်​ချက်​တွေ အများ​ကြီး​ရှိ​ပါ​သေး​တယ်။ အများ​ကြီး ကြိုးစား​နေ​ပါ​တယ်။ အခွေ​က​လည်း​လုပ်​နေ​ပါ​တယ်။ နောက်​နှစ်​ထဲ​မှာ​ပဲ ထွက်​ဖြစ်​ဖို့ များ​ပါ​တယ်။ MTV ပါ တစ်ခါတည်း ထုတ်​ဖြစ်​ဖို့ များ​ပါ​တယ်။ သီချင်း​ကိုး​ပုဒ်​လောက်​တော့ ပြီး​နေ​ပါ​ပြီ။ pop၊ R&B၊ Country တို့ သီချင်း​လေး​တွေ များ​ပါ​တယ်။ …

Read more 0 Comments
Sports

ဂိုး​သွင်း​ယူ​ပြီး​နောက် Miroslav Klose လို ကျွမ်းထိုး​အောင်ပွဲ​ခံ​ရာ အကျ​မတော်​တဲ့​အတွက် အိန္ဒိယ​ဘော​လုံး​သမား Peter Biaksangzuala သေ​ဆုံး

Bethlehem Vengthlang FC နဲ့ Chanmari West FC တို့​ပွဲ​ယှဉ်​ပြိုင်​ကစား​တဲ့ ပွဲ​ချိန် ၆​၂ မိ​နစ်​မှာ Bethlehem Vengthlang FC အတွက် Peter Biaksangzuala ဂိုး​သွင်း​အပြီး Miroslav Klose အောင်ပွဲ​ခံ​သ​လို ကျွမ်းထိုး​အောင်ပွဲ​ခံ​ဖို့ ကြိုးစား​လုပ်ဆောင်​ခဲ့​တာ​ပါ။ အသက် ၂​၃ နှစ်​ရှိ​တဲ့​သူ​ဟာ ကျွမ်းထိုး​ပြီး​အကျ မြေပြင်​ကို ခေါင်း​နဲ့​ကျ​ခဲ့​တာ​ကြောင့် ကွင်း​အလယ်​မှာ ပြန်​မ​ထ​နိုင်​ဖြစ်​ခဲ့​တယ်။ Biakzangzuala ဟာ လည်ပင်း​ရိုး ကျိုး​ပျက်​သွား​ပြီး ဆေး​ရုံ​တင်​ခဲ့​ပေ​မယ့် တနင်္ဂနွေနေ့​မနက်​ပိုင်း ဆး​ရုံ​မှာ ဝမ်းနည်း​ကြေကွဲ​စွာ သေ​ဆုံး​သွား​ခဲ့​ပါ​တယ်။ သူ​ဟာ Germany နိုင်ငံ ဘော​လုံး​သမား Klose နောက်​ကျွမ်း​ပစ်​ဂိုး​ရအောင်​ပွဲခံ​သ​လို လိုက်​လုပ်​ဖို့ ကြိုးစား​ခဲ့​ပေ​မဲ့ ကံ​မ​ကောင်း​ဘဲ ရွယ်​ရည်​ထား​သ​လို​ဖြစ်​မ​လာ​ခဲ့​တာ​လို့ …

Read more 0 Comments
Sports

ဂုဏ်​ယူ​ပါ​တယ် မြန်မာ ယူ-၁​၉

ကာ​တာ​အသင်း​ကို အ ချိန်​ပို​သွင်း​ဂိုး​ဖြင့် ရှုံး​နိမ့်​ခဲ့သော် လည်း မြန်မာ​ကစားသမား​များ​၏ စွမ်း​ဆောင်​ရည်​ကို ဂုဏ်​ယူ​မိ ကြောင်း မြန်မာ ယူ-၁​၉ အသင်း နည်း​ပြ​ချုပ် ဂတ်​ဖ​ရိုင်း​ဒ​ရစ်​က ပြော​သည်။ ‘‘မြန်မာ​အသင်း​ရဲ့ ဒီ​နေ့ စွမ်း ဆောင်​ရည်​ကို အရမ်း​ကျေနပ်​ပါ တယ်။ ဒီ​လောက် စွမ်း​ဆောင်​ရည် ကို တွေ့​ပြီး​တဲ့​နောက်​မှာ​တော့ မြန်မာ​အသင်း​ရဲ့ နည်း​ပြ​ဖြစ်​ရ​တာ ဂုဏ်​ယူ​တယ်​လို့ ပြော​ရဲ​သွား​ပါ​ပြီ’’ ဟု အောက်တိုဘာ ၂​၀ ရက်​က သု​ဝဏ္ဏ​ကွင်း​၌ ယှဉ်​ပြိုင်​ကစား​ခဲ့ သည့် အာ​ရှ ယူ-၁​၉ ပြိုင်​ပွဲ အကြို ဗိုလ်​လု​ပွဲ​စဉ်​တွင် ကာ​တာ​အသင်း ကို အချိန်​ပို​သွင်း​ဂိုး ၂-၃ ဂိုး​ဖြင့် ရှုံး​နိမ့်​ခဲ့သော်​လည်း မစ္စတာ​ဂတ် က မြန်မာ​အသင်း​အတွက် …

Read more 0 Comments
Sports

သိပ်တော်​တဲ့​စာ​ပွဲ​ထိုး ( မ​ရီ​ရ​ရင် ပါးရိုက်​သွား)

လူ​တစ်​ယောက် စား​သောက်​ဆိုင်​တစ်​ဆိုင်​မှာ အစား​သွား​စား​တယ်။ အစားစား​နေ​ချိန်​မှာ မတော်တဆ ဇွန်း​ပြုတ်​ကျ​သွား​တယ်။ ဘေး​မှာ​ရပ်​နေ​တဲ့ စားပွဲ​ထိုး​က ချက်ချင်း​ပဲ ဘောင်းဘီ​အိတ်​ထဲ​က​နေ ဇွန်း​တစ်​ချောင်း​ထုတ်ပေး​တယ်။ ဒါ​ကို သူ​က​တ​အံ့​တ​ဩ​နဲ့ စားပွဲ​ထိုး​ကို မေး​တယ်။ “ဘာ​ဖြစ်​လို့ ဇွန်း​ကို ဘောင်းဘီ​အိတ်​ထဲ ထည့်​ထား​ရ​တာ​လဲ?” စားပွဲ​ထိုး……. “ကျွန်တော်​တို့​အထက်က အကြံပေး​လူကြီး​တွေ​က ကျွန်တော်​တို့​ရဲ့​အလုပ်​ကို ပို​တိုးတက်​ကောင်းမွန်​အောင်ဆို​ပြီး အပြောင်း​အလဲ လုပ်​လိုက်​တယ်။ စား​သုံး​သူ​တွေ မတော်တဆ ဇွန်း​ပြုတ်​ကျ​သွား​ရင် ကျွန်တော်​တို့ ကိုယ်ပေါ်​က​နေ ချက်ချင်း​ထုတ်ပေး​နိုင်​အောင် စီစဉ်​ထား​တယ်။ ဒီ​လို​ပြောင်းလဲ​လိုက်​တာ​နဲ့ အလုပ်​ရဲ့​တိုးတက်​နှုန်း​က ၃​၁% ရှိ​သွား​ပါ​တယ်။ ဒါ​ဟာ မီးဖို​ထဲ​ထိ ဇွန်း​သွား​ယူ​မယ့် အသွားအလာ​ချိန်​ကို သက်သာ​စေ​ပါ​တယ်” “အင်း သိပ်​ကောင်း​တဲ့ အကြံ​ပါ​ပဲ” ဒီ​လို​နဲ့ စား​သောက်​ပြီး​ငွေ​ရှင်း​ဖို့ ကောင်​တာ​ဆီ သူ​သွား​လိုက်​တယ်။ အဲ​ဒီ​မှာ …

Read more 0 Comments
အင်း​လေး​မှာ​ရွာ​တဲ့​မိုး ( နီ⁠နီ​ခင်ဇော် )
Music

အင်း​လေး​မှာ​ရွာ​တဲ့​မိုး ( နီ⁠နီ​ခင်ဇော် )

မာ​ရီ​ယို MTV ထွက်​ရှိ​ထား​ပေ​မယ့်​လို့ လတ်​တ​လော​မှာ အင်း​လေး​မှာ​ရွာ​တဲ့​မိုး သီချင်း​နဲ့ ပရိသတ်​တွေ​ကြား ရေပန်း​စား​နေ​တဲ့ နီ⁠နီ​ခင်ဇော်​ကို လတ်​တ​လော အနု​ပညာ​လှုပ်ရှား​မှု အကြောင်း မေးမြန်း​ဖြစ်​တဲ့​အခါ “မန္တလေး၊ မေမြို့၊တောင်​ကြီး​တွေ​မှာ ဆက်တိုက်​သီချင်း​တွေ ဆို​ဖြစ်​နေ​ပါ​တယ်။ ပြီး​တော့ ရန်ကုန်​ပွဲ​တွေ ဆို​ဖြစ်​ပါ​တယ်။ ရှိုး​ပွဲ​တွေ​မှာ နီ​နီဖျော်​ဖြေ​ရင်း ပရိသတ်​တွေ​က အင်း​လေး​မှာ​ရွာ​တဲ့​မိုး​နဲ့ မျှော်လင့်​ချက်​တစ်​စုံ​တ​ရာ သီချင်း​နှစ်​ပုဒ်​ကို​တော့ ပရိသတ်​တွေ အရမ်း​တောင်း​ဆို​လွန်း​လို့ ဖျော်ဖြေ​ပေး​ရ​တာ​ပေါ့။” လို့ သူမ​က ပြော​ပါ​တယ်။ လတ်​တ​လော​မှာ အင်း​လေး​မှာ​ရွာ​တဲ့​မိုး သီချင်း​ကို ပရိသတ်​တွေ အရမ်း​ကြိုက်​နေ​ကြ​တာ​မို့ အဲ​ဒီ့​သီချင်း​လေး​နဲ့ ပတ်သက်​ပြီး အခက်​အခဲ​နဲ့ အမှတ်တရ​တွေ​ရှိ​ရင်​ပြော​ပြ​ပေး​ပါ​လို့​ဆို​တော့ နီ⁠နီ​က “အဲ​ဒီ့​အင်း​လေး​မှာ​ရွာ​တဲ့​မိုး သီချင်းဆို​တဲ့​နေ့​က အသံ​အရမ်း​ဝင်​နေ​တယ်။ သီချင်း​မ​ဆို​နိုင်​တဲ့ အခြေအနေ​ဖြစ်​နေ​တယ်။ ဒါ​ပေ​မယ့် အခွေ​က​လည်း ထွက်​တော့​မယ် …

Read more 0 Comments
Sleeping With Sirens
Music

Sleeping With Sirens

Sleeping With Sirens အဖွဲ့​ဟာ ပြီး​ခဲ့​တဲ့ ပိတ်​ရက် UK န်ိုင်​ငံ​ရဲ့ Reading ပွဲတော်​မှာ သီချင်း​အသစ် Kick Me ကို​စ​တင်ဖျော်​ဖြေ​ခဲ့​ပါ​တယ်။ ဒီ​သီချင်း​အတွက် ဂီ​တ​ဗီ​ဒီ​ယို​ကို​လည်း​ရိုက်​ကူး​ထား​တာ​ဖြစ်​ပါ​တယ်။ အောက်​က​ပြ​ထား​တဲ့ link မှာ​တော့ ဝိုင်း​ရဲ့ဖျော်​ဖြေ​မှု​တစ်​ခု​လုံး​ရဲ့ ရုပ်​သံ​ကို​ပြ​ထား​တာ​ဖြစ်​ပါ​တယ်။ သီချင်း​ကတော့ ၂​၈ မိ​နစ်​အရောက်​မှာ​စ​တာ​ပါ။ သူ​တို့​အဖွဲ့​ဟာ Pierce the Veil အဖွဲ့​နဲ့​ပူးတွဲ​ဦးဆောင်​ပြီး အမေ​ရိ​ကန်​နိုင်ငံ​အနှံ့ နယ်​လည့် ဖျော်ဖြေ​ပွဲ ကျင်းပ​မှာ​ဖြစ်​ပါ​တယ်။ နိုဝင်ဘာ​နဲ့ ဒီဇင်ဘာ​လ​တွေ​မှာ​ကျင်းပ​မှာ​ဖြစ်​ပြီး သူ​တို့​ကို အထောက်​အပံ့​အနေ​နဲ့ဖျော်​ဖြေ​တဲ့​ဝိုင်း​တွေ​ကတော့ Beartooth နဲ့ The Wild Life တို့​ဖြစ်​ပါ​တယ်။

Read more 0 Comments
EntertainmentInternationalSports

ကမ္ဘာ့​အသန်​မာ​ဆုံး ဘုန်းကြီး

ကမ္ဘာ့ အသန်​မာ​ဆုံး ဘုန်းကြီး​အဖြစ် နာမည်​ပေး​ခံ​ခဲ့​ပြီး​တဲ့ Rev. Dr. Kevin Fast ရဲ့ အလေး​မ​စွမ်း​ရည်​ဟာ ဘုရားသခင်​ရဲ့​ဆု​ကျေးဇူး​ဖြစ်​ပါ​တယ်။ ၁​၉ ရာ​စု​ရဲ့​စွမ်းအား​ရှင်Louis Cyr ဆီ​မှ လှုံ့ဆော်​မှု ရ​ရှိ​ပြီး​တဲ့​အချိန်​မှ​စ နှစ်​နဲ့​ချီ မ​ယုံ​နိုင်​လောက်​အောင် အလေး​မ​စွမ်း​ရည်​ကို အသက် ၅​၁ နှစ်​ရှိ က​နေ​ဒါ​လူ​မျိုး Pastor ပြသ​လာ​ခဲ့​တာ​ပါ။ တန်​ချိန် ၁​၈​၉ အလေး​ချိန်​ရှိ အလေး​အများ​ဆုံး လေ​ယာဉ်​ကို တစ်​ယောက်​အား​ဖြင့်​ဆွဲ​တာ၊ အလေး​ဆုံး ထ​ရပ်(ခ်)ကား လက်​တစ်ဖက်​တည်း​ဖြင့် ဆွဲ​တာ၊ အလေး​လံ​ဆုံး စက်​ယန္တ​ယား​ကို ပေ​တစ်​ရာ​ထိ ဒ​ရွတ်​တိုက်​ဆွဲ​သွား​တာ၊ ပု​ခုံး​နှစ်​ဖက်​နဲ့ အလေး​ချိန် ၅​၀​၀ ကီ​လို​ဂ​ရမ်​ကို အချိန်​အကြာ​ဆုံး ထမ်း​ထား​နိုင်​တာ​တွေ​ဟာ ကမ္ဘာ့ ဂေး​နစ်စ်​ချိန်​စံ​တွေ​ကို မှတ်တမ်း​စေ​နိုင်​ခဲ့​ပါ​တယ်။ တခြား​ထူးခြား​တဲ့ …

Read more 0 Comments