န​ယူး​ရော့ခ်​မှာ ၁​၂​နှစ်​ကြာ​အောင် နေထိုင်​လာ​ခဲ့​ပြီး​ဖြစ်​တဲ့ ပြင်​သစ်​ဓာတ်​ပုံ​ဆရာ​မ​ဖြစ်​တဲ့ Erica Simone ဟာ သူမ​ရဲ့ န​ယူး​ရော့ခ်​လမ်းမ​တွေပေါ် ဝတ်လစ်စလစ်​လမ်းလျှောက်​ပုံ​တွေ​ချည်း သီး​သန့်​ဓာတ်​ပုံ​စာအုပ်​ထုတ်​မယ့် အစီ​အစဉ်​က​နေ ဒေါ်လာ ၁​၀⁠၀​၀​၀ ရ​ရှိ​ဖို့ မျှော်လင့်​နေ​ပါ​တယ်။ ဒါ​ဟာ သူမ​လိုချင်​တဲ့ ပန်းတိုင်​ကို​သွား​ဖို့ လမ်း​ခုလတ်​မှာ ဖြစ်​တယ်​လို့ သိ​ရ​ပါ​တယ်။

ဒီ​လို အင်္ကျံ​အဝတ်​အစား​လုံး​ဝ​မ​ပါ​ပဲ ရိုက်​ကူး​ထား​တဲ့ ဓာတ်​ပုံ​တွေ​မှာ န​ယူး​ရော့ခ်​ရဲ့​နေရာ​စုံ​ကို ရောက်​ဖူး​သွား​သ​လို ခံစား​ရ​မှာ​ဖြစ်​ပြီး စာကြည့်​တိုက်၊ လေ​ယာဉ်​တွေ​မှာ​တောင် ခု​လို ဝတ်လစ်စလစ် ရိုက်​ခဲ့​တာ​လို့ ဆို​ပါ​တယ်။ ခု​လို ဓာတ်​ပုံ​ရိုက်​ကူး​ရ​ခြင်း​အကြောင်း​ကို​တော့ သူမ​က “ခု ပတ်ဝန်းကျင်၊ လူ့​အသိုင်းအဝိုင်း​က အိုး​မဲ့​အိမ်​မဲ့​ဖြစ်​နေ​သူ​တွေ​ကို လျစ်လျူရှု​ထား​ကြ​ပြီး နောက်​ဆုံးပေါ်​တွေ ဝတ်​နိုင်​ဖို့၊ အဝတ်​အစား​တွေ၊ ဖက်​ရှင်ပေါ်​မှာ ပိုက်ဆံ​သုံး​ဖို့​လောက်​သာ စိတ်ဝင်စား​နေ​ကြ​တယ်။ ဒါ့​ကြောင့် ဘာ​အဝတ်​အစား​မှ မ​ပါ​ပဲ​နေ​ရင်​ရော ဘာ​ဖြစ်​လိမ့်​မ​လဲ။ လူ​တွေ​မှာ အဝတ်​အစား​မ​ဝတ်​ပဲ နေ​ကြ​သွား​ကြ​မယ်​ဆို​ရင်​ရော ဘာ​ဖြစ်လာ​မှာ​လဲ။ ဒါ​ဟာ လူ​မှု​ဆက်ဆံ​ရေး​ကို ထိခိုက်​မှု​ရှိ​သွား​စေ​မှာ​လား။ ငါ​တို့​ရဲ့ ခန္ဓာ​ကိုယ်​က ငါ​တို့​ရဲ့ တာဝန်​ဝတ္တရား​တွေ​ကို ဖော်​ပြ​နေ​တာ​လား။ ဒီ​လို​တွေးခေါ်​ရာ​က​နေ ခု​လို ပ​ရော​ဂျက်​လေး​တစ်​ခု​လုပ်​ဖို့ စိတ်ကူး​မိ​တာ​ပဲ။ ခု​လို ရိုက်​ကူး​ရ​တာ မလွယ်​ပါ​ဘူး။ တကယ် လူ​သွား​လူ​လာ​များ​တဲ့ နေရာ​တွေ​မှာ ကိုယ်​တုံးလုံး​နဲ့ ရိုက်​ဖို့ တော်တော်​လေး​ကို ကြိုးစား​ခဲ့​ရ​တာ​ပါ” လို့ ပြော​ပြ​သွား​ပါ​တယ်။

သူမ​ဟာ အခြား​လူ​တွေ​ကို လန့်​ဖျန့်​သွား​စေ​ဖို့ ကြိုးစား​နေ​တာ မဟုတ်​ပဲ အနု​ပညာ​တစ်​ခု​ကို ဖန်တီး​နေ​ခြင်း​သာ ဖြစ်​ပါ​တယ်။ ကဲ ဒီ​လို ဓာတ်​ပုံ​စာအုပ်​မျိုး ဘယ်​သူ​တွေ စိတ်ဝင်စား​ပါ​သလဲ။
သူမ​ရဲ့ Offical Website ပါ။

Credit to Trend Myanmar