ဂျပန်​နိုင်ငံ Asakusa မှာ​တည်​ရှိ​သော Sensōji ဗုဒ္ဓ​ဘာသာ​ဘုရား​ကျောင်း ဟာ အရောင်​အသွေး​စုံလင်​စွာ​နဲ့ ထင်​ရှားကျော်​ကြား​သော လည်ပတ်​စရာ​နေရာ​၁​ခု​ဖြစ်​ပါ​တယ် ။
၆​၂​၈ ခု​နှစ်​မှာ တံငါ​သည် ညီနောင် ၂ ဦး ဟာ Sumida မြစ်​အတွင်း​ငါး​ဖမ်း ရင်း ဗုဒ္ဓ​ဆင်း​တုတော် ၁​ဆူ​ကို ဆယ်ယူ​ရ​ရှိ​ခဲ့​ပါ​တယ် ။ ဗုဒ္ဓ​ရဲ့ တန်​ခိုးတော်​ကြောင့် တံငါ​သည် တို့ သည် ဆင်း​တုတော် ကို​ရေ​ထဲ​သို့ လွှင့်​ပြစ်သော်​လည်း အမြဲ​တမ်း သူ​တို့​ဆီ ပြန်​ရောက်လာ​ပါ​တယ် ။ အထက်​ပါ ဆင်း​တုတော် ကို အကြောင်းပြု​ကာ Sumida မြစ်​ကမ်း​အနီး တွင် Sensōji ဗုဒ္ဓ​ဘာသာ​ဘုရား​ကျောင်း​ကို တည်ဆောက်​ခဲ့​ခြင်း​ပါ။ ၆​၄​၅​ခု​နှစ်​မှာ တည်ဆောက်​ပြီး​မြောက်​ခဲ့ သော Sensōji ဗုဒ္ဓ​ဘာသာ​ဘုရား​ကျောင်း ဟာ တျို​ကျို​မြို့ ဧ။်​ရှေး​အကျ​ဆုံး ဗုဒ္ဓ​ဘာသာ​ဘုရား​ကျောင်း များ​ထဲ မှ ၁ ခု ပါဝင်​ပါ​သည် ။