Posts tagged 7Day Daily


ar-br
Local Newsစီးပွား​ရေး

ကား​သွင်း​ရာ​တွင် အနိမ့်​ဆုံးမော်​ဒယ် သတ်​မှတ်ချက် တိုး​မြှင့်

ကား​သစ်(Brand New) များ တင်​သွင်း​ရာ​တွင် ဇန်နဝါရီ ၁​၇​ရက်​မှ​စ​၍ ဘယ်​မောင်း​သာ သွင်း​ခွင့်​ပေး​တော့​မည်​ဖြစ်​ပြီး အနိမ့်​ဆုံးမော်​ဒယ်​သတ်​မှတ်ချက်​ကို မော်တော်​ယာဉ်​တင်​သွင်း​ခွင့်​ဆိုင်​ရာ ကြီးကြပ်​ရေးကော်​မ​တီ​က ထုတ်​ပြန်​လိုက်​သည်။ ‘‘အခု​ကြေညာ​ချက်​တွေ​ကို ကား​အရောင်း​ပြ​ခန်း​တွေ၊ အရောင်း​စင်​တာ​တွေ​ကို ပေး​ထား​ပြီး​ပြီ။ ဘယ်​မောင်း​ပြောင်း​တာ​နဲ့ မော်​ဒယ်​တစ်​နှစ်​တိုး​ပဲ ရှိ​တယ်။ ကျန်​တာ​တွေ​ကတော့ သိပ်​အများ​ကြီး​ပြောင်း​တာ​မ​ရှိ​ဘူး’’ဟု မော်တော်​ယာဉ်​အရောင်း​ပြ​ခန်း​လုပ်​ငန်း​ရှင်​တစ်​ဦး​က​ပြော​သည်။ အနိမ့်​ဆုံး​တင်​သွင်း​နိုင်​သည့် နှစ်​ကို တစ်​နှစ်​တိုး​မြှင့်​သတ်​မှတ် လိုက်​ခြင်း​ဖြစ်​ပြီး မော်​ဒယ်​အလိုက် သတ်​မှတ်​ခွင့်​ပြု​ချက်​များ​ကို ဒီဇင်ဘာ ၁​၅ ရက်စွဲ​ဖြင့် ထုတ်​ပြန်​လိုက်​ခြင်း​ဖြစ်​သည်။ ‘‘ကား​တွေ​ဈေး​ကွက်​ထဲ​မှာ အများ​ကြီး​ရှိ​နေ​တော့ အများ​ကြီး ထိခိုက်​မှာ​မဟုတ်​ဘူး။ အစိုးရ​က ဒီ​လို​လုပ်​တာ​က​လည်း ဖြစ်​ရိုး​ဖြစ်​စဉ်​တစ်​ခု​ပါ။ ဈေး​မြှင့်​တင်​ပြီး​ရောင်း​တဲ့​ကား​က ရောင်း​ထွက်​မှာ​မဟုတ်​ဘူး။ အခွန်​လျှော့ပေး​မယ်​ဆို​ရင်​တော့ ဈေး​ကွက်​အပြောင်း​အလဲ ရှိ​သွား​နိုင်​တယ်’’ ဟု ကား​ဝယ်​ရောင်း ဦး​သန်း​နိုင်​က ပြော​သည်။ ထို့​ကြောင့် ယာဉ်​အို​ယာဉ်​ဟောင်း …

Read more 0 Comments
Myanmar Education Protest
Local News

ဥပဒေ မ​ကျင့်​သုံး​ရ​သေး​မီ ပြင်ဆင်​ရန် တောင်း​ဆို​ခြင်း အဆင့်​ကျော်​နေ​ဟု ပညာ​ရေး​ဝန်ကြီး​ပြော​ကြား

မ​ကြာ​မီ​က ပြဋ္ဌာန်း လိုက်​သော အမျိုးသား​ပညာ​ရေး ဥပဒေ​ကို မ​ကျင့်​သုံး​ရ​သေး​မီ ပြန် လည်​ပြင်ဆင်​ရန် တောင်း​ဆို​နေ ကြ​ခြင်း​သည် အဆင့်ကျော်​နေ သ​လို​ဖြစ်​နေ​ကြောင်း ပညာ​ရေး ဝန်ကြီး​ဌာန၊ ပြည်ထောင်​စု​ဝန် ကြီး ဒေါက်​တာဒေါ်​ခင်​စန်း​ရီ​က ပြော​ကြားလိုက်​သည်။ တက္ကသိုလ် ကျောင်းသား များ​က အမျိုးသား​ပညာ​ရေး​ဥပဒေ အား လေး​ရက်ကြာ သပိတ်မှောက် ဆန္ဒ​ပြ​မှု​ရပ်ဆိုင်း​၍ အာဏာပိုင် များ​၏ တုံ့​ပြန်​မှု​ကို ရက်​ပေါင်း ၆​၀ စောင့်ဆိုင်း​မည်​ဟု ကြေညာ​ခဲ့ သည်။ ထိုသို့ ကြေညာ​ပြီး နောက်​တစ်​ရက်​တွင် ပညာ​ရေး​ဝန်ကြီး ဌာန​က မီ​ဒီ​ယာ​များ​နှင့် တွေ့​ဆုံ​ခဲ့ ခြင်း​ဖြစ်​သည်။ ‘‘ကျောင်းသား​တွေ​ပြော​တဲ့ အချက် ခြောက်ချက်​မှာ​ပါ​တဲ့ ကိစ္စ​တွေ​ဟာ ဆက်​စပ်​ဥပဒေ​တွေ​မှာ ပါသွား​ဖို့​ရှိ​နေ​ပေ​မယ့် သူ​တို့​က တစ်​ဆုံး​ကြီး​အမျိုးသား​ပညာ​ရေး …

Read more 0 Comments
Local NewsPoliticalStory

အင်း​စိန်​ထောင်​စစ်​ခွေး​တိုက်​က လူ​ရွှင်တော်

ဇာဂနာ​က ခပ်​ညို⁠ညို​အသား​နှင့် လိုက်​ဖက်​လှ​သည့် ခရမ်း​ရောင်​တောက်တောက် ရှပ်​အင်္ကျီ​ကို ဝတ်ဆင်​ထား​ပါ​သည်။ သူ​၏ ထိပ်ပြောင်​ပြောင်​နှင့် ရွှတ်⁠ရွှတ်​နောက်⁠နောက်​မျက်လုံး​များ​က မျက်မှန်​အမည်း​နောက်​မှာ အရောင်​တောက်ပ​နေ​ပါ​သည်။ သူ့​နှုတ်ခမ်း​ညာ​ဘက်​မှာ​တော့ အမွေး​ပေါက်​နေ​သော ကြီးမား​သည့် မှဲ့​ကြီး​တစ်​လုံး​ရှိ​၏။ သည်​မှဲ့​က မြန်​မာ့​ရိုးရာ​ယုံကြည်​မှု​အရ​ဟာ​သ၊ သရော်​ဉာဏ်​တို့​နှင့် ဆက်​စပ်​နေ​သည်။ သူ​၏ မိ​ခင်​ရော အဒေါ်​မှာ​ပါ ထို​မှဲ့​မျိုး​များ​ရှိ​ပြီး နှစ်​ယောက်​စလုံး​က ဟာ​သ​ဉာဏ်​ရှိ​သည်​ဟု ဆို​သည်။ အရပ်​မ​ရှည်သော်​လည်း ဇာဂနာ​က အား ကောင်း​မောင်းသန်​ပုံ​မျိုးရှိ​၏။ ရုပ် က​သာ မာသော်​လည်း နှစ်​လို​ခင် မင်​ဖွယ်ရာ​ကောင်း​၏။ သူ့​ဆီ​မှာ နှစ်သက်​ဖွယ်ရာ​အကောင်း​ဆုံး​က တော့ အခန်း​တစ်​ခု​လုံး​ဟိန်း​နေ သော ဩဇာ​အပြည့်​ပါ​သည့် အသံ​ပဲ​ဖြစ်​၏။ သူ​စကားပြော​တာ​ကို နားထောင်​ရ​သည်မှာ အမေ​ရိ​ကန်​အဆိုတော် ပေါလ်​ရော​ဘီ​ဆင်​သီ ချင်း​ဆို​သည်​ကို နားထောင်​နေ​ရ သည့် အတိုင်း​ပင်။ …

Read more 0 Comments
Local News

အိမ်ရှင်​မ​တစ်​ဦး​၏ မာန၊ မိ​ခင်​တစ်​ဦး​၏ သတ္တိ

‘‘အိမ်ထောင်​ရေး​ကို အရှုံးပေး​လိုက်​ရ​ပေ​မယ့် အလုပ်​ကို​တော့ အရှုံး​မ​ပေး​ပါ​ဘူး’’ဟု ပြော​လာ​သူ​မှာ အသက် (၅​၅)နှစ်​အရွယ် ဒေါ်​လှ​ရီ​ပင်​ဖြစ်​သည်။ ဒေါ်​လှ​ရီ​သည် လူ​သာမန်​တို့​မ​ရောက်​လို၊ မ​နေ​လို​သည့် နေရာ​တစ်​ခု​တွင် သားသမီး​များ​နှင့်​အတူ နေထိုင်​ရင်း တော်​ရုံ​ယောက်ျား​တစ်​ယောက်​ပင် မ​လုပ်​လို​သည့် အလုပ်​ဖြင့် နှစ်​ပေါင်း​သုံး​ဆယ်​နီးပါး အသက်မွေး​ခဲ့​သူ​ဖြစ်​သ​ဖြင့် ထို​စကား​ကို ပြော​ခြင်း​ဖြစ်​သည်။ လူ​မ​စည်ကား​အပ်​သည့် နေရာ​များ​ဟု သတ်​မှတ်​ကြ​သည့် ဆေး​ရုံ၊ တရားရုံး၊ သင်္ချိုင်း​ကုန်း စ​သည့်​နေရာ​များ​နှင့် တွဲ​စပ်​၍ လုပ်ကိုင်​စား​သောက်​နေ​ရ​သည့် အောက်​ခြေ​အလုပ်​သမား​များ​ကို လူ​မှု​အသိုင်းအဝိုင်း​က ယခု​အချိန်​ထိ အမြင်​ကြည်လင်​ခြင်း​မ​ရှိ​သေး​ပေ။ အထူးသဖြင့် ဆေး​ရုံ​များ​ရှိ ရေခဲ​တိုက်​အလုပ်​သမား​များ​နှင့် သင်္ချိုင်း​ကုန်း​များ​ရှိ ခေါင်း​တလား​ဖြင့် စီးပွား​ရေး​လုပ်​စား​ကြ​သူ​များ​သည် သာမန်​လူ့​အသိုင်းအဝိုင်း​တွင် ဝင်​ဆံ့​ရန်​ခက်ခဲ​သည့် အနေအထား​တွင်​ပင် ရှိ​သေး​သည်။ ထို​သူ​များ​ထဲ​တွင် ဒေါ်​လှ​ရီ​လည်း တစ်​ဦး​အပါအဝင်​ပင် ဖြစ်​သည်။ သို့သော် ဒေါ်​လှ​ရီ​လုပ်​စား​ရ​သည့် …

Read more 0 Comments
Local News

ဗန္ဓု​လ​ဦးထုပ်​များ​ရဲ့​နောက်​ကွယ်​မှ ဇာတ်​လမ်း​တစ်​ပုဒ်

ရှေ့​တွင် အရောင်ရဲ​ရဲ​တောက်​နေ​သော ဗန္ဓု​လ​ဦးထုပ်​ကလေး​များ၊ ငွေ​ရောင်​တ​ဝင်း​ဝင်း တောက်ပ​နေ​သည့် ဗန္ဓု​လ​ဓားကလေး​များ​နှင့် လှံ​ကလေး​များ အစီ​အရီ​ခင်းကျင်း​ထား​သည့်​နောက်​တွင် အဘွား​အို​တစ်​ဦး​ထိုင်​နေ​သည်။ ဗန္ဓု​လ​အသုံးအဆောင်​ပစ္စည်း​လေး​များ​၏ အနား​တွင် ကြက်ဥ​ပြုတ်​လေး​ငါးလုံး​ခန့်​နှင့် အချို​ရည်​ဘူး​လေး​များ​ကို တင်​ထား​သည်။ မင်းကြီး​မင်း​လေး ကိုယ်တော်​နှစ်​ပါး​နှင့် အခြား​ဆိုင်​ရာ​ပိုင်​ရာ​နတ်​များ​ကို ပူဇော်​ပသ​ထား​ခြင်း​ဖြစ်​သည်​ဟု အဘွား​အို​က ပြော​ပြ​သည်။ အဘွား​အို​အမည်​က ဒေါ်​ညွန့်​ရည်​ဟု ခေါ်တွင်​သည်။ နေ​တာ​က တံတား​ဦး​မြို့​က သာ​ဂေါင်​ရပ်၊ အသက်​ကတော့ (၇​၁)နှစ် ရှိ​ချေ​ပြီ။ ယခု​လို ရ​တ​နာ့​ဂူ​ဘုရား​ပွဲ၊ တောင်​ပြုံး​ပွဲ​အပါအဝင် ဘုရားပွဲတော်​ကြီး​တွေ​မှာ ဗန္ဓု​လ​ဦးထုပ်​တို့၊ ဓား​တို့ လိုက်လံ​ရောင်းချ​လာ​တာ နှစ်​ပေါင်း​လေး​ဆယ်ကျော်​ပြီ​ဟု အဘွားဒေါ်​ညွန့်​ရည်​က​ပြော​ပြ​သည်။ ဒေါ်​ညွန့်​ရည်​တစ်​ယောက် ဗန္ဓု​လ​ဦးထုပ်​လေး​တွေ​နှင့် စတင်​မိတ်​ဆက်​ကျွမ်းဝင်​ခဲ့​ရ​သည်မှာ လွန်ခဲ့သော နှစ်​ပေါင်း​လေး​ဆယ်ကျော် ယခု​လို ရ​တ​နာ့​ဂူ​ဘုရားပွဲတော်​အခါ​ဖြစ်​သည်။ အဲ​ဒီ​အချိန်​တုန်း​က ဒေါ်​ညွန့်​ရည်​ဘဝ​မ​ရောက်​မီ မ​ညွန့်​ရည်​ဆို​သော အပျို​ငယ်​လေး​တစ်​ယောက် ရ​တ​နာ့​ဂူ​ပွဲတော်​ချိန် …

Read more 0 Comments
Local News

ရန်ကုန်တိုင်း​ရှိ တ​က​သ ကျောင်းသား​များ အမျိုးသား​ပညာ​ရေး ဥပဒေ​မူ​ကြမ်း​ကို ဆန္ဒ​ပြ

ဒ​ဂုံ​တက္ကသိုလ်​ကျောင်း သား​များ သမဂ္ဂ​မှ ဦးဆောင်​၍ ရန်ကုန်တိုင်း အတွင်း​ရှိ တက္ကသိုလ် ကျောင်းသား သမဂ္ဂ(တ​က​သ)များ​မှ ကျောင်းသား တစ်​ရာကျော် စုပေါင်း​၍ အမျိုးသား ပညာ​ရေး ဥပဒေ​မူ ကြမ်း​ကို ဒ​ဂုံ​တက္က သိုလ်​တွင် စက်တင်ဘာ ၂ ရက် နေ့လယ်​က ပထမ​ဆုံး အကြိမ် ကန့်ကွက် ဆန္ဒ​ပြ​ခဲ့​သည်။ ဆန္ဒ ထုတ်ဖော်​ပွဲ မစ​တင်​မီ နံနက် ၈ နာရီ​ခွဲ​တွင် လာ​ရောက် တားဆီး​သည့် ဒ​ဂုံ​တက္ကသိုလ် ပါ​မောက္ခ​ချုပ် ဒေါက်​တာ လှ​ဌေး​အပါအဝင် ဌာန​မှူး​များ၊ ဆရာ​များ​နှင့် ဒ​ဂုံ​တက္ကသိုလ် ကျောင်းသား သမဂ္ဂ​အဖွဲ့​ဝင်​များ ဆွေးနွေး ခဲ့​ပြီး​နောက် မွန်းတည့်​၁​၂ နာရီ​မှ စတင်​၍ ဒ​ဂုံ တက္ကသိုလ်​အတွင်း …

Read more 0 Comments
စီးပွား​ရေး

လက်ဖက်​စို​ကို စား​သောက်​ကုန်​အမည်​သစ်​အဖြစ် ဂျပန်​နိုင်ငံ​သို့ တင်​သွင်း​ရောင်းချ​ရန် ကမ်းလှမ်း

မြန်မာ​နိုင်ငံ​တွင် စား သုံး​သည့် လက်ဖက်​စို​ကို ဂျပန် နိုင်ငံ​တွင် စား​သောက်​ကုန်​အမည်​သစ်​အဖြစ် တင်​သွင်း​ရောင်းချ​ရန် မြန်​မာ့​လက်ဖက်​လုပ်​ငန်း​ရှင်​များ ထံ​သို့​ဂျပန်​နိုင်ငံ တို​ကျို​အခြေ​စိုက် လက်ဖက်ခြောက်​ထုတ်​လုပ်​သည့် ကုမ္ပဏီ​တစ်​ခု​က ကမ်းလှမ်း​လိုက် သည်။ ဂျပန်​နိုင်ငံ တို​ကျို​အခြေ​စိုက် လက်ဖက်​စိမ်း​ထုတ်​လုပ်​သည့် Japan Greentea ကုမ္ပဏီ​က လက်ဖက်ရည်​ကြမ်း​သာ အဓိက သောက်​သုံး​သည့် ဂျပန်​နိုင်ငံ​တွင် မြန်မာ​နိုင်ငံ​မှ လက်ဖက်​စို​များ​ကို မှာ​ယူ​တင်​သွင်း​ရန် ကမ်းလှမ်း ထား​ကြောင်း လက်ဖက်​စိုက်ပျိုး ထုတ်​လုပ်​သူ​များ​က ပြော​သည်။ ဂျပန်​ကုမ္ပဏီ​သည် မြန်မာ လက်ဖက်​စို​များ​ကို တင်​သွင်း​ရန် ဂျပန်​နိုင်ငံ​ဆိုင်​ရာ မြန်မာ​သံ​ရုံး​မှ​တစ်​ဆင့် ဆက်​သွယ်​အကြောင်းကြား​လာ​ကြောင်း ပြည်​တွင်း​အခြေ​စိုက်​လက်ဖက်​စိုက်ပျိုး​ထုတ်​လုပ်​သူ​များ​က ပြော​သည်။ ‘‘ဂျပန်​က လက်ဖက်​ကို ရေ နွေး​ကြမ်း​သဘော​မျိုး လက်ဖက် ခြောက်​အနေ​နဲ့​ပဲ သုံး​ကြ​တယ်။ အခု​က …

Read more 0 Comments
Local NewsPolitical

၂​၀​၁​၅ ရွေး​ကောက်​ပွဲ​ကို စောင့်​ကြည့်​နေ​ဟု အမေ​ရိ​ကန် နိုင်ငံ​ခြား​ရေး​ဝန်ကြီး​ပြော​ကြား

လာ​မည့် ၂​၀​၁​၅ ရွေး​ကောက်​ပွဲ​သည် မြန်မာ​နိုင်ငံ အနာဂတ်​အတွက် စိန်ခေါ်​မှု​ဖြစ် ပြီး မြန်​မာ့​နိုင်ငံ​ရေး​အချိုး​အကွေ့ ကို အဆုံးအဖြတ်​ပေး​မည်​ဖြစ်​ခြင်း ကြောင့် အမေ​ရိ​ကန်​အပါအဝင် အားလုံး​က စောင့်​ကြည့်​နေ​ပြီး လွတ်လပ်​၍ ပွင့်လင်း​မြင်သာ သည့် ရွေး​ကောက်​ပွဲ​ဖြစ်​ရန်လို အပ်​ကြောင်း အမေ​ရိ​ကန်​နိုင်ငံ ခြား​ရေး​ဝန်ကြီး ဂျွန်​ကယ်​ရီ​က ပြော​ကြားလိုက်​သည်။ မြန်မာ​နိုင်ငံ​၏ ဒီ​မို​က​ရေ​စီ ပြုပြင်​ပြောင်းလဲ​ရေး​တွင် လို​အပ် ချက်​များ​ကို အမေ​ရိ​ကန်​အစိုးရ​က ဖိ​အားပေး အရေးယူ​ခြင်း​ဖြင့် အပြစ်ပေး​မည် မဟုတ်​ကြောင်း နှင့် ပြုပြင်​ပြောင်းလဲ​မှု​များ​တွင် အချိန်​ယူ​ရ​သည်​ကို အမေ​ရိ​ကန် အစိုးရ​အနေ​ဖြင့် နားလည် ကြောင်း ၎င်း​က​ပြော​ကြား​သည်။ သို့သော် မြန်မာ​နိုင်ငံ​နှင့် ဆက်ဆံ​မှု​တွင် မျက်ကန်း​ယုံကြည် မှု​မျိုး​ဖြင့် မဟုတ်​ဘဲ လို​အပ်​ချက် များ​ကို အတူ​လက်​တွဲ​လုပ်ဆောင် …

Read more 0 Comments
Entertainment

Miss World ပြိုင်​ပွဲဝင်​ဖို့ မ​သေချာ​သေး​ဘူး​ဆို​တဲ့ သန္တာ​ဗိုလ်

မြန်မာ​နိုင်ငံ​တွင် ပထမ ဆုံး​အကြိမ်​ပြုလုပ်​မည့် Miss World Myanmar 2014 အလှ မယ်​ပြိုင်​ပွဲဝင်​ပြိုင်​ရန် မ​သေချာ သေး​ကြောင်း သန္တာ​ဗိုလ်​က ပြော သည်။ ‘‘ဖေ့စ်​ဘွတ်ခ်​မှာ သမီး​ရေး ထား​တာ​က ပရိသတ်​တွေ​ကို ပြိုင်​ရ​မ​လား​လို့​ပဲ မေး​ထား​တာ။ ပြိုင်​ဖို့​ကတော့ မ​သေချာ​သေး​ဘူး’’ ဟု သန္တာ​ဗိုလ်​က ပြော​သည်။ သာမန်​မြန်မာ​မိန်း​ကလေး အရပ်​ထက်​မြင့်​မား​သည့်​အတွက် ပရိသတ်​များ​က ၎င်း​ကို ပါဝင် ယှဉ်​ပြိုင်​စေ​လိုသော်​လည်း နိုင်ငံ​တကာ အလှ​မယ်​ပြိုင်​ပွဲ​များ​တွင် ရေကူး​ဝတ်​စုံ​ဝတ်​ရ​သော ယှဉ်​ပြိုင်​မှု​ပါဝင်​နေ​သော​ကြောင့် ၎င်း​အနေ​ဖြင့် ရေကူး​ဝတ်​စုံ မ​ဝတ်​ရဲ​၍​ပါဝင်​ယှဉ်​ပြိုင်​ရန် စဉ်းစား​နေ​ခြင်း ဖြစ်​ကြောင်း သန္တာ​ဗိုလ်​က ပြော သည်။ သန္တာ​ဗိုလ်​၏ လတ်​တ​လော အနု​ပညာ​လှုပ်ရှား​မှု​အနေ​ဖြင့် နယ်​မြို့​များ​တွင် သီချင်းဆို​နေ​ပြီး ထွက်​ရှိ​ထား​သော တစ်​ကိုယ် …

Read more 0 Comments
Local News

ခြေထောက်​တွင် ဘုရား​ပုံတော် ဆေး​မင်​ကြောင် ထိုး​ထား​သော​နိုင်ငံ​ခြား​သား​အား ပြည်​နှင်​ဒဏ်ပေး

 ခြေထောက်တွင် ဘုရား ပုံတော် ဆေးမင်ကြောင်ထိုးထား သော ကနေဒါနိုင်ငံသားအား လူဝင်မှုကြီးကြပ်ရေးနှင့်    ပြည်သူ့အင် အားဝန်ကြီးဌာနက ညောင်ရွှေမှ ညတွင်းချင်း ရန်ကုန်လေဆိပ်သို့ ပြန်ပို့ကာ    ပြည်နှင်ဒဏ်ပေးခဲ့ ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်း ညွှန်အသင်း (MTGA) မှ သတင်း ရရှိသည်။ ကနေဒါနိုင်ငံသား Mr Polley Jason Scott သည် မြန်မာနိုင်ငံသို့ ဇူလိုင် ၂၇ ရက်က ရောက်ရှိခဲ့သည်။ ၎င်း၏ ညာ ဘက်ခြေသလုံးတွင် ဗုဒ္ဓရုပ်ပွား တော်ပုံများကို ဆေးမင်ကြောင် များ ရေးထိုးထားပြီး၊ အဆိုပါ ဆေးမင်ကြောင်ဓာတ်ပုံများ လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ် တက်လာပြီးနောက် ဝေဖန်မှုများ ဖြစ် ပေါ်ခဲ့သည်။ ထို့ကြောင့် …

Read more 0 Comments