Posts tagged 7Day News


EntertainmentLocal News

မန္တလေး​မှာ အငြိမ့်က​ဖို့ အကောင်း​ဆုံး​ပြင်ဆင်​နေ​တဲ့ နန်း​ခင်​ဇေ​ယျာ

အင်​တာ​နက်​မယ်​အငြိမ့်​ကို မန္တလေးမြို့​တွင် ပြုလုပ်​ရန် အစီ​အစဉ်​ရှိ​ရာ မန္တလေးမြို့​သည် သဘင်​မြို့တော်​ဖြစ်​သော​ကြောင့် အကောင်း​ဆုံးဖျော်​ဖြေ​နိုင်​ရန် ပြင်ဆင်​နေ​ကြောင်း နန်း​ခင်​ဇေ​ယျာ​က​ပြော​သည်။ ‘‘မန္တလေး​က သဘင်​မြို့တော်​ကြီး​ဖြစ်​တယ်။ နန်း​ခင်​တို့ ပထမ​ဆုံး​အကြိမ်​က​ခဲ့​တဲ့​ပွဲ​မှာ​လည်း လို​အပ်​တာ​တွေ​ရှိ​ခဲ့​တာ​ဆို​တော့ မန္တလေး​ပွဲ​အတွက် အကောင်း​ဆုံး​ဖြစ်​အောင် ပြင်ဆင်​သွား​မှာ​ပါ’’ဟု ၎င်း​က​ပြော​သည်။ ယင်း​အငြိမ့်ဖျော်​ဖြေ​မှု​ကို မန္တလေးမြို့​၌ စက်တင်ဘာ​လ​တွင် ကျင်းပ​ရန် စီစဉ်​လျက်​ရှိ​ပြီး နေရာ​မှာ​မူ မ​သေချာ​သေး​ကြောင်း နန်း​ခင်​ဇေ​ယျာ​က​ပြော​သည်။ Miss Myanmar Internet အငြိမ့်ဖျော်​ဖြေ​မှု​အစီ​အစဉ်​ကို ပထမ​ဆုံး​အကြိမ်​အဖြစ် ဇွန်​လ ၁ ရက်​က ပြည်​သူ့​ရင်ပြင်​၌ အခ​မဲ့ဖျော်​ဖြေ​တင်​ဆက်​ပေး​ခဲ့​ပြီး ယင်း​အငြိမ့်​တွင် နန်း​ခင်​ဇေ​ယျာ​နှင့်​အတူ ခင်​ဝင့်ဝါ​လည်း ပါဝင်​က​ပြ​ခဲ့​ကာ လူ​ရွှင်တော်​များ​အဖြစ် တိမ်​ညွန့်၊ ကျော်​ထူး၊ ငွေ​တောင်၊ ဝက်​မ​နှင့် ချစ်​ညွန့်​တို့​က ပါ​ဝင်ဖျော်​ဖြေ​ခဲ့​ကြ​သည်။ နိုင်ငံ​တကာ​အလှ​မယ်​ပြိုင်​ပွဲ​များ​တွင် အင်​တာ​နက်​ရ​ရှိ​ခဲ့​သော အလှ​မယ်​များ​အနေ​ဖြင့် …

Read more 0 Comments
Health

ရက်ကြာ​နေ​သည့် အသင့်​စား​ခေါက်​ဆွဲ​ခြောက်​များ အသည်း​နှင့် အစာအိမ်​အူ​လမ်းကြောင်း ကင်​ဆာ​များ ဖြစ်ပွား​နိုင်

ရက်ကြာ​မြင့်​နေ​သော အသင့်​စား​ခေါက်​ဆွဲ​ခြောက်​ထုပ်​များ​ကို စား​သုံး​မိ​ပါ​က အသဲ​ခြောက်​ခြင်း၊ အသဲ​ကင်​ဆာ အပါအဝင် အစာအိမ်​နှင့် အူ​လမ်းကြောင်း​ကင်​ဆာ​များ ဖြစ်ပွား​နိုင်​ခြင်း​ကြောင့် ဂရုပြု​စား​သုံး​သင့်​ကြောင်း အထွေ​ထွေ​ရောဂါ​ကု ဆရာဝန်​အချို့​က ပြော​ကြား​သည်။ ‘‘ပိုး​သတ်​ပြီး ထုတ်​လုပ်​ထား​တယ်​ဆို​ပြီး ဓာတု​ပစ္စည်း​တွေ ပါ​နေ​တဲ့​အတွက် သူ့​အလိုလို သက်​တမ်း​ကုန်​မှာ​ပဲ။ အဲ​ဒီ​ဓာတ်​ကို ပို​ထည့်​ရင် အသက်​အန္တရာယ်​ပါ ထိခိုက်​နိုင်​တယ်။ ရက်မ​လွန်​တဲ့ ခေါက်​ဆွဲ​ခြောက်​တွေ​ဆို​ရင်​လည်း အခြောက်​လုပ်​ထား​တဲ့​အတွက် ဗီတာမင်​က ကုန်​ဆုံး​နေ​တာ​မို့ ဆင်ခြင်​စား​သင့်​တယ်’’ဟု အထွေ​ထွေ​ရောဂါ အထူး​ကု​ဆရာဝန်​ကြီး ဒေါက်​တာ​စိုး​မင်း​က​ဆို​သည်။ အဆို​ပါ ခေါက်​ဆွဲ​ခြောက်​များ​တွင် လူ့​ကျန်းမာ​ရေး​အတွက် အကျိုး​ရှိ​သည့် အမျှင်​ဓာတ်၊ ဗီ တာ​မင်​ဓာတ်​နှင့် သတ္တု​ဓာတ်​များ မ​ပါဝင်​သ​လောက် နည်းပါး​နေ​ပြီး အန္တရာယ်​ပေး​နိုင်​သော သကြား​ဓာတ်၊ အချို့​မှုန့်​ဓာတ်​နှင့် ဆို​ဒီ​ယမ်​ဓာတ်​များ ပါဝင်​နှုန်း​မြင့်​မား​နေ​သည့်​အတွက် ရေ​ရှည်​စား​သုံး​ပါ​က ကျန်းမာ​ရေး​ထိခိုက်​နိုင်​ကြောင်း သိ​ရ​သည်။ …

Read more 0 Comments
စီးပွား​ရေး

အောင်မြင်​သော အများ​ပိုင်​ကုမ္ပဏီ ဘယ်​လို​ထူထောင်​မ​လဲ

မြန်မာနိုင်ငံတွင် အများပိုင်ကုမ္ပဏီ တစ်ရာကျော်အထိ ရှိလာသော်လည်း အများပြည်သူ စိတ်ချယုံကြည်ရပြီး အစုရှယ်ယာများကို ရောင်းချ၍ လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီပေါင်း ၁၀ ခုပင် မပြည့်ကြောင်း တာဝန်ရှိသူများကပြောသည်။ မြန်မာနိုင်ငံတွင် တိကျသေချာမှုမရှိဘဲ နိုင်ငံခေါင်းဆောင်တစ်ဦး၏ တိုက်တွန်းမှုဖြင့် ခေတ်အလိုက် စီးပွားရေးလုပ်ငန်းများ ပေါ်ထွက်လေ့ရှိသည်။ ဖက်စပ်ခေတ်၊ သမဝါယမခေတ်၊ ရေနက်ကွင်းခေတ်နှင့် မကြာမီမှ လူအများကြုံခဲ့ရသည့် အထူးပြုကုမ္ပဏီခေတ် စသည်ဖြင့် ဖြစ်သည်။ သို့သော် ထိုလုပ်ငန်းများမှာ အစိုးရပြောင်းလျှင် ကွယ်ပျောက်သွားပြီး နောက်တစ်မျိုး အသစ်ပေါ်လာတတ်သည်။ အစိုးရသစ်လက်ထက်တွင် ပြည်တွင်းရှိ ကုမ္ပဏီကြီးများသာမက တိုင်းနှင့် ပြည်နယ်များတွင်လည်း အများပိုင်ကုမ္ပဏီများကို ပိုမိုဖွဲ့စည်းလာသည်။ ‘‘ဒီမှာ စနစ်တကျလုပ်နေတဲ့ အများပိုင်ကုမ္ပဏီက ငါးခု၊ ခြောက်ခုလောက်ပဲရှိတယ်။ သူတို့ကတော့ စနစ်တကျလုပ်နေတာပါ’’ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် …

Read more 0 Comments
International

ကမ္ဘာ့​ဖလား ပွဲ​စဉ်​များ​အားလုံး​ကို လေ​ယာဉ်​များပေါ်​တွင် ပထမ​ဆုံး​အကြိမ် တိုက်ရိုက်​ပြသ​မည်

ကမ္ဘာ့​ဖလား​တွင် ကစား မည့် ဘော​လုံး​ပွဲ​ပေါင်း ၆​၄ ပွဲ​လုံး ကို ကမ္ဘာ​တစ်​ဝန်း​ရှိ လေ​ကြောင်း ခရီး​စဉ် ပျံ​သန်း​နေ​သော လေ ယာဉ်​များ​အားလုံး​၌ သမိုင်း​ဝင် ပထမ​ဆုံး အကြိမ်​အဖြစ် ပြသ​သွား မည်​ဖြစ်​သည်။ ထို​ပွဲ​စဉ်​များ​ကို အား​ကစား ရုပ်​သံ​လိုင်း​တစ်​ခု​ဖြစ်​သော Sport 24 က ထုတ်​လွှင့်​ပေး​သွား​မည် ဖြစ်​သည်။ ရုပ်​သံ​လိုင်း​၏ ဝန် ဆောင်​မှု​ကို ရ​ယူ​ရန် ယခု​အခါ လူဖ်​သန်​ဆာ၊ အီ​မီ​ရိတ်စ်၊ အီ​တီ​ဟတ် နှင့် တား​ကစ်ရှ်​လေ​ကြောင်း အပါ အဝင် လေ​ကြောင်း​လိုင်း​ကိုး​လိုင်း​က စာချုပ်​ချုပ်​ဆို​ထား​သည်။ ပြိုင်​ပွဲ​၏ ပွဲ​စဉ်​အများ​စု​ကို လေ​ယာဉ်​များပေါ်​တွင် တိုက်ရိုက် လွှင့်​ပေး​သွား​မည်​ဖြစ်​ပြီး ယင်း တွင် ဇွန်​လ ၁​၂ ရက် …

Read more 0 Comments
Myanmar On Time
International

အိမ်​ဖြူတော်​မှ ထွက်​ခွာ​ခဲ့​ချိန်​တွင် မွဲ​ပြာ​ကျ​သွား​ခဲ့​ဖူး​ကြောင်း ဟီ​လာ​ရီ​က​လင်​တန် ဖွင့်​ဟ

အမေ​ရိ​ကန် သမ္မတ​ဟောင်း ဘီလ်​က​လင်​တန်​၏ ဇနီး​သည် ဟီ​လာ​ရီ​က​လင်​တန်​က မိမိ​တို့ ဇနီးမောင်နှံ​သည် အိမ်​ဖြူတော်​မှ ထွက်​ခွာ​ခဲ့​ချိန်​တွင် လုံး​ဝ​မွဲ​ပြာ​ကျ​သည့် အခြေအနေ​မျိုး​ထိ ဆိုက်ရောက်​သွား​ခဲ့​ကြောင်း ဖွင့်​ဟ ပြော​ကြား​ခဲ့​သည်။ ဝှိုက်​ဝါး​တား အရေး​နှင့် မော်​နီ​ကာ လီ​ဝင်​စ​ကီး အရှုပ်တော်​ပုံ​များ​ကြောင့် ဥပဒေ​ကြောင်း​ဆိုင်​ရာ အကုန်အကျ အများ​အပြား ရှိ​ခဲ့​ပြီး​နောက် က​လင်​တန်​၏ သမ္မတ ရာထူး​သက်​တမ်း ကုန်​ဆုံး​ချိန်​တွင် မိမိ​တို့ မိသား​စု အလွန်​ဆင်းရဲ ကျပ်တည်း​သွား​ခဲ့​ကြောင်း ဟီ​လာ​ရီ​က ABCနှင့် အင်တာဗျူး အစီ​အစဉ်​တွင် ထုတ်ဖော် ပြောဆို​သွား​သည်။ “အိမ်​ဖြူတော်​က ထွက်​လာ​တဲ့ အချိန်​မှာ ဆိုး​ဆိုးရွား​ရွား မွဲ​ပြာ​ကျ​သ​လောက် ဖြစ်​နေ​တယ်။ ဒီ့​အပြင် အကြွေး​တွေ​လည်း တင်​နေ​ခဲ့​သေး​တယ်​လေ”ဟု ဟီ​လာ​ရီ​က ဆို​သည်။ “အဲ​ဒီ​အခြေအနေ ရောက်​သွား​တော့ …

Read more 0 Comments
Local News

သီ​တ​ဂူ​ဆရာတော် အင်္ဂလန်​တွင် မျက်စိ​ခွဲစိတ်​မှု ခံယူ

အင်္ဂလန်​နိုင်ငံ​တွင် ရောက်​ရှိ​နေ​သော သီ​တ​ဂူ​ဆရာ တော်​ကြီး​သည် ဝေဒနာ​ခံစား နေ​ရ​သည့် မျက်စိ​နှစ်​ဖက်​ကို ဇွန်​လ ၄ ရက်​က ခွဲစိတ်​မှု​ခံယူ​ခဲ့​ရာ အောင် မြင်​ခဲ့​ကြောင်း သီ​တ​ဂူ ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ် ဒု​ဥက္ကဋ္ဌ ဒေါက်​တာ အရှင်​ကော​ဝိ​ဒ​က မိန့်​ကြား​သည်။ သီ​တ​ဂူ ဆရာတော်​ကြီး​၏ ညာ​ဘက်​မျက် လုံး​အ နီး၊ အဝေး​မ​မြင် ရ​သည်မှာ တစ်​နှစ်ကျော်​ကြာ မြင့်​နေ​ပြီ ဖြစ်​သည်။ ထို့​အပြင် မေ​လ ၂​၄ ရက်​က နီ​ပေါ​နိုင်ငံ ဗုဒ္ဓ​ဘာ သာ​လုမ္ဗိ​နီ​ဒေသ ထိန်းသိမ်း​စောင့် ရှောက်​ရေး​အတွက် အကြို​ညှိနှိုင်း ဆွေးနွေး​ပွဲ တက်​ရောက် ခဲ့​ရာ​တွင် အပူ​ချိန် ဒီ​ဂ​ရီ​စင်​တီ​ဂရိတ် လေး​ဆယ်​ခန့် ရှိ​သော ဖိနပ်​မ​စီး​ရန် သတ်​မှတ်ထား​သည့် …

Read more 0 Comments
Local News

ထိ​မိ​ပွတ်​မိ ဦး​ရာ​လူ​ဖြဲ​တဲ့ လမ်း​မပေါ်​က​ပြ​ဿ နာ

ရန်ကုန်​တွင် တိုးပွား​လာ​သော ကား​စီး​ရေ​နှင့် စည်း​မဲ့​ကမ်း​မဲ့​မောင်း​နှင်​မှု​များ နေ့စဉ်​တိုးပွား​လာ​သည့်​အချိန်​တွင် ယာဉ်​မတော်တဆ​မှု ဖြစ်ပွား​မှု​နှုန်း​က နေ့စဉ်​မြင့်​တက်​လာ​ဆဲ​ဖြစ်​သည်။ သီတင်း​တစ်​ပတ်​လျှင် ယာဉ်​တိုက်​မှု ၄​၀ ထက်​မ​နည်း ဖြစ်ပွား​နေ​သည့် ရန်ကုန်​တွင် တစ်ဖက်​နှင့်​တစ်ဖက် ယာဉ်​မတော်တဆ​မှု​များ ဖြစ်ပွား​ပါ​က မိမိ​မှန်​သည်​ဖြစ်​စေ၊ မှား​သည်​ဖြစ်​စေ ပိုင်​ပိုင်နိုင်​နိုင် ထိ⁠ထိ​ရောက်​ရောက် ပြောဆို​နိုင်​သူ​က အများ​အား​ဖြင့် လျော်​ကြေး​ရ​နိုင်​သည့် အခြေအနေ​ကို ရန်ကုန်မြို့​မှ ယာဉ်​မောင်း​များ​က သိရှိ​ထား​ကြ​သည်။ ကား​အာမခံ​ထား​သော အလေ့​အထ အားနည်း​သည့် မြန်မာ​နိုင်ငံ​တွင် ယခုကဲ့သို့ ယာဉ်​ကြော​ရှုပ်​ထွေး​မှု တစ်​နေ့​တခြား​ဆိုးရွား​လာ​ပြီး နည်း​လမ်းမ​ကျ​သည့် ဖြေ​ရှင်း​မှု​ကြောင့် နှစ်​ဦး​နှစ်​ဖက် နစ်နာ​မှု​များ​က လမ်းမ​များပေါ်​တွင် နေ့စဉ်​ဖြစ်ပေါ်​နေ​သည်။ ‘‘ကိုယ့်​ဘက်​က မှား​နေ​လည်း အလျော်​ရအောင် တစ်ဖက်​လူ​ကို ဖိ​ဟောက်​လိုက်​ရင် အလိုလို​နေ​ရင်း ကိုယ့်​ဘက်​က အမှန်​လို​ဖြစ်​သွား​တာ​တွေ​လည်း ရှိ​တယ်’’ဟု …

Read more 0 Comments
Music

အိပ်မက်​မက်​ရာ​က​နေ ဖြစ်​တည်​လာ​တဲ့ ချမ်း⁠ချမ်း​ရဲ့‘‘အိပ်မက်’’

Credit to 7Day News တတိယ​တစ်​ကိုယ်တော်​ခွေ​၏ အခွေ​အမည် အိပ်မက်​သီချင်း​သည် အိပ်မက်​မက်​ရာ​မှ​ရ​ရှိ​ခဲ့​သော သီချင်း​ဖြစ်​ပြီး အမှတ်တရ​များ​စွာ​ရှိ​ကြောင်း အဆိုတော်​ချမ်း⁠ချမ်း​က​ပြော​သည်။ ‘‘လူ​တွေ​အများ​ကြီး​လာ​ကြည့်​တဲ့ ဖျော်ဖြေ​ပွဲ​တစ်​ခု​ကို အစ်မ အိပ်မက်​မက်​တယ်။ အဲ​ဒီဖျော်​ဖြေ​ပွဲ​မှာ အစ်မ​ကိုယ်တိုင် စန္ဒာ​ရား​တီး​ပြီး သီချင်းဆို​တယ်။ အဲ​ဒီ​သီချင်း​ရဲ့ စာသား​တွေ​ရော၊ အလိုက်​တွေ​ရော မှတ်မိ​နေ​လို့ ရေး​လိုက်​တာ နာရီ​ဝက်​လောက်​ပဲ​ကြာ​တယ်’’ဟု ချမ်း⁠ချမ်း​က​ပြော​သည်။ ယင်း​အခွေ​တွင် ကိုယ်​ပိုင်​သံ​စဉ်​သီချင်း​များ ပါဝင်​မည်​ဖြစ်​ပြီး စုစုပေါင်း သီချင်း ၁​၅ ပုဒ် ပါဝင်​မည်​ဖြစ်​ကာ စုံ​တွဲ​အဆို​ရှင်​များ​အဖြစ် ဇော်​ပိုင်၊ ဟန်​ထွန်း​နှင့် ဂျီ​လတ်​တို့ ပါဝင်​သီ​ဆို​ထား​သည်။ ထို့​အပြင် ရှေး​ခေတ်​ဘုရား​သီချင်း​တစ်​ပုဒ်​ဖြစ်​သော ဗုဒ္ဓ​ပူ​ဇ​နိ​ယ​သီချင်း​ကို​လည်း ခေတ်ပေါ်​ပုံစံ​တီး​၍ သီ​ဆို​ထား​ပြီး ရဲ​တိုက်​သရုပ်ဆောင်​ကာ ပရိသတ်​အားပေး​မှု​ရ​ရှိ​သည့် ‘‘ရွာ’’ဇာတ်​ကား​မှ သား​ချော့​တေး​သီချင်း​ကို​လည်း ပြန်လည်​ထည့်​သွင်း​ထား​ကြောင်း ချမ်း⁠ချမ်း​က​ပြော​သည်။ …

Read more 0 Comments
Saito Kazuyoshi – Always
စီးပွား​ရေး

ကား​သွင်း​ခွင့်​မူ​ဝါဒ မ​ပြောင်း​တော့​ဟု ဦး​ဝင်း​မြင့် ကတိ​ပေး

အစိုးရ​သစ် လက်ထက်​တွင် ကား​တင်​သွင်း​ခွင့် မူ​ဝါဒ​နှင့် ပတ်သက်​ပြီး မိမိ​လက်​ကျန်​သက် တမ်း​တွင်​ထပ်မံ အပြောင်း​အလဲ ပြုလုပ်​တော့​မည် မဟုတ်​ကြောင်း စီးပွား​ရေး​နှင့် ကူးသန်း​ရောင်းဝယ်​ရေး ဝန်ကြီး​ဌာန ပြည်ထောင်​စု ဝန်ကြီး ဦး​ဝင်း​မြင့်​က​ပြော​ကြား​သည်။ ‘‘ကျွန်တော်​ဝန်ကြီး လုပ်​တဲ့​ကာလ​မှာ ကား​တင်​သွင်း​ခွင့်​နဲ့ ပတ်သက်​ပြီး မူ​ဝါဒ ရှစ်​ကြိမ်​တိတိ ပြောင်းလဲ​ခဲ့​တယ်။ ဒါ​ကြောင့် အခု ကတိ​ပေး ပါ​တယ်။ ကား​နဲ့ ပတ်သက်​ပြီး မူ​ဝါဒ အပြောင်း​အလဲ ဘာ​မှ​မ​လုပ်​တော့​ပါ​ဘူး’’ဟု ဝန်ကြီး​က မေ​လ ၈ ရက်​တွင် ရန်ကုန်မြို့​၌​ပြုလုပ်​သည့် မာ​စီး​ဒီး​ဘင့်ဇ် ကား​အရောင်း​ပြ​ခန်း ဖွင့်​ပွဲ​အခမ်းအနား​တွင် ပြော​သည်။ ကား​တင်​သွင်း​မှု မူ​ဝါဒ​များ ကို ၎င်း​လက်ထက်​တွင် ပုံစံ အမျိုး​မျိုး​ဖြင့် ဖြေ​လျှော့ပေး​ခဲ့​ပြီး ယနေ့​အထိ ကား​အစီး​ရေ …

Read more 0 Comments
Local News

အရှိန်​မြင့်​လာ​သော ဒေါ်​အောင်​ဆန်း​စု​ကြည်​၏ မိန့်ခွန်း​များ

Written by ထွန်း​ခိုင်၊ ရန်​မျိုး​နိုင် Credit to 7Day News မျက်စိ​တစ်​ဆုံး​ပြည့်​နေ​သည့် ကွင်းပြင်​ထဲ လူထု​ကြီး​က ဒေါ်​အောင်​ဆန်း​စု​ကြည်​ထံ​မှ စိတ်​အားတက်​ကြွ​စရာ စကား​တစ်​ခွန်း ထွက်​လာ​တိုင်း လက်​ခုပ်​ဩဘာ​ပေး​ကြ​သည်။ တပ်​မတော်​အနေ​ဖြင့် အာဏာ​နှင့်​အခွင့်အရေး​ကို မ​မက်မော​ဘဲ တိုင်း​ပြည်​ကို​ချစ်​လျှင် အခြေ​ခံ​ဥပဒေ​ကို​ပြင်​၍ သက်သေပြ​ရန် ဒေါ်​အောင်​ဆန်း​စု​ကြည်​၏ စိန်ခေါ်​သံ​ကို ကွင်း​လုံး​ပြည့် လာ​ရောက်​နားထောင်​နေ​သူ​များ​က သဘောကျ​မ​ဆုံး။ ‘‘အာဏာ​မက်မော​လို့၊ အထူး​အခွင့်အရေး​မက်မော​လို့၊ နေရာ​မက်မော​လို့ လုပ်​နေ​တာ​မဟုတ်​ဘူး​ဆို​တာ သက်သေ​ထူ​လိုက်​ပါ​လို့ ကျွန်မ​က တိုက်တွန်း​ချင်​ပါ​တယ်။ တိုက်တွန်း​တယ်​ဆို​တာ​ထက် တစ်​နည်း​အား​ဖြင့် ပြော​ရ​ရင် စိန်ခေါ်​မှု​လို့​လည်း ပြော​လို့​ရ​ပါ​တယ်။ ကျွန်မ စိန်ခေါ်​ပါ​တယ်’’ဟု မန္တလေးမြို့ အောင်​ပင်လယ်​ကွင်း​တွင် ၎င်း​၏​မိန့်ခွန်း​ကို လာ​ရောက်​နားထောင်​နေ​သည့် လူ​အများ​ကို မေ​လ ၁​၈ ရက်​တွင် ဒေါ်​အောင်​ဆန်း​စု​ကြည်​က …

Read more 0 Comments