Posts tagged Trend Myanmar


International

တို​ကျို​မြို့​မှ ကျောင်း​သူ​နှစ်​ဦး အဆောက်အဦး​တစ်​ခု​အပေါ်​က​နေ အတူတူ ခုန်​ချခဲ့

တို​ကျို​မြို့​မှ ကျောင်း​သူ​နှစ်​ဥိး​ဟာ အဆောက်အဦး​တစ်​ခု​အပေါ်​က​နေ အတူတူ ခုန်​ချခဲ့​ပြီး ကိုယ့်ကို​ကိုယ် သတ်​သေ​ခဲ့​ကြ​ပါ​တယ်။ ခုန်​ချ​တဲ့ နှစ်​ဦး​အနက် တစ်​ဦး​ဟာ ပွဲချင်းပြီး သေ​ဆုံး​သွား​ခဲ့​ပေ​မယ့် နောက်​တစ်​ယောက်​ကတော့ ခဏ​အကြာ​မှ​သာ သေ​ဆုံး​သွား​ခဲ့​တယ်​လို့ သိ​ရ​ပါ​တယ်။ အဲ​ဒီ​လို ကိုယ့်ကို​ကိုယ် သတ်​မ​သေ​ခင်​မှာ သူ​တို့​ရဲ့ ဖိနပ်​တွေ​ကို ယှဉ်​တွဲ​ကာ ချွတ်​ထားခဲ့​ကြ​ပြီး မှတ်စုစာ​ရွက်​တစ်​ရွက်​ကို​လည်း ရေးသား​ပြီး ထားခဲ့​ကြ​ပါ​တယ်။ ထို​မှတ်စုစာ​ရွက်​နဲ့ ပတ်​သတ်​ပြီး​တော့ မေးမြန်း​မှု​တွေ​ကို​တော့ ရဲ​တပ်ဖွဲ့​တာဝန်ရှိ​သူ​တွေ​က မိသား​စု ကိစ္စ​တွေ ဖြစ်​တဲ့​အတွက် အတိ​အကျ ထုတ်​ပြန်​ပေး​လို့​မ​ရ​ဘူး​လို့​ဆို​ပါ​တယ်။ သူ​တို့​နှစ်​ဦး​ရဲ့ ကျောင်း​က တာဝန်ရှိ​သူ​တွေ​ကတော့ ဘာ​ပြသ​နာ​မှ မ​ဖြစ်ပွား​ခဲ့​ပါ​ဘူ​လို့ တုံ့​ပြန်​ထား​ပါ​တယ်။ အတန်းဖော်​တွေ​ကတော့ သူ​တို့​နှစ်​ဦး​စလုံး​ဟာ ထက်မြက်​ပြီး အချင်းချင်း​ကြားမှာ​ထဲ​တောင် ခေါင်းဆောင်​ဖြစ်​တဲ့ အဆင့်​လောက်​ထိ ရှိ​ကြ​တယ်​လို့ ဆို​ကြ​ပါ​တယ်။ ပြီး​တော့ …

Read more 0 Comments
HealthLife Style

ဒီ​လို​အကျင့်​မျိုး​တွေ​ဟာ ကိုယ်​လက်​လေ့ကျင့်​ခန်း​လုပ်​ရာ​မှာ ဆိုး​ကျိုး​တွေ ဖြစ်​စေ​တာ

ကိုယ်​လက်​လေ့ကျင့်​ခန်း​လုပ်​ခါ​နီး လုပ်​လေ့​ရှိ​တဲ့ တစ်​ချို့​အကျင့်​တွေ​ကြောင့် သင်​ဟာ ထိ​ရောက်​တဲ့​အကျိုး​ဆက်​ကို ရ​နိုင်​ဖို့​မလွယ်​ကူ​ပါ​ဘူး။ ဒါ့​ကြောင့် ဘယ်​လို​အကျင့်​တွေ​ကို ပြင်ဆင်​ပြီး​မှ ကိုယ်​လက်​လေ့ကျင့်​ခန်း လုပ်​သင့်​သလဲ​ဆို​တာ ပြော​ပြ​ပေး​ချင်​ပါ​တယ်။ ၁။လေ့ကျင့်​ခန်းမ​လုပ်​ခင် ရေ​ဆက်တိုက်​သောက်​ထား​ခြင်း လေ့ကျင့်​ခန်း​လုပ်​ခါ​နီး​မှ ရေ​ဗူး​လိုက်​သောက်​ချ​ပစ်လိုက်​တာ​မျိုး​ဟာ လေ့ကျင့်​ခန်း​လုပ်​တဲ့​အခါ ဗိုက်​အင့်​တာ၊ အစာအိမ်​မှာ ရေ​တွေ​ရှိ​သွား​တာ​ကြောင့် အထိုင်​အထ​နဲ့ လှုပ်ရှား​မှု​တစ်​ခု​လုပ်​လိုက်​တိုင်း အင့်​နေ​တာ​မျိုး​တွေ ဖြစ်​တတ်​ပါ​တယ်။ ဒါ​ဆို​ရင်​တော့ လေ့ကျင့်​ခန်း​ကို သတ်​မှတ်ထား​တဲ့​အချိန်​ထိ ပြီးမြောက်အောင် လုပ်ဆောင်​နိုင်​မှာ မဟုတ်​တော့​ပါ​ဘူး။ ရေ​ဗူး​ကို လေ့ကျင့်​ခန်း​လုပ်​တဲ့​နေရာ၊ GYM ကို ယူသွား​ပါ။ ဒါ​ပေ​မယ့် နည်း⁠နည်း​ချင်း​စီ သောက်​ပေး​ပါ။ လေ့ကျင့်​ခန်းမ​လုပ် ခင် အားလုံး​ကုန်​အောင် မ​သောက်​ချ​လိုက်​ပါ​နဲ့။ ၂။ဗိုက်​ဟောင်းလောင်း​နဲ့ လေ့ကျင့်​ခန်း​လုပ်​ခြင်း လေ့ကျင့်​ခန်း လုပ်​ခါ​နီး​အချိန်​ထိ ဗိုက်​ထဲ​မှာ ဘာ​မှ​မ​ရှိ​ဘူး​ဆို​ရင် သင့်​ရဲ့​အစာအိမ်​ဟာ ကြာရှည်​အလုပ်​လုပ်​နိုင်​မှာ …

Read more 0 Comments
ArtEntertainment

တရုတ်​နိုင်ငံ​မှာ ချိုင်း​ရော၊ ချိုင်း​မွှေး​ပါ ပေါ်​အောင်​ရိုက်​တဲ့ Selfie တွေ ခေတ်​စား​နေ

လူ​မှု​ကွန်​ယက်​တွေ​မှာ Selfie ဓာတ်​ပုံ​တွေ​ရိုက်​တင်​တာ၊ ကိုယ့်​မျက်နှာ​ကို အဖု​အပိန့်​တွေ မ​ရှိ​အောင် edit လုပ်​ပြီး တင်​တာ​မျိုး​တွေ​ဟာ မ​ဆန်း​တော့​ပါ​ဘူး။ ဒါ​ပေ​မယ့် ခု တရုတ်​မှာ ခေတ်​စား​နေ​တဲ့ selfie ရိုက်​ပုံ​ရိုက်​နည်း​ကတော့ ဆန်း​ပါ​တယ်။ ယောင်္ကျား​တွေ ချိုင်း​မွှေး​မ​ရိတ်​ပဲ စွတ်​ကျယ်​ဝတ်​ပြီး ဓာတ်​ပုံ​ရိုက်​တယ်​ဆို​ရင် ဘယ်​သူ​က ဘာ​ပြော​မှာ​လဲ။ ခု​ဟာ​လည်း မိန်း​ကလေး​တွေ​က ချိုင်း​မွှေး​တွေ​ထား​ပြီး ဒါ​ကို ချိုင်းပေါ်​အောင် မြှောက်​ပြီး ချိုင်း​မွှေးပေါ်​အောင် selfie ရိုက်​တာ​ကတော့ အားလုံး​ပါး​စပ်​အဟောင်း​သား ဖြစ်​စေ​မယ့် ရိုက်​နည်း​လို့ ပြော​ရ​မှာ​ပေါ့။ တရုတ်​က Weibo ဆို​တဲ့​ဆိုက်​နဲ့ သူ​တို့​ပေ့ခ်ျ​မှာ ဒီ​လို​မိန်း​ကလေး​တွေ ချိုင်း​မွှေး​အရှည်​ပုံ​တွေ သူ​တို့​ပေ့ခ်ျ​မှာ တင်​ဖို့​ိ​ကမ်းလှမ်း​ခဲ့​ပါ​တယ်။ ဒီ​စာ​မျက်နှာ​ကို ဝင်​ကြည့်​ခဲ့​တဲ့​သူ​ပေါင်း​များ​စွာ​ရှိ​ခဲ့​ပြီး စိတ်ဝင်စား​တဲ့ မိန်း​ကလေး​တွေ​က​လည်း ပုံ​ပို့​ပေး​ဖို့ သတ်​မှတ်ထား​တဲ့ …

Read more 0 Comments
Entertainment

နိုင်ငံ​ရေး​နဲ့ ပတ်သက်​တဲ့ ကား​မျိုး​တွေ ရိုက်​ချင်​တယ်​လို့​ဆို​တဲ့ ဒါ​ရိုက်​တာ ကြည်ဖြူ​သျှင်

ပရိသတ်​အတွက် ဗ​ဟု​သုတ​ရ​စေ​တဲ့ ဇာတ်​ကား​မျိုး၊ ပညာ​ပေး​ဇာတ်​ကား​မျိုး​တွေ​ကို​သာ အရိုက်​များ​တဲ့ ဒါ​ရိုက်​တာ​ကြည်ဖြူ​သျှင်​ဟာ ခု​လောလောဆယ် သူငယ်ချင်း ဆို​တဲ့ ဗီ​ဒီ​ယို​ဇာတ်​ကား​ကို ရိုက်​ကူး​နေ​တာ​ပါ။ ဒီ​ကား​အတွက် ဇာတ်​ညွှန်း​ကို ကိုယ်တိုင်​ရေးသား​ထား​တယ်​လို့ သိ​ရ​ပြီး သုံး​ပွင့်​ဆိုင်​အချစ်​ဇာတ်​လမ်း​လေး​ကို ပရိသတ်​တွေ ကြိုက်​အောင် ပုံဖော်​ရိုက်​ကူး​နေ​တယ်​လို့ ဆို​တာ​ကြောင့် ဇာတ်​ကား​အကြောင်း မေးမြန်း​ကြည့်​လိုက်​တဲ့​အခါ “ဒီ​ကား​ရဲ့​ဝတ္ထု​က လွန်း​ထား​ထား။ ဝတ္ထု​ရဲ့​နာမည်​ကတော့ ရင်​ချင်း​ဆက်​သူငယ်ချင်း။ အစ်မ​က ဇာတ်​ကား​နာမည်​ကို သူငယ်ချင်း​လို့​ပဲ​ပေး​ထား​တယ်။ ဒီ​ကား​မှာ ကောင်း​ပြည့်၊ ခင်​ဝင့်ဝါ၊ မို​ခမ်း​တို့​က သရုပ်ဆောင် ထား​ကြ​တယ်။ ဒီ​ကား​ထဲ​မှာ စ​ပွန်​ဆာ​ထား​တာ မ​ကောင်း​ဘူး​ဆို​တဲ့ image တစ်​ခု​ကို​ပေး​ထား​တယ်။ နောက်​ပြီး ဒီ​ခေတ်​မိန်း​ကလေး​တွေ​က NGO မှာ​လုပ်​ကြ​တယ်။ ပွင့်​ပွင့်လင်း​လင်း လုပ်​ခွင့်​ရ​လာ​တယ်။ နောက်​တစ်​ခု NGOမှာ​ဆို​ရင် အမျိုးသမီး​ရေး​လှုပ်ရှား​တဲ့ NGOတွေ …

Read more 0 Comments
Entertainment

တက်​တူး​များ​နှင့် သင်​ဇာ​ဝင့်ကျော်

အရင်​တုန်း​က ဆေး​မင်ကြောင်ထိုး​ထား​တဲ့​သူ​တွေ​ဟာ အလုပ်​မှာ​ရော၊ အပြင်​လူ​မှု​ဆက်ဆံ​ရေး​ပိုင်း​နဲ့ ပတ်သက်​တဲ့ နယ်ပယ်​တွေ​မှာ​ပါ ဖယ်​ကြဉ်​ထား​တာ​ခံ​ကြ​ရ​ပါ​တယ်။ မိန်း​ကလေး​တွေ​ဆို​ရင် ပို​လို့​တောင် ဆိုး​ပါ​သေး​တယ်။ တက်​တူး​ထိုး​ထား​ရင်​ပဲ အကျင့်​ပျက်​နေ​တဲ့ မိန်း​ကလေး​တွေ​လိုလို၊ စိတ်​ဓာတ်​မ​ကောင်း​တဲ့ မိန်း​ကလေး​တွေ​လိုလို ဆက်ဆံ​ခံ​ကြ​ရ​တာ​ပါ။ ဒါ​ပေ​မယ့် ခု​နောက်​ပိုင်း အရင်​လို အယူ​အဆ​ဟောင်း​တွေ တစ်ဖြည်းဖြည်း ပျောက်​ကွယ်​စ​ပြု​လာ​တာ​ရော၊ တက်​တူး​ကို ကျန်းမာ​ရေး​ပိုင်း​အရ​ရော၊ နောက် နိုင်ငံ​တကာ​က စီး​ဆင်း​လာ​တဲ့ တက်​တူး​ရေစီး​ကြောင်း​အရ​ပါ ပိုမို​လက်ခံ​လာ​ကြ​တဲ့​အတွက် လူ​ငယ်​တွေ​ဟာ တက်​တူး​ယဉ်ကျေး​မှု​ကို အရူး​အမူး​ဖြစ်လာ​ကြ​ပြီး ဖက်​ရှင်​တစ်​ခု​အနေ​နဲ့​ပါ ခုံမင်​စွာ ထိုး​လာ​ကြ​ပါ​ပြီ။ သန့်ရှင်း​တဲ့ တစ်​ခါ​သုံး​အပ်​တွေ၊ ဆေး​ခွက်​တွေ​နဲ့ ခေတ်​မီ​လွန်း​လှ​တဲ့ တက်​တူး​စ​တူ​ဒီ​ယို​တွေ၊ ဆန်းပြား​လွန်း​တဲ့ တက်​တူး​ဒီ​ဇိုင်း​တွေ​ကြောင့် တက်​တူး​ယဉ်ကျေး​မှု​က​လည်း အရင်​ထက် ပိုမို​မြင့်​မား​လာ​ခဲ့​တာ​ပါ။ ဒီ​အကြောင်း​နဲ့ ပတ်သက်​ပြီး တက်​တူး​ထိုး​ရ​တာ နှစ်ခြိုက်​တဲ့ သင်​ဇာ​ဝင်ကျော်​ကို …

Read more 0 Comments
Life Style

နောက်​ငါး​နှစ်​မှာ ဘာ​တွေ​ဖြစ်လာ​မယ်​ဆို​ပြီး ကြိုတင်​စီမံ​ကိန်း​ချ​တာ​မျိုး​တွေ​ဟာ လက်တွေ့​မှာ ဖြစ်လာ​နိုင်​ချေ​နည်းပါး

လူ​တွေ​ဟာ နောင်​ငါး​နှစ်​နဲ့​ဆယ်​နှစ်​အတွင်း ကိုယ့်​အလုပ်​မှာ ကိုယ် ဘာ​ဖြစ်​နေ​ပြီ၊ ဘယ်​နေရာ​ရောက်​နေ​လောက်​ပြီ စ​သ​ဖြင့် ကြိုတင်​ပြီး အစီ​အစဉ်​ချထား​တာ​မျိုး​တွေ၊ စဉ်းစား​ထား​တာ​မျိုး​တွေ ရှိ​တတ်​ပါ​တယ်။ တစ်​ချို့​တွေ​များ​ဆို​ရင် နောင် နှစ်​ပေါင်း ၂​၅​နှစ်​ကျ​ရင် ဘာ​တွေ​ဖြစ်​နေ​လောက်​ပြီ​ဆို​ပြီး ကြိုး​တွေး​ထား​တာ​မျိုး​တွေ​တောင် ရှိ​သေး။ အဲ့​ဒီ​လို ကြိုတင်​စီမံ​ကိန်း​ဆွဲ​တာ​မျိုး​ဟာ အရေးကြီး​သလား​လို့​မေး​ရင် အရေး​မ​ကြီး​ဘူး​လို့​ပဲ ဆို​ရ​မှာ​ပဲ။ ဘာ​လို့​လဲဆို​တာ သိ​ချင်​ရင်​တော့ အောက်​က​အချက်​ကလေး​တွေ​ကို တစ်​ချက်​ဖတ်​ကြည့်​လိုက်​ပါ​လို့။ ၁။အနာဂတ်​ကို ကြို​တွက်​ကိန်း​ထုတ်​ဖို့ မ​ဖြစ်​နိုင်​ပါ​ဘူး။ မနက်​ဖြန်​မှာ ဘာ​တွေ​ဖြစ်လာ​နိုင်​သလဲ​ဆို​တာ ကြိုတင်​ပြော​လို့ မ​ရ​နိုင်​တာ​မို့ ဒီ​နေ့​ကို​သာ အကောင်း​ဆုံး ဖြတ်​သန်း​ပါ။ ဘဝ​မှာ အပြောင်း​အလဲ​တွေ အများ​ကြီး ရှိ​လာ​နိုင်​ပါ​တယ်။ အလုပ်​ဆို​ရင်​လည်း ဒီ​အတိုင်း​ပါ​ပဲ။ သေချာ​တာ​ကတော့ တိုးတက်​လာ​တဲ့ ခေတ်​ကြီး​မှာ အလုပ်အကိုင်​အခွင့်​အလမ်း​တွေ အများ​ကြီး ထပ်​မံပေါ်​ပေါက်​နိုင်​တာ​မို့ ကိုယ်​ဒီ​နေ့ …

Read more 0 Comments
Movie

Dawn of The Planet of The Apes

ရုပ်​ရှင်​ရုံ​တွေ​မှာ ပြိုင်ဘက်​မ​ရှိ​အောင် ဝင်ငွေ​အမြောက်​အများ​နဲ့ အကျိုး​ရ​လာဒ်​ရ​ရှိ​စေ​ခဲ့​တဲ့ Dawn of the Planet of the Apes ဇာတ်​ကား​ကို ရုံ​တင်ပြ​သ​ရာ​မှာ ဘာ​အခက်​အခဲ​မှ မ​ရှိ​ခဲ့​ပါ​ဘူး။ Dawn ရုပ်​ရှင်​ကား​ဟာ အားလပ်​ရက်​စနေ၊ တနင်္ဂနွေ အတောအတွင်း​မှာ ခန့်​မှန်း​ချက်​အရ ဒေါ်လာ ၇​၃ မီ​လျံ အထိ​ရ​ရှိ​စေ​ခဲ့​ပြီး Transformers: Age of Extinction ရဲ့ သုံး​ပတ်​အတွင်း ဒေါ်လာ ၁​၆.၅ မီ​လျံ​ရ​ရှိ​ခဲ့​တဲ့ အောင်မြင်​မှု ပမာဏ​ကို ကျော်​လွှား​သွား​နိုင်​ခဲ့​ပါ တယ်။ ဇူလိုင်​လ​အတွင်း ရုံ​တင်ပြ​မယ့် ဇာတ်​ကား​တွေ​ထဲ​က တစ်​ကား​အပါအဝင်​ဖြစ်​တဲ့ Tammy ဟာ ၁​၂.၉ မီ​လျံဒေါ်​လာ​နဲ့ တတိယ နေရာ​ကို ထိုး​ကျ​သွား​ခဲ့​ပါ​တယ်။ Jump …

Read more 0 Comments
Technology

စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ အခက်အခဲ တစ်ခု ရင်ဆိုင်နေရတဲ့ Samsung

တောင်​ကို​ရီး​ယား​ရဲ့ အီ​လက်​ထ​ရော​နစ်(စ်)ဘီလူးကြီး Samsung ဟာ ၎င်း​ရဲ့​ဝင်ငွေ လေး​ပုံ​ထဲ​က ဒုတိယ​ဝင်ငွေ​နဲ့​စပ်လျဉ်း​နေ​တဲ့ သတိပေး​မှု​တစ်​ခု​ကို ထုတ်​ပြန်​ခဲ့​ပါ​တယ်။ ဒီ​နှစ် အစော​ပိုင်း​က​စ​ပြီး ၎င်း အကျိုး​အမြတ်​ရ​ရှိ​မှု ၂​၆ ရာ​ခိုင်​နှုန်း​အထိ ကျ​ဆင်း​သွား​နိုင်​တယ်​လို့​လည်း ပြောဆို​လိုက်​ပါ​တယ်။ ဒီ​သတိပေးချက်​ကို နားလည်​ဖို့ ဘဏ္ဍာ​ရေး​ကျွမ်းကျင်​ပညာ​ရှင်​တစ်​ယောက် ဖြစ်​စရာ​တော့ မ​လို​ပါ​ဘူး။ Samsung ရဲ့​အဆို​အရ Smartphones နှင့် taplets ရောင်းချ​ရာ​မှာ အတော်​လေး​အခက်​တွေ့​စေ​ပါ​တယ်​လို့ သိ​ရ​တယ်။ အထူးသဖြင့် ကမ္ပ​ဏီ ဟာ Apple ရဲ့​လူ​ကြိုက်​များ​မှု နဲ့ Lenovo, ZTE, နှင့် Huawei စ​တဲ့ အာ​ရှ​ကုမ္ပဏီ သစ်​တွေ​ရဲ့​လူ​ကြိုက်​များ​မှု​တွေ​ကို အ ပြင်း​အထန်​ယှဉ်​ပြိုင်​ရ​မယ့် နေရာ ဖြစ်​တဲ့ တရုတ်​နိုင်ငံ နဲ့ ဥ​ရော​ပ​နိုင်ငံ​တွေ​က …

Read more 0 Comments
Entertainment

မိသား​စု​ကို အချိန်​ပေး​ချင်​တဲ့​တွက် တော်​ရုံ​တန်​ရုံ ကာ​ရိုက်​တာ​လောက်လေး​ကို အချိန်​ပေး​ဖို့ နှ​မြာ​သွား​ပြီ​လို့ ဆို​တဲ့ အိန္ဒြာကျော်​ဇင်

အနု​ပညာ​နဲ့​ပတ်​သတ်​ပြီး သမီး​လေး​လဲ ရှိ​နေ​ပြီ​ဖြစ်​တဲ့​အတွက် ကား​ရိုက်​ကို ဇာတ်​လမ်း​ကောင်း​မှ​သာ လက်ခံ​ဖြစ်လာ​တဲ့ အိန္ဒြာကျော်​ဇင်​ဟာ ခု​လောလောဆယ်​မှာ ကြော်ငြာ​တွေ​ပဲ လက်ခံ ရိုက်​ကူး​ဖြစ်​နေ​တယ်​လို့ သိ​ရ​ပါ​တယ်။ အူ​ဝဲ​နဲ့​တွေ့​ဆုံ​ခိုက် ကား​ရိုက်​တွေ နည်း​သွား​ရ​ခြင်း​အကြောင်း မေးမြန်း​ဖြစ်​တဲ့​အခါ သူမ​က “ခု လတ်​တ​လော အနု​ပညာ​လှုပ်ရှား​မှု​က ကား​ရိုက်​ကတော့ ဇာတ်​ကောင်း​မှ​ရိုက်​တယ်။ လောလော​ဆယ်ကြော်​ငြာ​တွေ​ပဲ ရိုက်​ဖြစ်​တယ်။ အရင်​လို လာ​ငှား​သ​မျှ​ကို တော့ လက်မ​ခံ​ဖြစ်​တော့​ဘူး။ ဇာတ်​ကောင်း​မယ်​ဆို ရင် ကာ​ရိုက်​တာ​ဆန်း​မယ်​ဆို​ရင်​တော့ အချိန်​ကို သေချာ​လေး ပေး​ပြီး​ရိုက်​ဖြစ်​ပါ​တယ်။ အရင်​က တစ်​လ​ကို တစ်​ကား​ပေါ့နော်။ ခု​ကျ​တော့ တစ်​ကား​မှာ​မှ ဇာတ်​ကောင်း​မှ ရိုက်​မယ်​ဆို​တော့ အရင်​က​ထက်​တော့ တော်တော်​လေး​ကို နည်း​သွား​တာ​ပေါ့နော်။ ကိုယ်​က ဒီ​လို​အချိန် ဒီ​လို အရွယ်​မျိုး​မှာ ကိုယ်​ကြိုက်​တဲ့ ဇာတ်​လမ်း​လေး​တွေ၊ …

Read more 0 Comments
Entertainment

အလုပ်​ကို အလုပ်​နဲ့​တူ​အောင် အချိန်​မှန်​မှန် ပြန်​ကြိုးစား​နေ​ပါ​တယ်​လို့​ဆို​တဲ့ ထွန်း​ထွန်း

ပရိသတ်​တွေ​ချစ်​တဲ့ Examplez က ထွန်း⁠ထွန်း​ဟာ သရုပ်ဆောင်​နယ်ပယ်​မှာ​ရော ဂီ​တ​လောက​မှာ​ပါ ခဏ​တာ ပျောက်​ကွယ်​သွား​ခဲ့​ပေ​မယ့် ခု​နောက်​ပိုင်း ဇာတ်​ကား​တွေ ပြန်လည် ရိုက်​ကူး​နေ​ပြီ​မို့ သူ​နဲ့​တွေ့​ဆုံ​ခိုက် မေး​ဖြစ်​ခဲ့​သ​မျှ​တွေ​ကတော့ “ကျွန်တော် လတ်​တ​လော​မှာ​တော့ ကျွန်တော့်​ရဲ့​စူ​ပါ​စ​တား MTV ထွက်​ရှိ​ဖို့​ပြင်ဆင်​နေ​ပါ​ပြီ။ နောက်​ပြီး မှော်​ကျောက်စာ ရုပ်​ရှင်​ဇာတ်​ကား​ကြီး ရိုက်​နေ​ပါ​တယ်။ စူ​ပါ​စ​တားMTV ကို​အောက်တိုဘာ​လ ဒါ​မှ​မဟုတ် ဒီ​နှစ်​မ​ကုန်​ခင်​လောက်​တော့ အမြန်​ဆုံး ထွက်​နိုင်​အောင် ကြိုးစား​နေ​ပါ​တယ်။ မှော်​ကျောက်စာ ရုပ်​ရှင်​ကား​ကြီး​မှာ​တော့ ကျွန်တော်​က ဇာတ်​ပို့​ပါ။ ကျွန်တော့်​ကို ဇာတ်​ပို့​တစ်​ယောက် လုပ်​ပေး​ဖို့ လာ​ကမ်းလှမ်း တယ်​လို့​ထင်​ပါ​တယ်။ ကျွန်တော် ကိုယ်တိုင် အကောင်း​ဆုံး​ပြင်ဆင်​ပြီး​တော့ အလုပ်​ကို အလုပ်​နဲ့​တူ​အောင် အချိန်​မှန်⁠မှန်​လုပ်​နေ​တယ်။ ပြီး​တော့ ရိုက်​ပြ​ချင်​တဲ့​ကား​တွေ​ပြန်လည် ရိုက်​ပြ​ခွင့်​ရ​မယ်​လို့ ထင်​ပါ​တယ်။ဘာ​ဖြစ်​လို့ ဇာတ်​ပို့​ဖြစ်​သွား …

Read more 0 Comments