“Call Me Maybe” ဆို​တဲ့ သီချင်း​နဲ့ အောင်မြင်​လာ​ခဲ့​တဲ့ အဆိုတော်​မ​လေး Carly Rae Jepsen ဟာ လက်​ရှိ​မှာ “I Really Like You” ဆို​တဲ့ သီချင်း​ဗီ​ဒီ​ယို ထွက်​ရှိ​ထား​ပြီး အောင်မြင်​မှု​ကို ပြန်လည် ဆောင်ကြဉ်း​နိုင်​ခဲ့​ပါ​တယ်။

ထို သီချင်း​ဗီ​ဒီ​ယို​ထဲ​မှာ​တော့ ထူးခြား​ချက်​အဖြစ် ဟော​လီး​ဝုဒ်​မင်းသား​ကြီး Tom Hank နဲ့ Carly Rae Jepsen ရဲ့ သူငယ်ချင်း​ဖြစ်​တဲ့ Justin Bieber တို့​က ပါဝင်​သရုပ်ဆောင်​ပေး​ထား​တယ်​လို့ သိ​ရ​ပါ​တယ်။

ထို​သီချင်း ဗီ​ဒီ​ယို​ထဲ​မှာ​တော့ Tom Hank ဟာ မနက်​ကတည်းက ည​အထိ န​ယူး​ယော့ခ်​မြို့တော်​က လမ်း​တွေ ပေါ် လျှောက်​နေ​ရင်း​နဲ့ Carly Rae Jepsen နဲ့ ဆုံ​တွေ့​ခဲ့​တဲ့ ဗီ​ဒီ​ယို​ပဲ​ဖြစ်​ပါ​တယ်။

အခု​လို Tom Hank နဲ့ Carly Rae Jepsen ရဲ့​မြူး​ဇစ်​ဗီ​ဒီ​ယို​မှာ ပါဝင်​ဖြစ်​ခဲ့​ပုံ​ကတော့ Justin Bieber ရဲ့ မန်နေဂျာ​ဖြစ်​တဲ့ Scoot Braunရဲ့ မင်္ဂလာဆောင်​ပွဲ မှာ​ဖြစ်​ပြီး Scoot က Tom Hank ကို Carly Rae Jepsen ရဲ့ ဗီ​ဒီ​ယို ဇာတ်​ညွှန်း​အကြောင်း​ကို ပြော​ပြ​ခဲ့​ရာ​မှာ Tom Hank က ငါ​ဘာ​လို့ မ​လုပ်​နိုင်​ရ​မှာ​လဲ​လို့ ပြန်ပြော​ခဲ့​တယ်​လို့ သိ​ရ​ပါ​တယ်။

ထို​သီချင်း ဗီ​ဒီ​ယို ရိုက်​နေ​တဲ့ အချိန်​မှာ​လည်း Scooter က Carly Rae Jepsen ကို Tom Hank လုပ်​နိုင်​ပါ့​မ​လား လို့ အကြိမ်ကြိမ် ဖုန်း​ဆက်​မေး​ခဲ့​တယ်​လို့ သိ​ရ​ပါ​တယ်။

Credit to Trend Myanmar