ချစ်စရာ​မျက်နှာ​ပေး​နဲ့ ဆယ်ကျော်​သက်​တွေ​ရဲ့ အားပေး​မှု​ကို ရ​ရှိ​ထား​တဲ့ Selena Gomez ဟာ V မဂ္ဂဇင်း​ကာ​ဗာ​အတွက် အပေါ်​ဗလာ​ကျင်း​ပြီး ဓာတ်​ပုံ​အရိုက်​ခံ​ခဲ့​ပါ​တယ်။ ဂျင်း​ဘောင်းဘီ​အတို​လေး ဝတ်ဆင်​ပြီး ဆွဲ​ဆောင်​မှု​ရှိ​ရှိ ဓာတ်​ပုံ​အရိုက်​ခံ​ခဲ့​တဲ့ Selena Gomez က မဂ္ဂဇင်း​အတွက် အင်တာဗျူး​မှာ ပါ⁠ပါ​ရာ​ဇီ​တွေ​အကြောင်း ခု​လို ပြော​ကြား​ခဲ့​ပါ​တယ်။ “ပါ⁠ပါ​ရာ​ဇီ​တွေ​ကြောင့် ကျွန်မ​အချိန်​အတော်​ကြာ စိ်တ်​အနှောင့်​အယှက် ဖြစ်​ခဲ့​ရ​တယ်။ ရူး​မတတ်​ပါ​ပဲ။ ပါး​စပ်​ပိတ်​ပြီး​နေ⁠နေ​ရ​ပေ​မယ့် လူ​က​လည်း တ​အား​စိတ်​ဓာတ်​တွေ​ကျနေ​ခဲ့​ရ​တဲ့​အထိ​ပါ။ ဒါ​ပေ​မယ့် အခု​တော့ အဆင်​ပြေ​လာ​ပါ​ပြီ”လို့ သူမ​က ပြော​ပါ​တယ်။

နောက်ထပ်​အားလုံး​သိ​ချင်​နေ​ကြ​တဲ့ သူမ​နဲ့ Justin Bieber အကြောင်း​ကို​လည်း ”သူ​နဲ့​တုန်း​က တော်တော်​လေး လေ့​လာ​သင်​ယူ​စရာ အတွေ့​အကြုံ​တွေ ရ​ခဲ့​ပါ​တယ်။ အဲ့​ဒီ​အရွယ်​တုန်း​က ကျွန်မ​အသက်​က​လည်း ၁​၈​နှစ်​ဆို​တော့ ငယ်​က​လည်း​ငယ်၊ သိ​သ​မျှ၊ ကြုံ​သ​မျှ​အရာ​အားလုံး​က မ​တူ​ကွဲပြား​နေ​တာ​ချည်း​ပဲ​လေ။ ပြီး​တော့ သူ့​ဆီ​မှာ ကိုယ်​ပဲ​ရှိ​နေ​သ​လို၊ ကိုယ့်​ဆီ​မှာ သူ​ပဲ​ရှိ​နေ​သ​လို​မျိုး ခံစား​ချက်​မျိုး​တွေ​လည်း အဲ့​ဒီ​တုန်း​က နှစ်​ယောက်​စလုံး​မှာ​ရှိ​ခဲ့​တာ။ ဆိုလို​တာ​ကတော့ ဒီ​နည်း​နဲ့​အားလုံး​ကို ဆန့်ကျင်​ပြီး​ရင်ဆိုင်​ရဲ​တယ်​ဆို​ပြီး​တော့​ပေါ့။ နည်း⁠နည်း​တော့ အူ​ကြောင်ကြောင်​နိုင်​ခဲ့​ကြ​တယ်”လို့ သူမ​က ဖွင့်​ဟ သွား​ပါ​တယ်။

Credit to Trend Myanmar