ထင်​ရှားကျော်​ကြား​တဲ့ ဗြိ​တိန် ရူပဗေဒ​ပညာ​ရှင် Stephan Hawking က One Direction အဖွဲ့​ရဲ့ ကြယ်ပွင့် Zayn Malik အဖွဲ့​က ထွက်​ခွာ​သွား​ရ​ခြင်း​နဲ့ ပတ်သက်​ပြီး သူ့​ရဲ့ အတွေး​အခေါ်​တွေ​ကို ဝေမျှ ခဲ့​ပါ​တယ်။ သူ့​ထင်မြင်​ချက်​ကတော့ ပရိသတ်​တွေ​အတွက် ကောင်း​သ​တင်း​ဖြစ်​ခဲ့​ပါ​တယ်။

Stephan Hawking ဟာ Cambridge တက္ကသိုလ် မှာ ရှိ​နေ​စဉ် ပရိသတ်​တွေ​ကို ဂြိုလ်​တု​က တစ်​ဆင့် သိ​လို​သည်​များ​ကို မေး​စေ​ပြီး 3D hologram က​နေ တစ်​ဆင့် ပြန်လည်​ဖြေ​ဆို​ပေး​ခဲ့​ပါ​တယ်။ သူ​အဓိက ဖြေ​ရှင်း​ပေး​ခဲ့​တဲ့ ဘာသာ​ရပ်​ကတော့ လူ​သား​ဆန်​ခြင်​ရဲ့ အနာဂတ်​ကဲ့သို့​သော ဘာသာ​ရပ်​ပဲ​ဖြစ်​ပါ​တယ်။

အဲ​ဒီ​အခါ​မှာ မေးမြန်း​သူ​တစ်​ဦး​က Zayn Malik ရဲ့ One Direction အဖွဲ့​ကို စွန့်ခွာ​သွား​ခြင်း​ရဲ့ စကြာ​ဝ​ဠာ ဗေဒ​ဆိုင်​ရာ သက်ရောက်​မှု နဲ့ တစ်​ကမ္ဘာ​လုံး​မှာ​ရှိ​တဲ့ မိန်း​ကလေး​ပေါင်း​မြောင်​များ​စွာ ရဲ့ အသည်း​ကို ခွဲ​သွား​တဲ့​အပေါ် ထင်မြင်​ချက်​ကို ဖြေ​ကြား​ပေး​ဖို့ မေးမြန်း​ခဲ့​ပါ​တယ်။

ဒီ​မေးခွန်း​ကို Stephan Hawking က အသည်း​ကွဲ​နေ​တဲ့ မိန်း​ကလေး​ငယ်​တွေ​အနေ​နဲ့ သီ​အို​ရီ​ဆိုင်​ရာ ရူပဗေဒ ကို လေ့​လာ​စေ​ချင်​တယ်​လို့ ဆို​ပါ​တယ်။ ဘာ​ကြောင့်​လည်း​ဆို​တော့ တစ်​နေ့​မှာ စကြာ​ဝ​ဠာ ပေါင်း​မြောက်​များ​စွာ တည်​ရှိ​နေ​တယ်​ဆို​တာ​ကို သက်သေပြ​နိုင်​တဲ့​အခါ ထို အခြား​စကြာ​ဝ​ဠာ​တွေ​ဟာ​လည်း ကျွန်ုပ်​တို့​ရဲ့ စကြာ​ဝ​ဠာ​နဲ့ ကွဲပြား​နေ​မှာ မဟုတ်​ပဲ တူညီ​နေ​လိမ့်​မယ်​လို့ ဆို​ပါ​တယ်။ အဲ​ဒီ အခြား​စကြာ​ဝ​ဠာ​မှာ​တော့ Zayn ဟာ One Direction အဖွဲ့​မှာ ရှိ​နေ​နိုင်​ပါ​သေး​တယ် လို့ Stephan Hawking က ပြန်လည် ဖြေ​ဆို​ခဲ့​ပါ​တယ်။

ဒါ့​အပြင် အရေးကြီး​တဲ့ အမှာ​စကား​အဖြစ် လူ​သား​တွေ​ရဲ့ ကမ္ဘာ​ကြီးပေါ်​က နေ့​ရက်​တွေ​ဟာ သတ်​မှတ်ချက် ရှိ​နေ​ပြီး အခြား ပြောင်းရွှေ့​စရာ ဂြိုလ်​တစ်​ခု​ကို ရှာ​တွေ့​ပါ​မှ လူ​သား​တွေ​ဟာ ဆက်လက် ရှင်​သန်​နိုင်​လိမ့်​မယ် လို့​လည်း ဆို​သွား​ပါ​တယ်။

Ref:starpulse
Credit to Trend Myanmar